နိုင်ငံတကာမှာလည်း သည်လိုခွေးလေးတွေနဲ့ ပတ်သက်တဲ့ဆိုင်တွေရှိတာကြောင့် မြန်မာနိုင်ငံမှာလည်း ဖွင့်ဖြစ်ခဲ့တာပါ JB Pet Center Myanmar က တာဝန်ရှိသူ ကိုထက်မြတ်အောင်နှင့် တွေ့ဆုံမေးမြန်းခြင်း

ရန်ကုန်၊ နိုဝင်ဘာ ၁၂ – အခုနောက်ပိုင်းမှာ ခွေးလေးတွေနဲ့ပတ်သက်တဲ့ ကော်ဖီဆိုင်တွေ၊ ဟိုတယ်တွေနဲ့ spa တွေကို နိုင်ငံတကာမှာ ဖွင့်ကြသလို မြန်မာနိုင်ငံမှာလည်း သည်လိုဆိုင်တွေ ရှိပါတယ်။ သည်လိုခွေးလေးတွေနဲ့ ဆိုင်တွေအပြင် ကြောင်၊ သိုးစတဲ့ ဆိုင်လေးတွေလည်း ရှိပါတယ်။

သည်လို doggie cafe ဆိုင်တွေမှာ အ စားအသောက်တွေရနိုင်တဲ့အပြင် ခွေးလေးတွေနဲ့ ဆော့နိုင်တာတွေအပြင် ခွေးလေးတွေ အချင်းချင်းသားဖောက်နိုင်တာတွေကို ပြုလုပ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ သည်လိုခွေးလေးတွေနဲ့ပတ်သက်တဲ့ ဆိုင်ကို မြန်မာနိုင်ငံမှာ ဖွင့်ဖြစ်တဲ့ အကြောင်းကတော့ နိုင်ငံတကာမှာလည်း သည်လိုဆိုင်တွေရှိတာဖြစ်ပြီး ခွေးချစ်ပြီး မမွေးနိုင်တဲ့သူတွေ လာရောက်ပြီး ဆော့ကစားလို့ရအောင် ဖွင့်လှစ်ပေးထားတာဖြစ်တယ်လို့ သိရပါတယ်။

သည်လို ခွေးလေးတွေနဲ့ ဆော့ကစားနိုင်ဖို့ကို တစ်ယောက်ကို ကျပ် ၁၀,ဝ၀ဝ လောက် ကျသင့်မှာဖြစ်ပြီး ခြေအိတ်နဲ့ဝင်ပြီး ကစားရ မှာဖြစ်တယ်လို့ သိရပါတယ်။ သားဖောက်တာတွေကို ပြုလုပ်မယ်ဆိုရင်တော့ အကောင်အကြီးအသေး ပေါ်မူတည်ပြီး ဈေးနှုန်းပြောင်း သွားနိုင်တယ်လို့ သိရပါတယ်။ သည်ခွေးတွေကိုတော့ ယိုးဒယားဘက်ကနေ တရားဝင်တင်သွင်းတာ ဖြစ်တယ်လို့ သိရပါတယ်။ JB Pet Center Myanmar က ကိုထက်မြတ်အောင်ကို တွေ့ဆုံမေးမြန်းထားပါတယ်။

ကုမုဒြာ။ ။ လက်ရှိလုပ်ကိုင်နေတဲ့ အလုပ်အကိုင်လေး ပြောပါဦး။

ကိုထက်မြတ်အောင်။ ။ အစ်ကိုကတော့ သည် JB Pet Shop ကို ၂၀၁၃ လောက်က တည်းက စပြီးဖွင့်ခဲ့တာပါ။ အဓိကကတော့ အိမ်မွေးတိရစ္ဆာန်ထဲမှာ ခွေးတစ်မျိုးတည်းကို အဓိကရောင်းပါတယ်။ ပြီးတော့ ခွေးလေးတွေနဲ့ ပတ်သက်တဲ့ လိုအပ်တာတွေ လုပ်ပေးပါတယ်။

