“ဝါကျွတ်ကာလအတွက် တစ်ခါမှ မလုပ်ဖူးတဲ့ ဒီဇိုင်းလေးလုပ်ထားပါတယ်” ဒီဇိုင်နာ မျိုးမင်းစိုးနှင့် တွေ့ဆုံမေးမြန်းခြင်း

မန္တလေး၊ အောက်တိုဘာ ၁ – ချစ်ကြိုးတွေသွယ် ကာ ရစ်ကြမယ့် ချစ်သူစုံတွဲတွေဟာ ဝါ ကျွတ်ကာ လရောက်ပြီဆိုရင် မင်္ဂလာဧည့်ခံပွဲ ကျင်းပကြ တော့မှာပါ။ မင်္ဂလာဧည့်ခံပွဲ ကျင်းပချိန်မှာ ပွဲရှင်ဖြစ်တဲ့ မင်္ဂလာသတို့ သမီးဟာ အလှပဆုံး၊ အတောက်ပဆုံး ဖြစ်ဖို့ လိုပါတယ်။ အဲသည်အတွက် အရေးကြီးဆုံးကတော့ မင်္ဂလာဝတ်စုံပါ ပဲ။ မင်္ဂလာဝတ်စုံ ဒီဇိုင်းတွေကို တီထွင်ဖန်တီးနေသလို အဲသည်ဝတ်စုံတွေ ဖန်တီးချုပ် လုပ် ရာမှာ အောင်မြင်တဲ့ နိုင်ငံကျော်ဒီဇိုင် နာ မျိုး မင်းစိုးနဲ့ တွေ့ဆုံမေးမြန်းထားပါ တယ်။ အချို့ကို ကောက်နုတ်ဖော်ပြပါ တယ်။

ကုမုဒြာ ။ ။ ဝါကျွတ်ကာလအတွက် ဘယ် လို အရောင်လေးတွေ ဆန်းသစ်ဖန်တီးထားပါသလဲ။

ဒီဇိုင်နာမျိုးမင်းစိုး ။ ။ ပတ်ဝန်းကျင်မှာရှိတဲ့ natural (သဘာဝဆန်တဲ့) အရောင်လေးတွေကို မင်္ဂလာအရောင်လေးတွေနဲ့ တွဲစပ်ပြီး ဖန်တီးဖြစ်တယ်။ နုနုဖတ်ဖတ်လေးတွေကို မင်္ဂလာအရောင်လေးတွေ ထည့်ထားတာပေါ့။

ကုမုဒြာ ။ ။ မင်္ဂလာဝတ်စုံတွေကို တစ်နှစ် တစ်ခါ ဖန်တီးနေတော့ ဝါကျွတ်အတွက်ကိုရော ဘယ်လိုတီထွင်ဖြစ်ပါသလဲ။

ဒီဇိုင်နာမျိုးမင်းစိုး ။ ။ ရင်ခံပိုင်းကို နည်း နည်း လေးထွင်ထားတယ်။ ဘိုဆန်ဆန် လေးနဲ့ နှစ် ပိုင်းခွဲရတဲ့ ပုံစံမျိုးလေးလုပ် ထားတယ်။ မတူပါဘူး။ အဲသည်ဖန်တီးမှု က အစ်ကို တစ်ခါမှ မ လုပ်ဖူးသေးဘူး။ (ထိုင်မသိမ်း) က အဖြူပေါ်မှာ အဝါထိုး ထားတယ်ဆိုရင် ရင်ခံကို အဝါလုပ်ပစ်လိုက်တယ်။ အရင်က ထိုင်မသိမ်းဆိုရင် အပေါ်နဲ့ အောက် ဝမ်းဆက်တွေများတယ်။ အခုကျ တော့ အစ်ကို အပေါ်နဲ့ အောက် နှစ်ပိုင်းခွဲပစ်လိုက်တာ။ အဲသည်သဘော ပါပဲ။ Pattern ကို ကျတော့ အရင်တုန်းက cutting မဟုတ်တော့ ဘဲ ဘော်လီ Pattern ကို တစ်ခုနဲ့တစ်ခု ပြောင်းထားတယ်။ အဲသည်မှာ sequence (စီးကွင့်) ကို အ သေးစိတ်လေးဖန်တီးထားပါတယ်။ ရေ သီ နားတွေ၊ ပဝါတွေကလည်း တစ်ခါမှ မလုပ် ဖူးတဲ့ ဒီဇိုင်းလေးလုပ်ထားပါတယ်။

