မိန်းကလေးတိုင်း၊ လူတိုင်းစီးနိုင်တဲ့ ဈေးနှုန်းနဲ့ ရောင်းချင်တာ မွန်မြတ်သူဖိနပ်လုပ်ငန်းက မဥမ္မာအောင်နှင့် တွေ့ဆုံမေးမြန်းခြင်း

မန္တလေး၊ ဖေဖော်ဝါရီ ၇ – ပွဲအခမ်းအနားကို တက်ရောက်ရတဲ့အမျိုးသမီး တွေဟာ ဝတ်ဆင်ထားတဲ့အဝတ်အစားနဲ့ လိုက်ဖက်မယ့်ဖိနပ်ကို စီးကြတာပါ။ သုံးစွဲနိုင်တဲ့ ငွေကြေးပမာဏ အပေါ် မူတည်ပြီး ဖိနပ်အမျိုးမျိုး ရွေးချယ်ဝတ်ဆင်ကြပါတယ်။ တိုင်းရင်း သားရိုးရာအဆင်လေးတွေကို ကြိုက် နှစ်သက်ကြတဲ့ပျိုမေတွေအတွက် ရိုး ရာအဆင်နဲ့ ချုပ်လုပ်ထားတဲ့ ခေတ်မီ ဖိနပ်မျိုးစုံဟာလည်း ဈေးကွက်အတွင်း ရောက်ရှိနေပါပြီ။ အဲသည်ဖိနပ်တွေကို ထုတ်လုပ်နေတဲ့ မွန်မြတ်သူဖိနပ်လုပ်ငန်းက မဥမ္မာအောင်နဲ့ တွေ့ ဆုံ မေးမြန်းထားပါတယ်။ အချို့ကို ကောက်နုတ်ဖော်ပြပါတယ်။

မော်ဒန်။ ။ ဖိနပ်တွေကို ဘယ်အချိန်ကစပြီး ထုတ်ခဲ့တာပါလဲ။

မဥမ္မာအောင်။ ။ ၂၀၁၅ လောက်က စလုပ်ခဲ့တာ။ စလုပ်လုပ်ချင်းတုန်း က ကတ္တီပါပဲလုပ်တယ်။ (ရိုးရိုးညှပ် ဖိနပ်အပါး၊ အထူ၊ကျားစီး၊ မစီး)။ အစ်မမှာရှိတဲ့ သူငယ်ချင်းတွေက တိုင်းရင်းသားတွေ များတယ်။ နောက်ပိုင်းကျ အဲသည်သူငယ်ချင်းတွေက အကြံပေးတယ်။ သူတို့တိုင်းရင်းသားအစတွေနဲ့ ဖိနပ်ချုပ်မလားပေါ့။ ဖိနပ်မှာ ခင်း ထားတာက ရိုးရာ အဆင်ပေါ့။ အဲဒါနဲ့ စချုပ်ဖြစ်ခဲ့တာ။ အဲသည်အချိန်တုန်းက ရှူးဖိနပ်မဟုတ်ဘူး။ ရိုးရိုးညှပ်ဖိနပ်၊ နှစ် လက်မ ဒေါက်ဖိနပ်၊ သုံးလက်မ ဒေါက် ဖိနပ် ပေါ့။ အဓိကကျတော့ ချင်းပေါ့။ သူတို့ရဲ့ရိုးရာအဆင်တွေနဲ့ ရှူးဖိနပ်လေးတွေ ချုပ်ပေးမလားဆို ပြီး ကမ်းလှမ်းတယ်။ ချင်းပြည်နယ် မှာ ချင်းရိုးရာ အထည်ဆိုင်ဖွင့်ထားတဲ့ သူငယ်ချင်း တစ်ယောက်နဲ့ ကလေး မြို့ လေဆိပ် နား မှာရှိတဲ့စတိုးဆိုင်က သူငယ်ချင်း တစ်ယောက်ရှိတယ်။ သူ တို့နှစ်ယောက်က ရှူးဖိနပ်အော်ဒါမှာ တယ်။ အဲဒါနဲ့ စပြီး စမ်းလုပ်ကြည့် တာဆိုတော့ ရှူးဖိနပ်ကို ၂၀၁၆ လောက်မှာ စခဲ့တာပါ။

မော်ဒန်။ ။ တခြားရိုးရာ ဖိနပ်တွေနဲ့ ယှဉ်ရင် မွန်မြတ်သူဖိနပ်တွေက ဘာတွေ ထူးခြားပါသလဲ။

