ဒဂုံတောင် ရပ်ကွက်အချို့ အမှိုက်သိမ်းဆည်းမှု ထိရောက်သလား

ရပ်ကွက်တွင်း နေထိုင်သူတွေကတော့ ပုဂ္ဂ လိက အမှိုက်လာသိမ်းသူတွေကို စောင့်မျှော်အမှိုက် ပစ်နေရပါတယ်။

 

ရန်ကုန်၊ နိုဝင်ဘာ ၅ - “ကလောင် ကလောင် ကလောင်” တစ်ချက်ချင်းမြည်တဲ့ခေါင်း လောင်းသံ နဲ့အတူ “အမှိုက်ပစ်ကြဦးမလား၊ အစ်မရေ  အ မှိုက်ပစ်ဦးမလား”လို့ အသက် ၂၀ အရွယ် မိန်းကလေးက အော်မေးပါ တယ်။
လှည်းထဲက ကလေးငယ်ကလည်း အိမ် ဘက်ကို မျက်နှာမူရပ်ကြည့်နေပါ တယ်။ ရေ သန့်ဘူးခွံတွေ၊  ပလတ်စတစ် အကျိုးအပဲ့တွေ၊ သံတိုသံစတွေက သူ့ ခြေထောက်နား မှာ ရှိနေ တယ်။ သူ့ကျောဘက်မှာတော့ မီးဖိုချောင်တွေက စွန့်ပစ်တဲ့အမှိုက်စိုတွေရော၊ အမှိုက်ခြောက် တွေ ရော ရှိနေတယ်။ အနံ့အသက်က ဆိုးရွားနေပေမဲ့ သူက အိမ်ထဲက အမှိုက်ထုပ်တွေနဲ့ ထွက်လာသူကိုပဲ ကြည့်နေပါ တယ်။ သူတို့နှစ် ယောက်စလုံးမှာ အနံ့အ သက်အတွက်  အကာအကွယ်လုပ်ထားတာမရှိသလို ကလေးငယ်ဟာ   ဖိနပ် တောင် မစီးထားပါဘူး။

သူတို့လိုပဲ တောင်ဒဂုံ ( ၂၄) ရပ်ကွက်မှာ အမှိုက်တွန်းလှည်းလေးတွေနဲ့  အမှိုက်လာသိမ်းသူ ငါးဦးလောက်ရှိပါတယ်။ အမှိုက်ပုံ၊ အမှိုက်ကန် ဝန်ဆောင်မှုပေးထားတဲ့ ရပ်ကွက်အတွက် သည်လှည်းတွေကိုပဲ စောင့်ပြီး အမှိုက်ပစ် ရတာ ပါ။ သူတို့က ဝန် ထမ်းတွေ မဟုတ်ပါဘူး။ သတ်မှတ်ထားတဲ့ ငွေကြေးမဟုတ်ဘဲ သဒ္ဒါ ကြေးကိုယူကာ အမှိုက်ကန်တွေကို သွားပစ်ပေးတာပါ။ သူတို့က နေ့တိုင်း ပုံမှန်မလာကြပါဘူး။

ဒဂုံမြို့သစ်(တောင်ပိုင်း)အတွင်း အမှိုက်သိမ်းဝန်ဆောင်မှုပေးနေတာ ၁၄ ရပ်ကွက်ရှိပြီး အဲသည်ရပ်ကွက်တွေရဲ့အမှိုက်သိမ်းဆည်းမှုဟာ တကယ်ထိရောက်မှုရှိရဲ့လားဆိုတာက မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

