မူလအရသာသန့်ရှင်းမှု လတ်ဆတ်မှုတွေနဲ့ပဲ ဈေးကွက်ထိန်းထားပါတယ် Bread Talk ပေါင်မုန့်ဆိုင်ရဲ့ တာဝန်ရှိသူ မဆုမြတ်နှင့် ဆက်သွယ်မေးမြန်းခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၁၀ - စင်ကာပူနိုင်ငံမှာ လူသိများပြီး နာမည်ကြီးပေါင်မုန့် ဘရန်းတစ်ခုဖြစ်တဲ့ Bread Talk ဟာ မြန်မာနိုင်ငံကို ၂၀၁၇ မှာ စတင် ဝင်ရောက်လာပါတယ်။ Juction square နဲ့ Juction city စတဲ့နေရာ တွေမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။

နာမည်ကြီးပေါင်မုန့်ဘရန်းတစ်ခုဖြစ်တဲ့ Bread Talk က ဆိုရင် လည်း ပစ္စည်းတွေရဲ့ကွာလတီကို ထိန်းပြီး ဈေးကွက်မှာ နေရာတစ်ခုအနေနဲ့ ရပ်တည်နေတယ်လို့ သိရပါတယ်။ သည် Bread Talk ဆိုင်တွေမှာဆိုရင် သန့်ရှင်းလတ်ဆတ်မှုတွေနဲ့  အများနဲ့မတူတဲ့အရသာတွေနဲ့ ဈေးကွက်ကို ထိန်းထားတာပါ။ Bread Talk ဆိုင် ရဲ့တာဝန်ရှိသူ မဆုမြတ်ကို ဆက်သွယ်မေးမြန်းပါတယ်။

မော်ဒန်။ ။ အရင်ဆုံး Bread Talk ရဲ့သမိုင်းကြောင်းကို သိချင်ပါတယ်ရှင့်။

မဆုမြတ်။ ။ စင်ကာပူနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၀ဝ၀ ပြည့်နှစ်မှ စတင်ဖွင့်လှစ်ရောင်းချခဲ့တဲ့ Bread Talk က အရသာကောင်းမွန်ပြည့်စုံပြီး လတ်ဆတ်တဲ့ပေါင်မုန့်၊ ကိတ်မုန်အမျိုးအစားများစွာရရှိနိုင်တာကြောင့် လူသိများထင်ရှားလာခဲ့တာပါ။ Bread Talk က စင်ကာပူ၊ တရုတ်၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံနဲ့ အ ရှေ့အ လယ်ပိုင်းဒေသ နိုင်ငံတွေမှာ ဆိုင်ခွဲပေါင်း ၈၀ဝ ကျော်ရှိတယ်။ မြန်မာနိုင်ငံကတော့ Bread Talk ဆိုင်ခွဲတွေထဲက နိုင်ငံတွေထဲမှာ ၁၇ နိုင်ငံမြောက်ပါ။ Bread Talk ဆိုတာက တော့ စင်ကာပူနိုင်ငံမှာ လူသိများ ကျော်ကြားပြီး နိုင်ငံတကာအသိအမှတ်ပြုအမှတ်တံဆိပ်တစ်ခုလည်း ဖြစ်တယ်။ အကောင်းဆုံး ဆုတံဆိပ်များစွာရရှိထားပါတယ်။ နိုင်ငံတကာ အောင်မြင်မှုတွေအနေနဲ့ကတော့ ၂၀၁၄ ခုနှစ်မှာ ပြင်သစ် World  Retail Award ၊ ၂၀၁၅ ခုနှစ် bread talk London-based World Branding Awards ပြိုင်ပွဲမှာ မုန့် ဖုတ်လုပ်ငန်းအမျိုးအစားအတွက် Brand of The Year Award တို့ကို ရရှိခဲ့တယ်။ ပြီးတော့ အခြားအောင် မြင်မှုတွေအနေနဲ့ကတော့ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်း ရှန်ဟိုင်းက Brand of The Year Award က ချီးမြှင့်တဲ့ World Brand Laboratory၊ စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ Five Star Diamond Brand Award က ချီးမြှင့်တဲ့ Influential Brands Awards အမျိုးအ စားတွေ Franchise And Bakeryဖစ် စားသုံး သူတွေက မဲပေးရွေးချယ်တာကို လည်းခံထားရတဲ့ ဘရန်းတစ်ခုဖြစ် ပါတယ်။

မော်ဒန်။ ။ Bread Talk လို့ပြော လိုက်တာနဲ့ ထူးခြားချက်က ဘာလို့ မြင်ကြလဲရှင့်။

မဆုမြတ်။ ။ ထူးခြားချက်ကတော့ သန့်ရှင်းလတ်ဆတ်မှု၊ အရသာရှိမှု၊ စဉ်ဆက်မပြတ် ဆန်းသစ်တီထွင်မှုတွေကိုအခြေခံပြီး စားသုံးသူများ စိတ်ကျေနပ်မှု ရှိစေရန် လုပ်ဆောင်ပေးနေသော ပေါင်မုန့်လုပ်ငန်းတစ်ခုလို့ မြင်ပါတယ်။

မော်ဒန်။ ။ Bread Talk ရဲ့အောင် မြင်နေတဲ့အဓိကအကြောင်းရင်းကကော။

မဆုမြတ်။ ။ သန့်ရှင်းလတ်ဆတ်မှု၊ ပေါင်းမုန့်ထုတ်လုပ်ရာမှာလည်း quality  control ကို အဓိကထား ပြုလုပ်ဆောင်ရွက်မှု၊ ဝန်ဆောင်မှုကောင်းမွန်မှုစတဲ့ အချက်တွေကြောင့် အောင်မြင်တယ်လို့ ယူဆရပါတယ်။