မဥမ္မာအောင်။ ။တခြားရိုးရာဖိနပ် တွေက ကတ္တီပါကိုသုံးထားတဲ့ဖိနပ် ပေါ့နော်။ အဲဒါတွေနဲ့ယှဉ်ရင် အစ်မ ကတော့ တိုင်းရင်းသားရိုးရာအဆင် မျိုးစုံနဲ့လုပ်ထားတယ်။ ချင်း၊ကချင်၊ ရှမ်း၊ မွန်၊ အမရပူရကထွက်တဲ့ မြန်မာချည်ချိတ်တွေနဲ့လုပ်ထားတယ်။ တခြား ဒီဇိုင်းလေးတွေနဲ့တော့  ကွဲ နေတာပေါ့။ နောက်တစ်ခုကကျ တော့ အခံအစတွေရဲ့ဒီဇိုင်း၊ နောက် ပြီး ဖိနပ်ရဲ့ပုံစံပေါ့။ အရင်တုန်းက ကျောက်တွေ ကပ်ထားတဲ့ဒီဇိုင်းတွေ၊ ငွေရေးတွေ၊ ကနုတ်တွေ ခြယ်ထားတယ်။ ဘွဲ့ယူတာပဲဖြစ်ဖြစ် ပွဲနေပွဲထိုင်အတွက် စီးကြတယ်။ အစ်မက ကျတော့ လုပ်နေကျအပြင်  နည်းနည်းလေးပိုပြီး ထူးဆန်းချင်တယ်။ အသစ်အဆန်းကို စီးချင်တဲ့သူတွေလည်းရှိတယ်ဆိုတော့ သဲကြိုးမှာ နှင်းဆီပန်းလေးတွေကပ်တာ၊ အရုပ်လေးတွေ ကပ်တာမျိုးနဲ့ လုပ်ခဲ့တာ။ ရှူးပုံစံထုတ်လုပ်တယ်။

မော်ဒန်။ ။မွန်မြတ်သူဖိနပ် လုပ် ငန်းကနေ အမျိုးအစားပေါင်း ဘယ်လောက် ထုတ်လုပ်ပါသလဲ။

မဥမ္မာအောင် ။ ။အမျိုးအစား ပေါင်း ၂၀ လောက်ထုတ်ပါတယ်။ ကလေးစီး၊ လူကြီးစီး၊ ကျားစီး၊ မစီး ပေါ့။ အဲဒါကိုမှအောက်က ကလစ် (ရော်ဘာ)ခံတာ၊ ဆိုး(ဖော့နဲ့တူ)ခံ တာကွဲမယ်။ရှူးဖိနပ်ဆိုရင်လည်း ဒေါက် ရှိမယ်။ အပါးရှိတယ်။ ကတီ†ပါ ဖိနပ် ဆို ရင်လည်း အနိမ့်၊ အမြင့်၊ ဒေါက်မျိုးစုံရှိပါတယ်။

မော်ဒန်။ ။ဈေးနှုန်းတွေရော ပြောပြပေးပါဦး။

မဥမ္မာအောင် ။ ။အနည်းဆုံး ကျပ် ၁၅၀ဝ ကနေ အများဆုံး ကျပ် ၈၀ဝ၀ အထိရှိပါတယ်။

မော်ဒန်။ ။ရောင်းအားကရော ဘယ်လိုအခြေအနေရှိပါသလဲ။

မဥမ္မာအောင်။ ။ အဓိကကတော့ ရှူးဖိနပ်ပေါ့။ မန္တလေးမြို့မှာဆိုရင် ရှူးဖိနပ်ချုပ်တဲ့ သူက အစ်မတစ် ယောက်တည်းပဲ ရှိနေသေးတာဆို တော့ မန္တလေးရော တခြားနယ်မြို့ တွေရောပို့ရတာဆိုရင် ရှူးဖိနပ်က ပိုပြီးရောင်းရတယ်။ အသက်ငယ်ရွယ်တဲ့ မိန်းကလေးတွေတင်မဟုတ်ဘူး။ ကြီးတဲ့သူတွေလည်း ရှူးစီးရတာ သက်သောင့် သက်သာဖြစ်လို့ ရှူးက အရွယ်စုံရောင်းရတယ်။

မော်ဒန်။ ။ ရှူးဖိနပ်ကကျတော့ ဘယ်လိုအသားနဲ့လုပ်ပါသလဲ။

မဥမ္မာအောင်။ ။ ရှူးဖိနပ်ကကျတော့ တိုင်းရင်းသားရိုးရာအဆင်၊ အမရပူ ရထွက် ချည်ထည်တွေအပြင် ပွဲနေပွဲထိုင်စီးလို့ရအောင် ပိုးနဲ့လည်းလုပ် ပါတယ်။