ကုမုဒြာ။ ။ ခွေးတွေနဲ့ပတ်သက်ပြီးတော့ရော

ရောင်းချတာတွေအပြင် တခြားဘာတွေ ထပ်ရှိသေးလဲရှင့်။

ကိုထက်မြတ်အောင်။ ။ အဓိကလုပ်တာကတော့ အရောင်းပိုင်းကိုတော့ အဓိကလုပ်တာ ပေါ့။ သည်နှစ် ၂၀၁၇ ၊ ခုနစ်လပိုင်းလောက်က နေစပြီးတော့ doggie caf e ကို စပြီး လုပ်ကိုင်ခဲ့ ပါတယ်။ အသစ်တစ်ခုအနေနဲ့ပေါ့ စလုပ်ခဲ့ပါတယ်။ သည် doggie cafe မှာဆိုရင်တော့ စစ ဖွင့်တုန်းကတော့ ကိတ်မုန့်ကို အစ်ကိုတို့ တွဲထားပေးတယ်။ မိုးရာသီနောက်ပိုင်း လူနည်း နည်းပါးသွားတော့ အစ်ကိုတို့ ကိတ်တစ်မျိုးကို လျှော့ပြီး အအေးကိုတော့ တိုက်ပါတယ်။ ဆိုင် ကိုတော့ စနေ၊ တနင်္ဂနွေလို ပိတ်ရက်တွေမှာ ဖွင့်ပါတယ်။ ပိတ်ရက်တွေ များတယ်ဆိုရင်လည်း အဲသည်ပိတ်ရက်တွေကို ဖွင့်ပေးဖြစ်ပါတယ်။ ၃းဝ၀ နာရီကနေ ၄း၃၀နာရီအထိ ဖွင့်ပါတယ်။ ၄းဝ၀နာရီနောက်ပိုင်းတော့ ခွေးတွေကို ညစာ ကျွေးဖို့ စီစဉ်ရတယ်ဆိုတော့ ၄း၃၀နာရီဆိုရင် တော့ ပိတ်ပါတယ်။

ကုမုဒြာ။ ။ ညီမတို့ပေ့ခ်ျမှာ တွေ့ရသလို ကဖေးအပြင်ကို

ဟိုတယ်တွေဘာတွေလည်း တွေ့ရတယ်။ အဲသည်အကြောင်းလေးကို ပြောပေးပါဦး။

ကိုထက်မြတ်အောင်။ ။ ရှိပါတယ်။ အဲဒါကကျတော့ အစ်ကိုတို့  ဖောက်သည်တွေပဲ လက်ခံပေးတာများတယ်။ ရင်းနှီးတဲ့ သူတွေကို လုပ်ပေးတယ်။ ခရီးတွေဘာတွေ သွားမယ်ဆိုရင် အစ်ကို့ဆီမှာ လာထားလို့ရတယ်။ ဈေးနှုန်းကတော့ အကောင်အသေးကနေ အကောင်အကြီး ဈေးနှစ်မျိုးနဲ့ ခွဲပြီး လက်ခံပေးပါတယ်။

ကုမုဒြာ။ ။ သည်လို ခွေးတွေနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေကို မြန်မာနိုင်ငံမှာ

ပထမဆုံးလုပ် ကိုင်တာလို့လည်း သိရတယ်။ အဲသည်လို လုပ်ဖြစ်တဲ့အကြောင်းကို ပြောပြပေးပါဦး။

ကိုထက်မြတ်အောင်။ ။ အစ်ကို သည်လိုလုပ်ငန်းကို စတင်လုပ်ကိုင်ဖြစ်တာကတော့ အစ်ကိုက ယိုးဒယားဘက်ကို  သွားဖြစ်တယ်။ အဲသည်မှာကျတော့ doggie cafe ဆိုပြီး နှစ်ခုသုံးခုရှိတယ်။ အဲဒါကို အစ်ကိုတို့ ကိုယ်တိုင်လည်း လေ့လာတယ်။ လေ့လာပြီးတော့ အဓိက အကြောင်းရင်းကတော့ ကိုယ်တိုင်ကလည်း ခွေးချစ်တော့ မွေးထားတာများလာပြီးတော့ သည် လိုခွေးလေးတွေကို ချစ်ပြီးတော့ မမွေးနိုင်တဲ့ သူတွေနဲ့ အထိအတွေ့ရှိအောင် ဆော့နိုင် အောင်ဆိုပြီး တော့ ဖွင့်ဖြစ်ခဲ့တာပါ။ နောက် တစ်ခုကတော့ ကိုယ့်ခွေးလေးတွေလည်း ပျော် ပျော်ပါးပါး လူတွေနဲ့ ရင်းနှီးအောင် ရည်ရွယ်ပြီးတော့ သည်လိုခွေးလေးတွေနဲ့ ပတ်သက်တာတွေကို လုပ်ကိုင်ခဲ့တာပါ။

