သမဂ္ဂအဆောက်အအုံတည်ဆောက်မှုနဲ့ပတ်သက်ပြီး သမ္မတနဲ့ တွေ့ခွင့်မရသေးဘူးလို့ ၆၂ မျိုးဆက် ကျောင်းသားဟောင်းတွေ ပြော

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ – လက်ရှိအစိုးရလက် ထက်မှာ ပြန်လည်တည်ဆောက်ဖို့ ကြိုး စားလာတဲ့ တကသအဆောက်အအုံနဲ့ ပတ် သက်ပြီး နိုင်ငံတော်သမ္မတနဲ့ တွေ့ဆုံဖို့ ကြိုးစားပေမဲ့ အခုအချိန်အထိ တွေ့ဆုံခွင့် မရရှိသေးဘူးလို့ ၆၂ မျိုးဆက် ကျောင်း သားဟောင်းတွေက သည်ကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“အစိုးရက မရောင်ရာ ဆီလူးနေတယ်၊ရောင်နေတဲ့နေရာက ကျောင်းသားသမဂ္ဂတရားဝင်ဖွဲ့စည်းခွင့်ရဖို့ဖြစ်ပြီး ဆီ လူးနေတာက သမဂ္ဂအဆောက်အအုံဆောက်တဲ့ ကိစ္စဖြစ်နေတယ်”လို့ ဦးအောင် သူ (မြင်းခြံ) က ပြောပါတယ်။
နိုင်ငံတော်သမ္မတဆီကို ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက တွေ့ဆုံခွင့်တောင်း ခဲ့ပေမဲ့ အခုအချိန်အထိ အကြောင်းပြန် ကြားတာ မရှိဘူးလို့ သိရပါတယ်။

“ဘာဆက်လုပ်ရမလဲဆို ဘာမှ ဆက် လုပ်လို့ မရဘူးပေါ့၊ တို့အသက်အရွယ်နဲ့ သေခါနီးရောက်နေတဲ့ အချိန်မှာ ကိုယ် ထမ်းဆောင်နိုင်တဲ့ နိုင်ငံရေးအခြေအနေကို ထမ်းဆောင်ရတာပါ”လို့ ၆၂ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်းဖြစ်တဲ့ ဦးလှရွှေက ပြောပါတယ်။

အစိုးရအနေနဲ့ အဆောက်အအုံကို အ ရင် တည်ဆောက်တာထက် ကျောင်းသား သမဂ္ဂတွေဖြစ်တဲ့ တကသတွေနဲ့ ဗကသကို အရင် တရားဝင်ဖြစ်ဖို့ ဆောင်ရွက်သင့်တယ်လို့ ပြောပါတယ်။
သမဂ္ဂ အဆောက်အအုံ ပြန်လည် တည်ဆောက်ရာမှာလည်း အရင်မြေနေ ရာ အဟောင်းမှာ တည်ဆောက်ဖို့ မကြိုး စားဘဲ တခြားမြေနေရာမှာ တည် ဆောက် သင့်တယ်လို့ ပြောပါတယ်။ အဲ သည့် အတွက် အဆောက်အအုံတည် ဆောက် မယ်ဆိုရင်လည်း အစိုးရက ဦး ဆောင် တာကိုမလိုလားဘဲ လက်ရှိ ကျောင်းတက်နေတဲ့ ကျောင်းသားနဲ့ ပြည်သူတွေကပဲ ဦးဆောင်တာ ပိုလိုလားတယ်လို့ ပြောပါ တယ်။

“အခုက အစိုးရက ဒါကိုပဲ အမြန် ဆောက်ချင်တာက စစ်အုပ်စုရဲ့လုပ်ရပ်တွေကို အခုအစိုးရက လိုက်ပြီးဖာနေတာ နဲ့ တူနေသလို ခံစားရတယ်”လို့ ဦးလှရွှေက ပြောပါတယ်။
ဒါ့အပြင် ကျောင်းသားသမဂ္ဂအချင်း ချင်းကြားမှာ တစ်ဖက်ကို အရမ်းမျက်နှာသာပေး ဆောင်ရွက်နေတာတွေ ရှိတယ် လို့ ပြောပါတယ်။

၆၂ မျိုးဆက်ကျောင်းသားဟောင်းတွေကနေ အစိုးရနဲ့တွေ့ဆုံခွင့်တောင်းခဲ့သလို လွန်ခဲ့တဲ့ နှစ် ၆၀ နီးပါးက ကျောင်းသား ပေါင်း ရာနဲ့ချီ အသတ်ခံရတဲ့ကိစ္စနဲ့ ပတ် သက်ပြီး သမိုင်းအမှန်ကို ပြန်လည် ဖော် ထုတ်ဖို့လည်း လိုတယ်လို့ ပြောပါတယ်။
အရင်က တကသအဆောက်အအုံ မြေနေရာဟောင်းမှာပဲ ဆဲဗင်းဂျူလိုင် အရေးတော်ပုံ အထိမ်းအ မှတ် ပုံစံ တစ်ခု တည်ဆောက်ဖို့လည်း လိုလားတယ်လို့ သိရပါတယ်။ သည်ကနေ့ ပြု လုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို သင်္ဃန်း ကျွန်းမြို့ နယ်က မဂ္ဂင်ကျောင်းတိုက်မှာ နေ့လယ် ၁းဝ၀ နာရီက ပြုလုပ်ခဲ့တာ ဖြစ် ပါတယ်။

 

Author /  ဂျက်