မော်ဒန်။ ။ဘယ်နယ်တွေကို ဖြန့် နေရပြီလဲရှင့်။

မဥမ္မာအောင်။ ။ ပဲခူး၊ တောင်ကြီး၊ ကလေး၊မော်လမြိုင်၊ မုံရွာတို့ ပို့နေ ပါပြီ။ အခုထပ်ပြီး ပုသိမ်ကို ပို့ဖို့ လုပ် နေပါပြီ။ စင်ကာပူနဲ့ အမေရိကန် လည်း ပို့ ရပါတယ်။

မော်ဒန်။ ။အသေးစားစက်မှုလက် မှုလုပ်ငန်းပြပွဲလို ပွဲတွေမှာ ဝင်ပြတာ တွေ့ရတယ်နော်။ ပြပွဲမှာ ဝင်ရောက် ပြသတဲ့အခါ ဘယ်လိုအကျိုးကျေး ဇူးတွေရပါသလဲ။

မဥမ္မာအောင်။ ။ ကုန်ပစ္စည်းတစ်ခု ထုတ်ပြီဆိုရင် အသေးစားစက်မှု လက်မှုလုပ်ငန်းမှာ ကုန်ထုတ်လုပ်ခွင့် လိုင်စင်လျှောက်ရတယ်။ အဲသည်မှာ သူတို့နဲ့ ဆက်သွယ်မိတာပေါ့။ နောက် တစ်ခုက ကိုယ့်ရဲ့ကုန်ပစ္စည်းကို ထုတ်ချင်တယ်။ လူတွေသိစေချင် တယ်ဆိုရင် သည်လိုပွဲလေးတွေက လူပိုပြီးသိနိုင်တယ်။ အဲဒါကြောင့် ပြပွဲတွေမှာ ဝင်ရောက်ပြသဖြစ်တာပါ။

မော်ဒန်။ ။ မိဘလက်ငုတ်လက်ရင်း မဟုတ်ဘဲ ဘာဖြစ်လို့ သည်လုပ်ငန်းကို လုပ်ခဲ့တာလဲ။

မဥမ္မာအောင်။ ။ မန္တလေးဖိနပ်ဆို တာက အဆင့်အတန်းတစ်ခုရှိပြီးသားပေါ့။ ကတ္တီပါဖိနပ်တွေကို ကြည့် လိုက်ရင်လည်း မန္တလေး ဖိနပ် က နာ မည်ရှိတယ်။ အဲသည်ကျတော့ လူ တွေ ကြိုက်ကြတယ်။ ဖိနပ်သည် လူ တွေက မစီးမဖြစ် စီးကြတယ်ဆို တော့ စီးပွားရေး တစ်ခုလုပ်ချင် တယ်။ အစ်မမှာက တခြားအလုပ် လေးတွေ ရှိနေတယ်။ လူမှုရေးလုပ် ငန်းပေါ့။ ဖွဲ့ထားတာ တစ်ဖွဲ့ရှိတယ်။ မန္တလာရောင်စဉ်တဲ့။ အဲဒါက အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ ကြုံလာပြီဆိုရင် ကူညီပေးနိုင်ဖို့ ဖွဲ့ထားတာပါ။ သည်အဖွဲ့က လက်ရှိ မှာ ငွေကြေးအကူအညီ ဘာတစ်ခုမှ မရသေးဘူး။ ဘယ်အဖွဲ့အစည်းနဲ့ မှလည်း မချိတ်မိသေးတဲ့ အချိန်မှာ သည်အဖွဲ့က လူတွေ အရေးအ ကြောင်းကြုံလာပြီဆိုရင် ကူညီနိုင်ဖို့ လိုတယ်။ ဖိနပ်လုပ်ငန်းကနေ ဝင် ငွေကောင်းလာပြီဆိုရင် အဲသည် အဖွဲ့ကိုလည်း တစ်ဖက်တစ်လမ်းက ကူနိုင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စီးပွားရေးတစ်ခုလုပ်မယ့်အချိန်မှာ ရေရှည်အတွက် ကောင်းနိုင်တာ သည်ဖိနပ်လို့ တွေးတာပေါ့။ လူ တိုင်းလည်း စီးတယ်။ မိန်းကလေး တွေဆိုရင်လည်း ဖိနပ်ကို တစ်ရံလည်း မဟုတ်၊ နှစ်ရံလည်း မဟုတ် ရှိကြတယ်။ သူတို့လည်း ဈေးနှုန်း သင့်တင့်တဲ့ ဖိနပ်လေးတွေ စီးနိုင်မယ်။ ကိုယ်တွေလည်းပဲ စီးပွားရေး အခိုင်အမာလည်း ဖြစ်နိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဖြစ်ခဲ့တာပါ။