သုံးလ တစ်ကြိမ်

ဒဂုံမြို့သစ် (တောင်ပိုင်း) မှာ ခေါင်းလောင်းတီး၊ အထုပ်ကောက်ဝန်ဆောင်မှုပေးတဲ့ ရပ်ကွက်ပေါင်းက ခြောက်ရပ် ကွက်၊ အမှိုက်ပုံအမှိုက်ကန်ဝန်ဆောင်မှု ပေးတဲ့ရပ်ကွက်ပေါင်းက ရှစ်ရပ်ကွက်ရှိပါ တယ်။
“အမှိုက်ကန်  အမှိုက်ပုံတွေက သယ်ယူရ လွယ်ကူတဲ့နေရာတွေမှာပဲ ထားပေးတာများတယ်၊ ရပ်ကွက်အတွင်းပိုင်းမှာ နေထိုင်သူတွေက သွားပစ်ဖို့ အခက်အခဲ ဖြစ်တယ်၊ သက်ကြီး သူတွေအတွက် အမှိုက်သွားပစ်ဖို့ မဖြစ်နိုင်ဘူး” လို့ (၁၀၄)ရပ်ကွက်က မမြကြည်က ပြောပါတယ်။

“အမှိုက်ကန်တွေအမှိုက်ပုံတွေက အမှိုက်ကို နေ့စဉ်ပုံမှန်လာသိမ်းတာ  အားနည်းတယ်၊  အနံ့ဆိုးတွေကို ရှူရတာကြာတော့ ယဉ်ပါးလာတယ်၊ ဘာမှမဖြစ်တော့ဘူး”လို့ (၇၀) ရပ်ကွက်က  အမှိုက်ကန် နားမှာ နေထိုင်သူဦးကြည်မောင်က ပြောပါတယ်။

ရပ်ကွက်တွေထဲကို အမှိုက်သိမ်းမယ့် သူမလာရင် အမှိုက်ပစ်ဖို့အတွက် အိမ်ရှင်မတွေဟာ ဒုက္ခရောက်ရပါတယ်။ လူခြေ တိတ်ချိန်ကွက်လပ်ရှိတဲ့နေရာမှာ အိမ်ရှေ့တွေမှာ တိတ်တဆိတ်  အမှိုက်လာပစ်ကြတာတွေလည်း ရပ်ကွက်အတွင်းက လမ်းကြားမှာနေထိုင်သူတွေ ကြုံတွေ့ရပါတယ်။

ဒဂုံမြို့နယ်အတွင်းက ရပ်ကွက်တိုင်းမှာ သုံးလကိုတစ်ကြိမ် မီးဖိုချောင်ထွက် အမှိုက်အတွက် သန့်ရှင်းရေးဆောင်ရွက်ခအ ဖြစ် စည်ပင်သာယာရေးကော်မတီကို အခွန်ပေးဆောင်ရပါတယ်။
(၂၄ )ရပ်ကွက်က အိမ်ရှင်မဒေါ်ခင်မော်က “ပေးဆောင်ရတာက အများကြီး မဟုတ်ပါဘူး၊ ကျပ် ထောင်ကျော်ပါပဲ၊ ဒါ ပေမဲ့ ကျွန်မတို့အခွန်ဆောင်ထားတာဖြစ်တာကြောင့် အမှိုက်လာ သိမ်းပေးတာတော့ လိုချင်တယ်”လို့ ပြောပါတယ်။
လက်ရှိအမှိုက်သိမ်းစနစ်လည်ပတ်ရာမှာ တစ်အိမ်ထောင်ကို တစ်နေ့ကို ၁၅ ကျပ်နှုန်း၊ တစ်လကို ကျပ် ၄၅၀ နှုန်းနဲ့ သိမ်းပေးနေတာ ဖြစ်ပါတယ်။ ရပ်ကွက်အများစုရဲ့လမ်း ကြား တွေမှာ ကိုယ်ထူကိုယ်ထနဲ့ ကွန်ကရစ် လမ်းတွေ ခင်းထားပြီး ဖြစ် ပါတယ်။

