စင်းလုံးငှားယာဉ်လိုင်းတွေ ယာယီရပ်တန့်ပြီး စည်းမျဉ်းစည်းကမ်းနဲ့ ပြန်လည် ပြေးဆွဲခွင့်ပြုမည်

ရန်ကုန်၊ ဒီဇင်ဘာ ၄- ရန်ကုန်တိုင်းဒေသကြီး အတွင်းက ခရီးသွားပြည်သူတွေအတွက် စင်းလုံးငှားယာဉ်လိုင်းတွေကို ယာယီရပ် တန့်ပြီး စည်းမျဉ်းစည်းကမ်းရေးဆွဲပြီး စနစ်တကျပြန်လည်ပြေးဆွဲဖို့ စီစဉ်နေတယ် လို့ ရန်ကုန်တိုင်း လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဒေါ်နီလာကျော် က ပြောပါတယ်။

သူက သူတို့ပြေးဆွဲနေတဲ့ ပုံစံအတိုင်း ကျွန်မတို့ရဲ့ ဝိုင်ဘီအက်စ်ယာဉ်လိုင်းများ ပြေးဆွဲသကဲ့သို့ ပြေးဆွဲနတယ်၊သူတို့ရဲ့ မှတ်ပုံတင်ထားရှိမှုတွေက တက္ကစီမှတ်ပုံ တင်တွေ ဖြစ်နေတဲ့အတွက် လုပ်ထုံးလုပ် နည်းအရ ညီညွှတ်မှုမရှိတဲ့အတွက် ကျွန်မ တို့အနေနဲ့ ယာယီမှာရပ်တန့်ပြီးတော့ လုပ် ထုံးလုပ်နည်းတွေအရ ညီညွှတ်အောင် စည်းမျဉ်းစည်းကမ်းတွေရေးဆွဲနေတယ်လို့ ပြောပါတယ်။

သည်နေ့ကျင်းပတဲ့ ရန်ကုန်တိုင်း လွှတ်တော်အစည်းအဝေးမှာ  ပန်းဘဲတန်းမြို့ နယ်၊မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားပြည်သူများအတွက် သယ်ယူပို့ဆောင်ရေး ကဏ္ဍ တွင် တစ်စိတ်တစ်ပိုင်းအဆင်ပြေချောမွေ့ နေသည့် စင်းလုံးငှားယာဉ်လိုင်းများကို တ ရားဝင်စီစဉ်ဆောင်ရွက်ပေးရန် အစီ အစဉ်ရှိ၊ မရှိသိလိုကြောင်း မေးမြန်း မှုကို ပြန်လည်ဖြေကြားတာပါ။

ရန်ကုန် တိုင်း ဒေသကြီးအတွင်း ပြေးဆွဲနေတဲ့ တက္ကစီယာဉ် ၆၇,ဝ၀ဝ ကျော်ရှိပြီး အများစုက ပုဂ္ဂလိကပိုင် တွေဖြစ်ပါ တယ်။ ကုမဏီပိုင်တက္ကစီယာဉ်က အနည်းစု သာပါဝင်ပါတယ်။ လက်ရှိဆူးလေ မြို့တော်ခန်းမရှေ့ကနေ အောင်မင်္ဂလာကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေဟာ စီးနင်းသူတွေအတွက် ပြေလည်နေတယ်လို့ သိ ရ ပါတယ်။ ဆူးလေကနေ အောင်မင်္ဂလာ အဝေးပြေးကွင်းကို ဝိုင်ဘီအက်စ် ယာဉ် လိုင်းတွေပြေးဆွဲပေးနေပေမဲ့ စီးသူတွေ များလို့နေရာမရတာ၊ စီးနင်းချိန်ကြာ တာတွေကြောင့် ရပ်ဝေးပြန်မယ့် သူတွေက သည်လိုကားတွေကို အများဆုံးအသုံး ပြုနေရတယ်လို့ ဆိုပါတယ်။

မြို့တွင်းကနေ တက္ကစီနဲ့သွားရင် အောင်မင်္ဂလာအဝေး ပြေးကွင်းကို ကျပ် ၇၀ဝ၀ ဝန်းကျင်ခန့်ကုန်ကျ စရိတ်ရှိနေပါတယ်။သည်ယာဉ်လိုင်းတွေကတစ်ဦးကို ကျပ် ၁၀ဝ၀ နှုန်းသာပေးရ တာ ကြောင့် အဆင်ပြေတယ်လို့ စီးနင်းဖူးသူ အချို့က ပြော ပါတယ်။

သည်ကားတွေကို အမြဲစီးနေတဲ့ မယမင်းက “တက္ကစီငှားရင်လဲ လမ်းကျပ်လို့ငွေပိုတောင်းတာနဲ့ မလိုက်ချင်တာနဲ့ အမြဲကြုံရတယ်၊ ခရီးကလဲဝေးတော့ တစ် ယောက်တည်း ပြန်ရတဲ့အခါ မျိုးဆိုရင် သည်လိုင်းတွေက အဆင်ပြေတယ် စိတ်ချရတယ်လေ၊ ချောင်တဲ့လမ်း တွေကလဲ မောင်းပေးတယ်˘”လို့ ပြောပါတယ်။

 

Author / အေးအေးအောင်