မော်ဒန်။ ။ ဖိနပ်ဈေးနှုန်းလေးတွေ ကသင့်တယ်ဆိုတော့ လက်ရှိအချိန် မှာရော အရှုံးပေါ်သေးလား။

မဥမ္မာအောင် ။ ။ အရှုံးကိုတော့ မကာမိသေးဘူး။ အရင်တုန်းက လိုတော့ မရှုံးတော့ဘူးပေါ့။ ထိုက်သင့်တဲ့ အမြတ်တော့ရပါ ပြီ။ အစ်မတောက်လျှောက်လုပ်လာတဲ့အဖွဲ့အစည်းတွေမှာ social marketing (လူမှုရေးအကျိုးပြု စီး ပွားရေးစနစ်) လုပ်တာ။ ထိုက်သင့်တဲ့ အကျိုး အ မြတ် နဲ့ သူများကိုပြန်ပြီး အ ကျိုးပြု နိုင်မယ်ဆိုတဲ့ဟာက တောက် လျှောက် သင်ယူခဲ့ရသလိုဖြစ်နေတယ်။

နောက်ပြီး အစ်မရည်ရွယ်တဲ့ target (ဈေးကွက်) က အရမ်းချမ်းသာတဲ့သူတွေကို ရည်ရွယ်တာ မဟုတ်ဘူး။ မိန်းကလေးတိုင်း၊ လူ တိုင်းစီးနိုင်တဲ့ဈေးနှုန်းနဲ့ ရောင်းချင် တာ။ ထိုက်သင့်တဲ့အမြတ်တော့ ရနေ တယ်။

မော်ဒန်။ ။ ဖိနပ်တွေကို ကြိုက်နှစ် သက်လို့ဝယ်ချင်ရင် ဘယ်လိုဆက်သွယ်ရမလဲရှင့်။

မဥမ္မာအောင်။ ။ မွန်မြတ်သူဆိုတဲ့ ပေ့ခ်ျမှာကြည့်လို့ရတယ်။ ဖုန်းနံ ပါတ် ဝ၉- ၄၄၈၅၄၄၀၅၁ ကို ဆက်သွယ်နိုင်ပါတယ်။ သီးသန့်ဆိုင် တော့ မဖွင့်ရသေးပါဘူး။ အဓိကကတော့ ဆိုင်တွေကိုဖြန့်တာ။ မန္တလေး မြို့မှာဆိုရင် ၃၅ လမ်းနဲ့ ၆၉ လမ်းက ဇမ∫ူမြဖိနပ်ဆိုင်၊ ၁၉ လမ်းနဲ့ ၈၆ လမ်းမှာ တောင်ဇလပ်ဖိနပ်ဆိုင်မှာဝယ်လို့ ရပါတယ်။ လက်ကားယူချင်ရင်တော့ ၆၈ လမ်းနဲ့ မနော်ဟရီလမ်းထောင့်မှာရှိတဲ့ ရွှေမှုံဖိနပ်ဆိုင်မှာလည်း ရပါတယ်။

မော်ဒန်။ ။ ဖြည့်စွက်ပြောချင်တာရှိရင် ပြောကြားပေးပါ။

မဥမ္မာအောင်။ ။ အစ်မရဲ့ဖိနပ်တွေနဲ့ပတ်သက်ပြီး အခုချိန်အထိ feedback (တုံ့ပြန်မှု) တောင်းနေရတုန်း ပဲ။ Quality (အရည်အသွေး) ဆိုတာ အမြဲတမ်းပြည့်ဖို့ခက်တယ်လေ။ လို အပ်ချက်တွေရှိနိုင်တယ်။ ရှိခဲ့ရင် ဘယ်နေရာတော့ ဘာလေးလိုနေ တယ်။ ဒါတော့ အဆင်မပြေသေးဘူး ဆိုပြီး ပြန်ပြောလို့ ရပါတယ်။ ဖိနပ်တွေရဲ့သုာလိတယ၊ ဈေးနှုန်းကို စီစဉ် ပေးမှာပါလို့။

မော်ဒန်။ ။ ဖြေကြားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

 

Author / အေးစုမွန်