ကုမုဒြာ။ ။ ဆိုင်ကရော သည်တစ်ဆိုင်တည်းပဲလား။

နောက်ထပ်ဖွင့်ဖို့ အစီအစဉ်ရောရှိလား။

ကိုထက်မြတ်အောင်။ ။ နောက်ထပ်ဖွင့်ဖို့တော့ လောလောဆယ်မှာ အစီအစဉ်ကတော့ မရှိသေးဘူး။ အရောင်းဆိုင်ကိုတော့ မန္တလေးမှာ ဖွင်ဖို့တော့  အစီအစဉ်ရှိတယ်။ နည်းနည်းတော့ ကြာဦးမယ်။ ရန်ကုန်က အခု doggie cafe ကိုပဲ အဓိကစိတ်ထည့်ပြီး လုပ်နေတယ်။

ကုမုဒြာ။ ။ ခွေးတွေကို သားဖောက်ပေးတာတွေ ဘာတွေရောရှိလားရှင့်။

ကိုထက်မြတ်အောင်။ ။ အဲသည်လိုကတော့ လုပ်ပေးပါတယ်။ အစ်ကို သည်မှာရှိတဲ့ ချန် ပီယံကောင်တွေနဲ့ အမရှိတဲ့သူတွေလာပြီး သား ဖောက်လို့ရပါတယ်။ ဈေးနှုန်းကတော့ အ ကောင်လှတဲ့အပေါ် မူတည်ပြီးတော့ အမျိုးမျိုး ရှိပါတယ်။

ကုမုဒြာ။ ။ သူတို့တွေရဲ့ သန့်ရှင်းရေးပိုင်းနဲ့ လာရောက်တဲ့သူတွေရဲ့

ကျန်းမာရေးအပိုင်းတွေကျတော့ရော ဘယ်လိုတွေ လုပ်ကိုင်ပေးလဲရှင့်။

ကိုထက်မြတ်အောင်။ ။ အစ်ကိုတို့ သန့်ရှင်းရေးပိုင်းကျတော့ အလှည့်နဲ့ သွားပါတယ်။ တစ်ရက်ကို ငါးကောင်ပေါ့။ တနင်္လာနေ့ကနေ သောကြာ နေ့ပေါ့။ စနေ၊ တနင်္ဂနွေဆိုရင်တော့ ညစ်ပတ် သွားတဲ့ကောင်တွေကိုပဲ သန့်ရှင်းရေးလုပ်ပေးပါ တယ်။ အဓိကကတော့ အကောင်အားလုံးကို တစ်ပတ်တစ်ခါတော့ ရေမိုးချိုးသန့်ရှင်းရေး လုပ်ပေးပါတယ်။ အရမ်းအများကြီး လုပ်တယ် ဆိုရင်လည်း နေမကောင်းဖြစ်တတ်တယ်လေ။ အဲဒါကြောင့်ပါ။ ကလေးအရမ်းငယ်တာတွေ၊ ဘာတွေဆိုရင်တော့ အထဲကို ပေးမဝင်ပါဘူး။ ကလေးတွေကျတော့ ခြစ်မိခိုက်မိမှာ ကြောက်ရတယ်လေ။ ခွေးသဘောအရတော့ သူတို့တွေနဲ့ အရပ်တန်းတူရှိတယ်ဆိုရင် ချီသွားတတ်တယ်။ အဲဒါကြောင့် ဝင်ချင်တယ်ဆိုရင် လည်း ကလေးမိဘကိုပါ ဝင်ခိုင်းပါတယ်။

ကုမုဒြာ။ ။ အစ်ကို  အခုလုပ်နေတဲ့ လုပ်ငန်းနဲ့ ပတ်သက်ပြီး

ဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါဦး။

ကိုထက်မြတ်အောင်။ ။ အဓိက ပြောချင်တာ လောလောဆယ်ဖြစ်နေတာကတော့ တိရစ္ဆာန် ဆရာဝန် လိုအပ်ချက်တွေရှိနေပါတယ်။ တကယ်တမ်းဖြစ်လာမယ်ဆိုရင် ဘယ်သူ့ကို ခေါ် ကုလို့ကုရမှန်း မသိဘူး။ အဲဒါကြောင့် ကိုယ် တိုင်လည်း နောက်ပိုင်းမှာ လိုက်လေ့လာနေရတယ်။ အစ်ကိုတို့ဘက်ကတော့ အတတ်နိုင်ဆုံး  အဆင်ပြေအောင် လုပ်နေပါတယ်။ ကျန်းမာရေး ဘက်တွေရော အစစအရာရာ အဆင်ပြေ အောင် လုပ်ပေးပါတယ်။ လိုအပ်တာတွေ ရှိတယ်ဆိုရင်လည်း အစ်ကို့ကို ဖုန်းဆက်ပြီး မေး မြန်းနိုင်ပါတယ်။

ကုမုဒြာ။ ။ ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

 

Author / လိမ္မာ