အမှိုက်၊ ကြွက်

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်မှာ တော့ အမှိုက်ကို မနက် ၆းဝ၀ နာရီက ၁၀းဝ၀ နာရီ၊ ညနေ ၆းဝ၀ နာရီကနေ ၁၁း၃၀ နာရီအတွင်း စွန့်ပစ်ကြဖို့ စည်ပင်သာယာ ရေးကော်မတီက နှိုးဆော်ထားပါတယ်။
“တောင်ဒဂုံထဲမှာ အမှိုက်မသိမ်းနိုင် တာ ကြောင့် ပြဿနာတွေ အများကြီးဖြစ် နေတယ်၊ အိမ်ရှေ့က ရေမြောင်းတွေထဲကို ကြုံသလိုပစ်လိုက်တာမျိုးပေါ့၊ ရေမြောင်းတွေပိတ်ပြီးတော့ ရေစီးရေလာမကောင်း တာကြောင့် နှစ်စဉ်ရေမြောင်းတွေကို ပြန်ဖော်နေရတယ်၊ တချို့နေရာတွေကျတော့ လဲပစ်စရာနေရာမရှိလို့ ကွက်လပ် တို့၊ ကျောင်းတို့မှာ ပစ်တာရော၊ ဝယ်ပြီးပုံတာတွေရောရှိတယ်၊ အဲဒီတော့ အမှိုက်တွေနဲ့ ကြွက်တွေနဲ့ အဆင်မပြေတာ တွေဖြစ်ကြတယ်”လို့ မဲဆန္ဒနယ်မြေအမှတ် (၂ ) က လွှတ် တော်ကိုယ် စားလှယ်ဦးသိန်းနိုင်က ပြောပါတယ်။

မြို့တွင်း ခြောက်မြို့နယ်ရဲ့ တချို့ နောက်ဖေးလမ်းကြားတွေမှာ စုပုံနေတဲ့ အမှိုက်တွေ၊ ရေမြောင်းတွေမှာ ပိတ်ဆို့ နေတဲ့ အမှိုက်တွေကို မိုးကာလမတိုင်ခင် က ဖြေရှင်းမှုတွေ လုပ်ဆောင်ခဲ့ပေမဲ့ ဆင် ခြေဖုံးရပ်ကွက်တွေက အမှိုက်ပြဿနာ တွေကိုတော့ ဖြေရှင်းနိုင်မှု အား နည်းနေပါတယ်။

ရပ်ကွက် (၁၄၀) ဆိုရင် လမ်းပေါင်း ၈၀ ကျော်မှာ ခင်းထားပြီးသားက လေးလမ်းလောက်ပဲရှိတယ်။ ကျန်တာက မြေသားလမ်းတွေ ဖြစ်တယ်။ နောက်တစ်ခုက စည်ပင်သာယာနယ်နိမိတ်ထဲမှာပါတယ်ဆိုပေမဲ့ တချို့က ကျေးရွာတွေဖြစ်နေတယ်။ အဲ သည် နေရာမှာ ကြုံသလို အမှိုက်ပစ်နေရတာလို့ ကွင်းဆင်းလေ့လာရေးလုပ်ခဲ့တဲ့ ကိုမင်းမင်းက ပြောပါတယ်။

ရန်ကုန်စည်ပင်မှာ  အမှိုက်ကား ၃၆၀  ကျော်ရှိပေမဲ့ လမ်းပေါ်ထွက်နိုင်တဲ့ကားက ၃၀ဝ ကျော်ပဲရှိတယ်။ အဲသည်မှာမှ အမှိုက်ကားစစ်စစ်က ၁၀ဝ ကျော်ပဲရှိပြီး ကျန်တာတွေက မြေသယ်ယာဉ်လိုကားတွေဖြစ်တယ်လို့ စည်ပင်သာယာဌာနက တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