မော်ဒန်။ ။ အခုနောက်ပိုင်း သည်လို ပြည်ပနိုင်ငံက ဆိုင်တွေလည်း မြန်မာနိုင်ငံကို

အများအပြားဝင်လာတော့ Bread Talk အနေနဲ့ ဈေးကွက်ကို ဘယ်လိုထိန်းထားလဲ။

မဆုမြတ်။ ။ Bread Talk အနေနဲ့ကတော့ အခုသတ်မှတ်ထားတဲ့စံချိန်စံညွှန်းတွေအတိုင်းဆက်လက်ဆောင်ရွက်သွားမယ့်အပြင် စဉ်ဆက်မပြတ် တီထွင်ဖန်တီးမှုတွေလည်းရှိနေမှာပါ။ ပြီးတော့စားသုံးသူတွေရဲ့သည်ထက်မကစိတ်ကျေနပ်မှု ပေးစွမ်းနိုင်မယ်လို့ ယုံကြည်ပါတယ်။

မော်ဒန်။ ။ အပြိုင်အဆိုင်တွေလည်း အများကြီးရှိမှာပဲလေ။ ဈေးကွက်ထိုးဖောက်ဖို့ ဘယ်အချက်နဲ့အဓိကထားပြီး ယှဉ်ပြိုင်လဲ။

မဆုမြတ်။ ။ Bread Talk ပေါင်မုန့်တွေရဲ့သူမတူတဲ့အရသာ၊ သန့်ရှင်းလတ်ဆတ်မှု၊ ခေတ်မီဆန်းကျယ်မှု အစရှိတဲ့အချက်တွေကို အဓိကထားပြီး customer တွေကို သိရှိစေခဲ့ပြီး ဈေးကွက်ထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။

မော်ဒန်။ ။ အခုဆိုရင် ဆိုင်ခွဲပေါင်း ဘယ်လောက်လောက်ရှိပြီလဲ။ ဘယ်နေရာတွေမှာ ဖွင့်ထားတာလဲ။

မဆုမြတ်။ ။ Bread talk အနေနဲ့က ၂၀၁၇ ခုနှစ်မတ်လ ၂၅ ရက်နေ့မှာ Junction City မှာတစ်ဆိုင်၊ ၂၀၁၇ ခုနှစ်  နိုဝင်ဘာလ ၃၀ ရက်နေ့မှာ Junction Square Extesion, Crystal Tower မှာ တစ်ဆိုင်နဲ့ ဆိုင်ခွဲပေါင်းနှစ်ဆိုင်ဖွင့်လှစ်ထားပြီးပါပြီ။

မော်ဒန်။ ။ တချို့နိုင်ငံတကာကနေ လာဖွင့်တဲ့ဆိုင်တွေမှာဆိုရင် မြန်မာနိုင်ငံကလူတွေရဲ့အကြိုက်ပေါ်မူတည်ပြီး

အရသာတွေပြောင်းလဲတာတွေရှိတယ်လို့ သိရပါတယ်။ Bread talk အနေနဲ့ဆိုရင်ကော

အဲသည်လို အရသာပြောင်းထားတာတွေရှိလား

မဆုမြတ်။ ။ Bread talk အနေနဲ့ မူလမပျက် အရည်အသွေးကို ထိန်းထားခြင်းက အဓိကအကျဆုံးအ ချက်အနေနဲ့ တည်ရှိနေပါတယ်။ အခုရှိနေတဲ့ Bread talk ရဲ့ အရသာတွေကိုလည်း customer တွေက နှစ်သက်လက်ခံထားပြီးဖြစ်တယ်လို့ ယူဆပါတယ်။

မော်ဒန်။ ။ Bread talk က ပေးနေ တဲ့ဝန်ဆောင်မှုတွေနဲ့ ပရိုမိုးရှင်းတွေရောရှိလား။

မဆုမြတ်။ ။ Bread Talk outlet တွေမှာ ပေါင်မုန့်၊ ကိတ်မုန့်တွေသာ မက ကော်ဖီနဲ့အအေးပါ သုံးဆောင် နိုင်မှာပါ။ ပရိုမိုးရှင်းတွေကတော့ ရာသီအလိုက် မုန့်အသစ်ထုတ်လုပ်မှု ပေါ်မူတည်ပြီးတော့ စဉ်ဆက်မပြတ်ရှိနေမှာပါ။

မော်ဒန်။ ။ ဈေးကွက်မှာ ဘရန်းတစ်ခုအနေနဲ့ ကြာကြာရပ်တည်ချင်တယ်ဆိုရင်

ဘယ်အချက်တွေကို အဓိကထားပြီး လုပ်ဆောင်ရမလဲ ။

မဆုမြတ်။ ။ အဓိကကတော့ အခုရှိနေတဲ့မူလအရည်အသွေး၊ အရသာ၊ ကောင်းမွန်တဲ့ဝန်ဆောင်မှု၊ စဉ်ဆက်မပြတ် ဆန်းသစ်တီထွင်မှုတွေနဲ့ Bread talk customer တွေ Bread talk customer ဖြစ်လာမယ့်သူတွေကို အဓိကထားဆောင်ရွက်ပေးနိုင်မှုတွေက အရေကြီးလုပ်ဆောင်ရမယ်လို့ ယူဆပါတယ်။

မော်ဒန်။ ။ ကျေးဇူးတင်ပါတယ်ရှင့်။

 

Author / လိမ္မာ