သမ္မတနဲ့ အတိုင်ပင်ခံတို့ရဲ့ တစ်ပတ်အတွင်း လုပ်ဆောင်ချက်ထဲက ထုတ်ပြန်မှုများ

နေပြည်တော်၊ ဇန်နဝါရီ ၇ - သမ္မတကြီးနဲ့ အ တိုင်ပင်ခံပုဂ္ဂိုလ်တို့ရဲ့  သည်တစ်ပတ်အတွင်းလုပ်ဆောင်ချက်တွေထဲက တချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။
သည်တစ်ပတ်အတွင်း
သမ္မတကြီး ဘာတွေလုပ်ခဲ့လဲ
နှစ်တစ်နှစ်ရဲ့အစဖြစ်တဲ့ ဇန်နဝါရီလ ၁ ရက်နေ့မှာ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အစိုးရက ကြီးမှူးကျင်းပတဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီး ဗုဒ္ဓဘိသေက အနေကဇာတင်မင်္ဂလာဖွင့်ပွဲနှင့် သံဃာ တော်အပါး ၁၈,ဝ၀ဝ ကို ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကိုလည်း နိုင်ငံတော်သမ္မတ တက်ရောက်လောင်းလှူခဲ့ပါ တယ်။
သမ္မတဦးထင်ကျော်က ၂၀၁၇ အတွက် တပ်မတော်ဆိုင်ရာစွမ်းရည်သတ္တိ ဘွဲ့ဖြစ်တဲ့ သူရဘွဲ့ရရှိခဲ့တဲ့တပ်မတော်သားတွေကို ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့် ခြင်းအခမ်းအနားကို နေပြည်တော်ရှိ သမ္မတအိမ်တော်မှာ ဇန်နဝါရီလ ၄ ရက်နကေ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ယခုပေးအပ်တဲ့ဂုဏ်ထူးဆောင်ဘွဲ့ များနဲ့ ဂုဏ်ထူးဆောင်တံဆိပ်များဟာ မိမိတို့ဖြတ်သန်းခဲ့ရတဲ့ ခက်ခဲကြမ်းတမ်းတဲ့ ဘဝကိုအောင်မြင်စွာကျော်လွှားနိုင်ခဲ့ကြတဲ့ စွမ်းဆောင်ရည်သင်္ကေတ အမှတ် အ သားတစ်ခုအဖြစ် နိုင်ငံတော်ကမှတ် ကျောက်တင်ခြင်းဖြစ်ပါတယ်၊ အခုလို ချီး မြှင့်ဂုဏ်ပြုခြင်းဟာ မိမိတို့ရဲ့သားစဉ်မြေး ဆက်တိုင် ဂုဏ်ယူဖွယ်ရာ အထိမ်းအမှတ်တစ်ခုဖြစ်ရုံသာမက နိုင်ငံတော်ကြီးခေတ်မီဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းတည်ဆောက်ရေးအတွက်လဲ တွန်းအားတစ်ရပ်ဖြစ်မယ်လို့လဲ ယုံကြည်ပါတယ်˘လို့ သမ္မတက မိန့်ခွန်းမှာ ပြောပါတယ်။

အဆိုပါအခမ်းအနားမှာ နိုင်ငံတော် သမ္မတကသူရဘွဲ့ရရှိခဲ့တဲ့အမှတ် (၃၈၆) ခြေမြန်တပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီး ဇော်လွင်စိုး၊ အမှတ် (၃၄) ဗုံးကြဲလေယာဉ် အုပ်စုမှ ဗိုလ်မှူးဇေယျာထွန်း၊အမှတ် (၃၈၆) ခြေမြန်တပ်ရင်းမှ တပ်ကြပ်ရဲနွမ် (ကျဆုံး)၊ ဒုတပ်ကြပ် မျိုးချစ်(ကျဆုံး)၊ ဒုတပ်ကြပ် ထွန်းထွန်းတို့ကိုဂုဏ်ထူး ဆောင်ဘွဲ့တွေ ချီးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။

သမ္မတကြီးတက်ရောက်ခဲ့တဲ့ နောက် တစ်နေရာကတော့ ကလေးစာပေပွဲတော်ဖြစ်ပါတယ်။ စာရေးစာဖတ်တာ စိတ်ဝင် စားခဲ့တဲ့သမ္မတကြီးက ကလေးစာပေပွဲတော်ကျင်းပတိုင်း တက်ရောက်လေ့ရှိပါ တယ်။ သည်နှစ်မှာလည်း ပြန်ကြားရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ရန် ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့က ပူး ပေါင်းကျင်းပတဲ့ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲေ တော်ကို ဇန်နဝါရီလ ၆ ရက်က ရန်ကုန် မြို့မှာကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးထင်ကျော် တက်ရောက်အားပေးခဲ့ တယ်လို့ သိရပါတယ်။
အဆိုပါကလေးစာပေပွဲတော်၊ က လေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို ပုသိမ်မြို့မှာ ဆက်လက်ကျင်းပသွားဖို့ရှိပြီး ကလေးများငယ်စဉ်ဘဝကပင်လူရည်လူသွေး၊ ဉာဏ်ရည်ဉာဏ် သွေးပြည့်စုံအောင်နဲ့ လူတော်လူကောင်း ဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။

