မြန်​မာ-ဘင်္ဂလား​ဒေ့ရှ်​ နယ်​ခြား​စောင့်​တပ်​ဖွဲ့ နယ်​စပ်​ဆိုင်​ရာ ဗဟိုအဆင့်​ အစည်းအ​ဝေး သည်​က​နေ့ ပြုလုပ်

စတုတ္ထအကြိမ်​​မြောက်​ မြန်​မာ-ဘင်္ဂလား​ဒေ့ရှ်​ နယ်​ခြား​စောင့်​တပ်​ဖွဲ့ နယ်​စပ်​ဆိုင်​ရာ ဗဟိုအဆင့်​ အစည်းအ​ဝေးကို သည်​က​နေ့ ​နေ့လည်​ပိုင်းမှာ ​နေပြည်​​တော်​ရှိ သင်္ဂဟဟိုတယ်​မှာ ကျင်းပခဲ့ပါတယ်​။

သည်​အစည်းအ​ဝေးမှာ ဘင်္ဂလား​ဒေ့ရှ်​နိုင်​ငံရှိ နယ်​ခြား​စောင့်​တပ်​ဖွဲ့ မှ ညွှန်​ကြား​ရေးမှူးချုပ်​ ABUL HOSSAIN က နှစ်​နိုင်​ငံ​နယ်​စပ်​​ဒေသ​တွေမှာ ဖြစ်​​ပေါ်​နေတဲ့ မူးယစ်​​ဆေးဝါးတိုက်​ဖျက်​​ရေးကိစ္စ​lအကြမ်းဖက်​တိုက်​ခိုက်​​ရေးကိစ္စlအခြားအစိုရအဖွဲ့ မဟုတ်​တဲ့ အဖွဲ့ အစည်း​တွေရဲ့ လှုပ်​ရှားမှုကိစ္စ စတဲ့ ကိစ္စရပ်​​တွေကို မြန်​မာအစိုးရနဲ့ ပူး​ပေါင်း​တိုက်​ဖျက်​သွားမယ်​လို့ ​ပြောကြားခဲ့ပါတယ်​။

ဒါ့အပြင်​ လက်​ရှိ ဖြစ်​​ပေါ်​နေတဲ့ ရခိုင်​ကိစ္စနဲ့ပတ်​သက်​ပြီး ‘၂၀၁၆ ခုနှစ်​ကတည်းက​နေပြီး​တော့ နယ်​စပ်​ဖြတ်​​ကျော်​ဝင်​​ရောက်​လာတာဟာဆိုရင်​ အ​ရေအတွက်​အားဖြင့်​ ​ခြောက်​သိန်း​ကျော်​ ရှိ​နေပြီလို့ ခန့်​မှန်းရပါတယ်​ ဒီလို​ရောက်​ရှိလာတာဟာဆိုရင်​ ကျွန်​​တော်​တို့နိုင်​ငံအတွက်​ ဝန်​ထုတ်​ဝန်​ပိုးလည်း ဖြစ်​​နေပြီး​တော့ နိုင်​ငံတကာကလည်း ဝိုင်းဝန်းအ​ဖြေရှာ​နေတဲ့ ကိစ္စဖြစ်​ပါတယ်​’လို့ ညွှန်​ကြား​ရေမှူးချုပ်​ ABUL HOSSAIN ​ပြောပါတယ်​။

အခုလို ဘင်္ဂလားေ​​ဒ့ရှ်​ နိုင်​ငံဘက်သို့ ထွက်​​ပြေးလာတဲ့သူ​တွေနဲ့ ပတ်​သက်​ပြီး သူတို့နိုင်​ငံအ​နေနဲ့ ဝန်​ထုတ်​ဝန်​ပိုးဖြစ်​​နေတာ​ကြောင့်​ မြန်​မာအစိုးအ​နေနဲ့ အမြန်​ဆုံးပြန်​လည်​လက်​ခံ​ပေးဖို့နဲ့  ဘင်္ဂလား​ဒေ့ရှ်​နိုင်​ငံဘက်​သို့ ထွက်​​ခွာ​နေမှု​တွေကိုလည်း ရပ်​တန့်​​အောင်​ ​ဆောင်​ရွက်​​ပေးဖို့ မြန်​မာအစိုးရဘက်​ကို ​တောင်းဆိုခဲ့ပါတယ်​။

သည်​အစည်းအ​ဝေးမှာဆိုရင်​ မြန်​မာနိုင်​ငံဘက်​က ပြည်​ထဲ​ရေးဝန်​ကြီးဌာနရှိ တာဝန်​ရှိသူ​တွေ တက်​​ရောက်​ခဲ့ကြပြီး ဘင်္ဂလား​ဒေ့ရှ်​နိုင်​ငံဘက်​က နယ်​ခြား​စောင့်​တပ်​ဖွဲ့ ဝင်​​တွေ တက်​​ရောက်​ခဲ့ကြပါတယ်​။
မာရီခိုင်