တစ်နှစ် ငါးရပ်ကွက်

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသ ကြီး လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ၁၃ ရက် မြောက်နေ့မှာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့ နယ်၊ မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းနိုင်က ဒဂုံမြို့သစ်တောင်ပိုင်း ရဲ့အမှိုက်သိမ်း ဆောင် ရွက်နေမှုတွေနဲ့ ပတ် သက်ပြီး မေးမြန်း ဆွေးနွေးခဲ့ပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက “ယခင် ဒဂုံ မြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်းရှိ စက်မှုဇုန်တွေကို သီးခြားဝန်ဆောင်မှုပေး တာမရှိပေမဲ့ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလမှစ၍ စက်မှုဇုန် လေးဇုန်ရှိ ရပ်ကွက် ရှစ်ရပ်ကွက်နဲ့ လူနေရပ်ကွက် နှစ်ရပ်ကွက်၊ စုစု ပေါင်း ၁၀ ရပ်ကွက်အား ထပ်မံတိုးမြှင့်ဝန်ဆောင်မှုပေးနိုင်ခဲ့တာကြောင့် ယခုအချိန်မှာ ဝန်ဆောင်မှုပေးဖို့ ရပ်ကွက် ၁၀ ရပ်ကွက်သာ ကျန်ရှိတယ်” လို့ ဖြေဆိုခဲ့ပါတယ်။

ဒဂုံမြို့သစ်တောင်ပိုင်းဟာ ဧရိယာ ကျယ်ပြန့်ပြီး အမှိုက်သိမ်းယာဉ်တွေ ဝင်ရောက်ဖို့ ခက်ခဲတာ၊ မြေသားလမ်းဖြစ်တဲ့ အတွက် လမ်းမကောင်းတာ၊ လူနေထိုင်မှု နည်းပါး တာ ကြောင့် သန့်ရှင်းရေးဝန် ဆောင်မှုနှောင့်နှေးနေတာလို့ သိရပါ တယ်။
ယခင်က ၁၂ ရပ်ကွက်ကိုသာ ဝန်ဆောင်မှု ပေးခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာ ရေးနှစ်က စတင်ပြီး စက်မှုဇုန် ရှစ်ရပ်ကွက်အပါအဝင် ၁၀ ရပ်ကွက်ကို တိုးမြှင့်ဝန်ဆောင် မှုပေးခဲ့ပါတယ်။ ကျန် ၁၀ ရပ်ကွက်ကို ကွင်းဆင်းစစ်ဆေးမှုတွေ လုပ်ကာ ယာဉ် ယန္တရားနဲ့ ဝန်ထမ်းအင်အားလိုအပ်ချက်တွေကို တွက်ချက်ကာ ဘဏ္ဍာနှစ်အ လိုက် တစ်နှစ်ကို အနည်းဆုံး နှစ်ရပ်ကွက် တိုးမြှင့်ဝန်ဆောင်မှုပေးမယ်လို့ ဦးမောင်မောင်စိုး က ဆိုပါတယ်။

ဦးသိန်းနိုင်က “တစ်နှစ်ကို ငါးရပ်ကွက်လောက်ဆိုရင် လေးနှစ်ဆိုရင် ရပ်ကွက် အားလုံးစုံသွားမယ်၊ တစ်နှစ်ကို နှစ်ရပ် ကွက်နှုန်းနဲ့ လုပ်ပေးမယ်ဆိုရင် ၁၀ နှစ် ကြာမှ အားလုံးရ မယ့်သဘောဖြစ်နေ တယ်၊ ဒါဆိုရင် အဆင်မပြေဘူး”လို့ ဆိုပါ တယ်။

လတ်တလော အခြေအနေကတော့ ရပ် ကွက်တွင်း နေထိုင်သူတွေကတော့ ပုဂ္ဂလိက အမှိုက်လာသိမ်းသူတွေကို စောင့်မျှော်အမှိုက် ပစ်နေရပါတယ်။
မီးဖိုချောင်ထွက်အမှိုက် အစို အခြောက် တွေကို ခွဲခြားမနေဘဲ အားလုံး ရောပြီး လှည်း ပေါ် ပစ်တင်ကာ  အမှိုက်ပစ်ခ ကျပ် ၅၀ဝ ကို သူ့ရဲ့ ကလေးကို ပေးလိုက်ပါတယ်။ ကလေးကလည်ပင်းမှာလွယ်ထားတဲ့အိတ်ထဲကို ပိုက်ဆံထည့်ရင်း သူ့အမေကို ပြုံးပြလိုက်ပါ တယ်။

 

Author / မေစုကြည်