ဌက်ဖျားရောဂါပိုး ဦးနှောက်ထဲဝင်သွားတာကြောင် စိတ်ဝေဒနာခံစားနေရကာ၊ ရှုးသွပ်သလိုဖြစ်နေတဲ့ကလေး ဆေးကုသဖို့ အကူအညီလိုအပ်နေ

ဌက်ဖျားရောဂါပိုး ဦးနှောက်ထဲဝင်သွားတာကြောင့်၊ စိတ်ဝေဒနာခံစားနေရကာ၊ ရှုးသွပ်သလိုဖြစ်နေတဲ့ကလေး ဆေးကုသဖို့ အကူအညီလိုအပ်နေ

ရန်ကုန်၊ ဒီဇင်ဘာ၊၆
ရှမ်းပြည်နယ်၊ မိုးမိတ်မြို့မှာ နေထိုင်တဲ့အသက်(၁၀)နှစ်အရွယ်ကလေးငယ်ဟာ လွန်ခဲ့တဲ့(၅)နှစ်က အပြင်းဖျားပြီး၊ ဌက်ဖျားရောဂါပိုး ဦးနှောက်ထဲဝင်သွားတာကြောင့် ကလေးဟာ အသိညဏ်ကင်းမဲ့ပြီး၊ စိတ်ဝေဒနာခံစားနေရကာ၊ ရှုးသွပ်သလိုဖြစ်နေတာကြောင့် ဆေးကုသဖို့ အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။
သည်ကလေးကို၊ မိုးမိတ်ဆေးရုံကဆရာဝန်တွေက၊မိုးကုတ်မြို့ ဦးနှောက်နဲ့ အာရုံကြောဆေးရုံကို ပြသဖို့ ညွှန်ကြားလိုက်ပေမယ့် မိဘတွေက ငွေကြေး ကစ၊ အစစအရာရာမပြည့်စုံလို့ ရွာကနေအိမ်မှာပဲ နေထိုင်ကာ ဆေးမီးတိုနဲ့ကုသနေရတယ်လို့ ဆိုပါတယ်။၊
ကလေးဟာ အသိစိတ်ကင်းမဲ့ပြီး၊ ရောက်တတ်ရာတွေလျောက်သွာ၊ တွေ့ကရာတွေပါးစပ်ထဲကောက်ထည့်တာ၊တွေကြောင့် မိဘတွေဟာ အလုပ်သွားချိန်မှာ ကလေးငယ်ရဲ့ခြေထောက်ကိုတိုင်မှာ ကြိုးနဲ့ချည်ပြီး အဖိုးအဖွားတွေနဲ့ နေအိမ်အောက်ထပ်မှာထားခဲ့ရပါတယ်။
ကလေးငယ်ကို ကြိုးချည်ပြီးထားခဲ့ရတာ(၅)နှစ်ကျော်ရှိနေပြီး၊ ရန်ကုန်မြို့ဦးနှောက်နဲ့အာရုံကြောဆေးရုံ၊ ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံကို ပြသပြီး ကုသပေးဖို့ မိုးမိတ်မြို့ ပါရမီရှင် လူမှု့ကူညီရေး အသင်းဥက္ကဌ ဒေါ်မြမြထွေး ကပြောပါတယ်။
သည်ကလေးကို ရန်ကုန်ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံမှာ ကုသပေးဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှု့တွေအမြန်ဆုံးခံယူနိုင်ဖို့၊ ရန်ကုန်နဲ့ ကျောက်မဲမြို့မှာ ရှိတဲ့ လူမှု့ကူညီရေးအသင်းက အကြံညဏ်ယူထားပြီဓ အမြန်ဆုံးခေါ်ယူပြသဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
ကလေးငယ်ဟာ မူကြိုအဆင့်တာကျောင်းနေဖူးပြီး ၊သည်လိုမဖြစ်ခင်က သွက်လက်ချက်ချာတဲ့ကလေးငယ်တစ်ဦးဖြစ်ခဲ့ပါတယ်၊အသားရေခတ်လတ်လတ်၊မျက်ခုံးနှာတံနဲ့ ရုပ်ရေသန့်ပြန့်ခဲ့တဲ့ သည်ကလေးဟာ ခုဆိုရင် တစ်ကိုယ်လုံးမှာ ရှိတဲ့အ၀တ်တွေချီတ်ပစ်ပြီး နေတာကြောင့် ဖုန်မှုန့်တွေနဲ့ ပေကျံနေပါတယ်။
” မိဘတွေကတော့ ပျောက်ချင်တာပေါ့ ပိုက်ဆံမရှိလို့ မကုပေးတာပါ အခုတော့ အလှူခံနေပါတယ် ကုသပေးဖို့အကောင်းဆုံးကို မျော်လင့်ထားပါတယ် ကလေးအတွက် တစ်ခါလောက်တော့ကျိုးစားကြည့်ချင်တာပါ ဖြစ်မလာဘူးဆိုရင်တောင် ကျိုးစားခွင့်ကြုံခဲ့လို့ ဖြေသာပါတယ် ကောင်းတာမကောင်းတာက သူ့ကံတရားပေါ့”လို့ပြောပြပါတယ်။
ကလေးဟာ ရှမ်းလူမျိုးဖြစ်ပြီး၊ မောင်နှမ(၃)ဦးမှာ အကြီးဆုံးသားလေးဖြစ်ပါတယ်၊ မိဘတွေဟာ အိမ်ပိုင်မရှိပဲ အဖွားအိမ်ခြံဝန်းမှာ တဲထိုးပြီးနေနေရတာပါ၊ ကလေးကိုကြိုးချည်ထားပေမယ့် မရုန်းကန်ပဲ ငြိမ်ငြိမ်လေးနေနေကာ၊ ၀တ်ထားပေးတဲ့ အ၀တ်တွေကိုတော့ ချွတ်ပစ်တတ်ပြီးမြေမှာ လူးနေတတ်တယ်လို့ သွားရောက်ကြည့်ရှု့သူတွေက ပြောပါတယ်။
ခြံဝန်းလေးထဲမှာ သည်ကလေးနေဲ့ တဲအိမ်ကလေးကို ဆာလာအိတ်နဲ့ကာထားပါတယ်၊ကလေးကိုတော့ အဖွားအိမ်အောက်မှာ ခြေထောက်တစ်ဖက်ကို ကြိုးနဲ့ချီထားပြီး မျက်စေ့ရှေ့မှာရှိတဲ့ မြေကြီးကိုသာ ဆော့နေတတ်လို့ သူ့လက်ဖ၀ါးအသေးလေးတွေမှာ မြေကြီးတွေ ပေကျံနေပါတယ်။

