ရေဒါပျောက် ခရုဇ်ဒုံးကျည် တောင်ကိုရီးယားစမ်းသပ်

ပ်စက်တင်ဘာ ၁၃ – တောင်ကိုရီးယားက သူတို့ဟာ ဝေဟင်ကနေပစ်လွှတ်လို့ရတဲ့ အဆင့်မြင့်ခရုဇ်ဒုံးကျည်အတွက် ပထမဆုံးအကြိမ် ကျည်အစစ်နဲ့ပစ်ခတ်လေ့ကျင့်မှု တစ်ရပ်ကိုပြုလုပ်ခဲ့ပြီး သည်ဒုံးကျည်ဟာ မြောက်ကိုရီးယားနဲ့ ပဋိပက္ခဖြစ်တဲ့အခါ ကြိုတင်လက်ဦးမှုယူ တိုက်ခိုက်နိုင်မှုစွမ်းရည်ကို တိုးမြင့်စေလိမ့်မယ်လို့ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

F – 15 တိုက်လေယာဉ်ကနေ ပစ်လွှတ်လိုက်တဲ့ တောရပ်စ် ဒုံးကျည်ဟာ အမြင့်ပေ ခပ်နိမ့်နိမ့်မှာရှိတဲ့ အတားအဆီးတွေကိုဖြတ် ကျော်ပြီး တိုင်းပြည်နဲ့အနောက်ဘက်ကမ်းရိုးတန်းက ပစ်မှတ်ကိုထိမှန်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။

ဂျာမနီရဲ့ တောရပ်စ်စနစ်က ထုတ်လုပ်ထားတဲ့ သည်ဒုံးကျည်ဟာ အများဆုံးအကွာအဝေး ၅၀ဝ ကီလိုမီတာအထိရောက်ရှိနိုင်ပြီး stealth နည်းပညာရပ်တွေထည့်သွင်းပေးထားတာကြောင့် ရေဒါကိုရှောင်နိုင်ပြီး မြောက်ကိုရီးယား ပစ်မှတ်တွေကို ထိမှန်နိုင်တယ်လို့ ဆိုးလ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အဆိုအရသိရပါတယ်။

Author – ချိုလေးငယ်
[ref: AP, Sep 13, 2017.]