ချင်းပြည်နယ်က အိမ်ထောင်ရှင်မအချို့ လုပ်ကိုင်စားသောက်ရ အဆင်မပြေ

ချင်းပြည်နယ်အတွင်းမှာ လူဦးရေ စုစုပေါင်း ၄၇၈,၈၀၁ ဦးရှိရာ အမျိုးသမီးအချိုးအစားများနေပြီး ကလေးမွေးဖွားနှုန်းကလည်း မြင့်မားနေပါတယ်။

ရန်ကုန်၊ ဒီဇင်ဘာ ၃၁ – ချင်းပြည်နယ်ကအမျိုးသမီးအများစု အိမ်ရှင်မတစ်ယောက်ရဲ့ တာဝန်တွေအပြင် တောင်ယာလုပ်ငန်းတွေကို ကိုယ့်ခွန်ကိုယ့်အားနဲ့လုပ်နိုင်သလောက်လုပ်ကြပေမဲ့စိန်ခေါ်မှုတွေနဲ့ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ချင်းအမျိုးသမီးအဖွဲ့ ပလက်ဝမြို့က မိုင်အောင်မဖြူက ကျန်းမာရေးမကောင်းရင်၊ ရာသီဥတုမကောင်းရင် သူတို့အတွက်စိန်ခေါ်မှုကကြီးတယ်၊ စားရသောက်ရတာကလဲ လောက်ငမှုမရှိဘူး၊ သူတို့လုပ်ကိုင်ရတာနဲ့ ရတာကမမျှတဘူးဖြစ်နေတယ်၊ ဧကတွေက အများကြီး၊ ပေါင်းရှင်းတာမလွယ်ကူဘူး၊ အာဟာရပိုင်းကလ ပြည့်ပြည့်ဝဝမစားသောက်ရတဲ့ အခြေအနေတွေကအမျိုးသမီးတွေမှာပိုများတယ်လို့ ပြောပါတယ်။

ချင်းပြည်နယ်အတွင်းမှာ တောင်ယာစပါး၊ ပြောင်းအပြင် မုန်ညင်း၊ လက်ဖက်၊ ပဲတောင့်ရှည်၊ ဝဥ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ထောပတ်သီး၊ စပျစ်သီးစတာတွေစိုက်တဲ့ ဥယျာဉ်ခြံတွေလည်း ရှိပါတယ်။ချင်းပြည်နယ်ရဲ့ ၂၀၁၄ ခုနှစ် လူဦးရေ ပိရမစ်ပုံစံက အောက်ခြေကျယ်ပြန့်တဲ့ ပုံစံဖြစ်ပြီး ကလေးနဲ့လူငယ်ဦးရေများစွာပါဝင်နေတယ်။ မြန်မာနိုင်ငံလူဦးရေအချိုးအစားအိုးပုံစံ လူဦးရေ ပိရမစ်နဲ့ကွဲပြားခြားနားနေတယ်။ ချင်းပြည်နယ်မှာ မွေးဖွားနှုန်းမြင့်မားနေပြီး ဆယ်စုနှစ် နှစ်ခုအတွင်း လူဦးရေ လျင်မြန်စွာတိုးမြင့်နေပါတယ်။ချင်းပြည်နယ်လူဦးရေ ပိရမစ်ပုံစံမှာ အသက် ၁၅ နှစ်နဲ့အထက် လူဦးရေလျော့နည်းတာက ရွှေ့ပြောင်းထွက်မှုနှုန်းမြင့်မားနေတာဖြစ်နိုင်တယ်လို့ သန်းခေါင်စာရင်းအရ သိရပါတယ်။ဖလမ်းမြို့က ဒေါ်ငွန်လျန်းက အမျိုးသားက အပြင်ထွက်အလုပ်လုပ်တော့ ကလေးတွေစားဖို့၊ ကျောင်းထားဖို့က အိမ်မှာကျန်ခဲ့သူရဲ့တာဝန်ပေါ့၊ သူတို့က ပိုက်ဆံအများကြီး ပို့နိုင်သေးတာ မဟုတ်ဘူး၊ အခုပြောင်းစိုက်ထားတယ်၊ ဈေးမကောင်းတော့ ခက်နေတယ်လို့ ပြောပါတယ်။ချင်းလူမျိုးအများစုက မလေးရှားနိုင်ငံကိုအများဆုံးသွားရောက်ပြီး ဒုတိယ အများဆုံးက အမေရိကန်နိုင်ငံနဲ့ တတိယက အိန္ဒိယနိုင်ငံကိုသွားရောက်ကြပါတယ်။