ဇော်မိန်းလို့နာမည်ရတဲ့ သည်ကလေးဟာ မငိုတတ်ပဲ၊ တစ်ခါတစ်ခါရယ်နေတတ်ပါတယ်၊
ဗိုက်ဆာတာတွေ ဘာတွေမပြောတတ်ကာ၊ ထမင်းလဲတောင်းမစားပါဘူး၊ မျက်စေ့ရှေ့ကမြင်ရာတွေကို ပါးစပ်ထဲထည့်တာ၊ ကြိုးဖြေထားရင် အိမ်ရဲ့ခေါင်မိုးအထိ တက်သွားတာ၊ တစ်ခြားအိမ်ကပစ္စည်းတွေကို ယူဆော့တတ်တာကြောင့် ကြိုးနဲ့ချည်ထားရတာလို့ ဆိုပါတယ်။

လူမှု့ကူညီရေး အသင်းဥက္ကဌ ဒေါ်မြမြထွေး သတင်းကြားလို့ သွားရောက်သွားရောက်တဲ့ အချိန်မှာ ကလေးငယ်ဟာ ငုတ်တုတ်ကလေးထိုင်နေပြီးသိမ်မွေ့တဲ့အကြည့်နဲ့ မျက်လုံးလေးတွေကြည်လဲ့နေကာ သူ့ကိုကူညီပါဆိုတဲ့ ပုံစံမျိုးနဲ့ သနားဖွယ်ရာ မြင်တွေ့ခဲ့ရတယ်လို့ ပြန်ပြောပြပါတယ်။
” တွေ့တွေ့ချင်း ရင်ထဲဆို့သွားတာပဲ ငုတ်တုတ်ကလေးထိုင်နေတာ တိုင်မှာကြိုးလေးချီထားတာ လူကြီးတွေတောထဲသွားတဲ့ အချိန်ဆိုသည်တိုင်းထားခဲ့ရတာစဉ်းစားတာကြည့်လိုက်စကားတောင် ပြောမထွက်တော့ဘူး ဒါကြောင့်မေတ္တာ ကရုဏာနဲ့ သူ့ဘဝလေး သူများတည်းတူတန်းတူဖြစ်နိုင်ဖို့ တတ်စွမ်းနိုင်သမျှ ကျိုးစားချင်တဲ့ စိတ်အား ထက်သန်မှု့ဖြစ်နေတာ”လို့ ကလေးငယ်နဲ့ ပတ်သက်တဲ့ သူ့ခံစားချက်ကို ပြောပြပါတယ်။
သည်ကလေးငယ်အတွက် လှူဒါန်းချင်ရင်တော့ မိုးမိတ်မြို့ ပါရမီရှင် လူမှု့ကူညီရေး အသင်းဥက္ကဌ ဒေါ်မြမြထွေး ဖုန်း ၀၉၂၅၆၂၃၉၅၁၀ ကိုဆက်သွယ်နိုင်ပါတယ်

author အေးအေးအောင်
PS .( ကုမုဒြာဂျာနယ်တိုက် (၀၁ ၂၉၆၇၆၀ ၊ ၀၉၇၉၅၉၃၄၈၅၂ ကိုလည်းဆက်သွယ်လှူနိုင်ပါတယ်)