အတိုင်ပင်ခံရဲ့ တစ်ပတ်တာ
နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) မှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒ မိတ်ဆက်န်ဖြန့်ချိခြင်း အခမ်းအနားကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် တက်ရောက် မိန့် ခွန်းပြောကြားခဲ့ပါတယ်။
သည်မိန့်ခွန်းမှာ လူငယ်တွေထားရှိရမယ့်စိတ်ဓာတ်အကြောင်း၊ လူငယ်နဲ့ပညာရေးအကြောင်း၊ လူငယ်နဲ့မူးယစ်ဆေး၊လူ ငယ့်တာဝန်စတာတွေကို ထည့်သွင်းပြော ကြားသွားပါတယ်။ လူငယ်တွေကို နေရာ ပေးဖို့ပြောလေ့ရှိတဲ့ ယခုအစိုးရအတွက် လူငယ်ရေးရာမူဝါဒ ထုတ်ပြန်လိုက်ပြီဖြစ် လို့အကောင်အထည်ဖော်မှုတွေကို ဆက်လက်စောင့်ကြည့်ကြရမှာလည်း ဖြစ်ပါတယ်။
အနာဂတ်မှာ တိုင်းပြည်ရဲ့ အခန်းကဏ္ဍအားလုံး၌ လူငယ်တွေရဲ့ ဦးဆောင်မှုစွမ်းရည်မြှင့်တင်နိုင်ရေးအတွက် လိုအပ်သော အရည်အသွေးပြည့်မီတဲ့ ပညာသင်ယူရေးအခွင့်အလမ်းများဖော်ထုတ်ပေး နိုင် ရန်စသည့် ရည်ရွယ်ချက်များဖြင့် မြန်မာနိုင်ငံ လူငယ်ရေးရာ မူဝါ ဒမိတ်ဆက်ဖနြ့်ချိခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။

အတိုင်ပင်ခံရုံးက ထူး ခြားတဲ့သတင်းထုတ် ပြန်ချက်တစ်ခုကတော့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည်က သမ္မတ အိမ်တာ်ေ၊ အ စည်းအဝေးခန်းမမှာ ပုံမှန်အစည်းအဝေး တစ် ရပ် ကို တက်ရောက်ခဲ့တာကို သတင်းအကြောင်းအရာ မပါဘဲ သတင်းဓာတ်ပုံကို ဇန်န ဝါ ရီ ၃ ရက်နေ့က ထုတ်ပြန်ခဲ့ ပါတယ်။ သည် လို ထုတ်ပြန်ရတဲ့ အကြောင်းကတော့ သည်ရက်ပိုင်း ဒေါ် အောင်ဆန်းစုကြည်ကျန်းမာရေး မကောင်းဘူးဆိုတဲ့ လူမှုကွန်ရက်စာမျက်နှာထက်က သတင်းတွေကြောင့် ဖြစ်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံ ခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ်၊ ကောင် စစ်ဝန်တွေနဲ့ ဇန်နဝါရီ ၅ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံစဉ်မှာ မြန်မာနိုင်ငံနှင့် သက်ဆိုင်ရာနိုင်ငံများအကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကိစ္စရပ် တွေကို ဆွေးနွေးခဲ့ကြပါတယ်။
ကိုရီးယားသမ္မတနိုင်ငံ၊ ဘူဆန်မြို့ မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ် Mr.Won Bae Dahn၊ ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့ မြန်မာဂုဏ်ထူးဆောင်ကောင်စစ် ဝန်ချုပ်Mr.Bryon Wilfert၊ တူရကီ သမ္မတနိုင်ငံ၊ အင်ကာရာမြို့ မြန်မာဂုဏ် ထူးဆောင်ကောင်စစ်ဝန် Mr.Ercan Aygun ၊ ဘရာဇီးလ်ပြည်ထောင်စုသမ္မတ နိုင်ငံ၊ ဆောင်ပိုလိုမြို့ မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်Mr.Ricardo Cateb Cury ၊ အီတလီသမ္မတနိုင်ငံ၊ ဖလောရင့်မြို့ မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန် Mr.Filippo Bertani နဲ့ ဂျပန်နိုင်ငံ၊ နာဂိုယာမြို့ မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန် Mr.Toshio Nishi-mura တို့ကို နေပြည်တော်ရှိ  နိုင်ငံခြားရေးဝန်ကြီးဌာနမှာ လက်ခံတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
အောင်မင်းသိန်း