ခိုင်မာတဲ့ ဈေးကွက်
အခုနောက်ပိုင်း နည်းပညာပံ့ပိုးမှုတွေကြောင့် တောင်ယာစိုက်ပျိုးမှုတွေကောင်းမွန်လာပေမဲ့ ခိုင်မာတဲ့ဈေးကွက်မရှိတာကြောင့် စိုက်ပျိုးဖို့ ယုံကြည်မှုအားနည်းလာကြပါတယ်။ထွက်လာသမျှကုန်တွေကိုရောင်းချဖို့အတွက်နေရာမရှိရင် ဘယ်လောက်ကောင်းအောင်စိုက်စိုက်၊ ဘယ်လောက်အထွက်တိုးတိုး အလကားပါပဲ၊ ဈေးကွက်မရှိတော့ စိုက်ပျိုးထားတဲ့သီးနှံတွေပုပ် တာကို ထိုင်ကြည့်နေရတယ်လို့ ဖလမ်းမြို့က မငွန်းဆျန်က ပြောပါတယ်။ချင်းပြည်နယ်အတွင်းမှာ လူဦးရေ စုစု ပေါင်း ၄၇၈,၈၀၁ ဦးရှိရာ အမျိုးသမီးအချိုးအစားများနေပြီး ကလေးမွေးဖွားနှုန်းကလည်း မြင့်မားနေပါတယ်။
တီးတိန်က ဒေါ်ထွီရ်က မြေယာပိုင်ဆိုင်မှုကတော့ ဘိုးဘွားပိုင်မြေတွေကိုပဲ လုပ်ကိုင်စားသောက်ရတာ၊ အစိုးရကပြောတဲ့ ပိုင်ဆိုင်မှုတွေလုပ်ရတာတော့ နည်းနည်းပြဿနာရှိတယ်၊ သွားလာရတဲ့ စရိတ်၊ လုပ်ကိုင်ရတဲ့ စရိတ်တွေက နည်းနည်းခက်တယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ်အတွင်းက အလုပ်လုပ်နိုင်တဲ့ လုပ်သားအင်အားအများစုက တောင်ယာလုပ်ငန်းတွေကိုစွန့်ခွာကာ ပြည်ပနိုင်ငံတွေကိုထွက်ပြီး အလုပ်လုပ်ကြတာကြောင့် အမျိုးသမီးတွေကတောင် ယာလုပ်ငန်းတွေမှာလုပ်ကိုင်ကြရသလို အိမ်ရှင်မတာဝန်တွေလည်းဆောင်ရွက်နေကြပါတယ်။ပလက်ဝမြို့နယ် လူမှုရေးအသင်း(ရန်ကုန်)အတွင်းရေးမှူး ကိုပီတာလွယ်လူးက အမျိုးသားအများစုက မိရိုးဖလာလုပ်ငန်းတွေပဲလုပ်ကြတယ်၊ အလုပ်အကိုင်အခွင့်အလမ်းမရှိတဲ့အတွက်အပြင် ထွက်လာတာတွေကများနေဦးမှာပဲ၊ အခွင့်အလမ်းမရှိတော့လဲ ထွက်နေဦးမှာပဲ၊ အခုလဲထွက်နေကြတာပဲလို့ ပြောပါတယ်။

ချင်းအမျိုးသားတပ်ဦးနဲ့ အစိုးရကြား ၂၀၁၂ ခုနှစ် က လက်မှတ်ရေးထိုးခဲ့ပြီး နောက်ပိုင်း ပြည်နယ်အတွင်း ဖွံ့ဖြိုး ရေးလုပ်ငန်းတွေကိုလုပ်ကိုင်ခဲ့ကြတယ်။ ၂၀၁၃-၂၀၁၄ ခုနှစ်က စတင်ပြီး ဒေသဆိုင်ရာဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတို့အတွက် ပြည်နယ်၊ တိုင်းဒေသကြီးအသီးသီးကခွဲဝေဘတ်ဂျက် ကျပ်ဘီလျံတစ်သန်းအပြင် ကျပ် ဘီလျံနှစ်သန်းကိုရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ ခွဲဝေပေးထားတယ်လို့ သိရပါတယ်။
ကိုပီတာက ပြင်ပကိုထွက်ခွာနေတဲ့ ကိစ္စတွေကိုထိန်းချုပ်ဖို့က အလုပ်အကိုင်အဖွင့်အလမ်းတွေ ဖန်တီးပေးမယ့် စက်ရုံတွေတည်ဆောက်ပေးမယ်၊ ပြန်လာတဲ့သူလဲ ပြန်လာရင်ရှာလာတာက ကုန် ပြန်ရော၊ မလေးရှားမှာလိုတူရာအလုပ်တွေစုပြီးတော့လုပ်နိုင်ရင် အဆင်ပြေမယ်လို့ ဆိုပါတယ်။

Author – မေစုကြည်