ကုမုဒြာ ။ ။ မင်္ဂလာသတို့သမီး ဝတ်စုံကရော ဘယ်လိုအမျိုးအစား (ကြိုးကြီးချိတ် ဒါမှမဟုတ် စီးကွင့်) ကို ချုပ်ဖြစ်ပါသလဲ။

ဒီဇိုင်နာမျိုးမင်းစိုး ။ ။ စီးကွင့်ပဲ လုပ်ဖြစ်တာများ တယ်။ ချိတ်ဆိုတာက ပွဲဝင်လာတဲ့သူနဲ့ သွားတူနိုင်တယ်လေ။ အခု ကိုယ့်ဆီရောက်လာပြီ ဆိုရင် ဒီဇိုင်နာစိတ်ကြိုက် ဖန်တီးတဲ့ ဝတ်စုံကိုပဲ လိုချင်တာဆိုတော့ အစ်ကိုတို့ကျတော့ စီးကွင့် ထိုးတာကိုပဲ။ ဘာလို့လဲဆိုတော့ ပွဲထဲမှာကျ တော့ ထင် ပေါ်မှုက စီးကွင့်ပဲဖြစ်တာများတယ်။ ဒါပေမဲ့ မန္တလေးက ချိတ်ကိုလည်း ကြိုက်ကြ တယ်။ ချိတ်ကြိုက်တဲ့လူတွေကျတော့လည်း စီးကွင့်ပြန်ထိုးတယ်။ သည်တိုင်း တော့ မဝတ်ဖူးပေါ့။

ကုမုဒြာ ။ ။ ဘာများဖြည့်စွက်ပြောချင်ပါသေးလဲ။

ဒီဇိုင်နာမျိုးမင်းစိုး ။ ။ မင်္ဂလာဝတ်စုံဆိုတာကို တော်တော်များများက လုပ်ချင်သလို လုပ်ကြ တယ်။ ရေသီနားတပ်လိုက်တာနဲ့ မင်္ဂလာဝတ်စုံပေါ့။ အစ်ကိုတို့ဆိုရင် ရှေးတုန်းက အစဉ်အဆက်ရှိခဲ့တဲ့ သမားစဉ်ကိုပဲ ကာလာ (အရောင်) လေးတွေနဲ့ ရေသီနားက ဘယ်လိုရှိရတယ်။ ပုဝါရဲ့ အတိုင်း အတာက ဘယ်လိုရှိရတယ်ဆို တာကို အဲ သည် (method) နည်းလမ်းလေးတွေနဲ့ လုပ်တာပေါ့နော်။ ရင်ခံဆိုရင် ပိန်တဲ့သူ အတွက် ဘယ်လိုဆိုတာလေး အဓိကပြဖြစ် တာပေါ့။ တစ်သက်မှာတစ်ခါ ဝတ်ကြတဲ့ ဝတ် စုံဆိုတော့ ကိုယ်တို့ကြောင့် သူတို့ (မင်္ဂလာသ တို့သား၊ သတို့သမီး) ကို စိတ်အနှောင့်အယှက် မဖြစ်စေချင်ဘူး။ အစ်ကိုတို့လုပ်လိုက်တဲ့လုပ်ရပ်ကြောင့် သူတို့ကို ပျော်ရွှင်စေချင်တဲ့ဆန္ဒနဲ့ အမြဲတမ်း ထိုင်မသိမ်းဆိုရင် ထူးထူးခြားခြား လေးလုပ် ဖြစ် တာပေါ့။ မြန်မာကို သွေဖည်ပြီးတော့ လုပ်လို့ မရဘူးပေါ့။ တချို့တွေက အရမ်း ဟော့ဟော့ဒိုင်းဒိုင်းကြီး ဖြစ်သွားတော့ မန္တ လေးမျက်စိအမြင်ကျတော့ မကြိုက်ကြတာရှိပါ တယ်။ အစ်ကိုက လုံခြုံမှုကို ဦးစားပေးပြီးတော့ ကာလာပိုင်းကိုပဲ နိုင်ငံတကာဆန်လို့ ရတယ် ပေါ့။

ကုမုဒြာ ။ ။ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

 

Author / နန်းစု