တောင်ကိုရီးယားရဲ့ ယာယီသမ္မတ ဟွမ်ကျိုးအန်းက ဘယ်လိုလူမျိုးလဲ 

အခုအချိန်မှာ ဟွမ်ဟာ သမ္မတတာဝန်တွေအပြင် တောင်ကိုရီးယားစစ်တပ်ရဲ့ စစ်ဦးစီးချုပ်တာဝန်ကိုပါ စတင်ထမ်းဆောင်နေပါတယ်။

 

ဒီဇင်ဘာ ၉ – သမ္မတပတ်ဂွန်ဟေးကို စွပ်စွဲပြစ်တင်မှုလုပ်ပြီးနောက် ယာယီသမ္မတ အဖြစ် အစိုးရအဖွဲ့ကို တာဝန်ယူ စောင့် ရှောက်ပေးနေရတဲ့ သည်ပုဂ္ဂိုလ်ဟာ ရာထူးကနေ ဆိုင်းငံ့ခံထားရတဲ့ နိုင်ငံခေါင်း ဆောင်ကို အမာခံကာကွယ်ပေးသူ တစ်ယောက်အဖြစ် ဝေဖန်သူတွေက ရှုမြင်ကြပါတယ်။

ဝန်ကြီးချုပ် ဟွမ်ကျိုးအန်းဟာ ဘယ်လောက်အထိ သစ္စာရှိသလဲဆိုရင် မစ္စပတ် ကို ရာထူးကနေ လျှောကျသ∑ားစေတဲ့ ပြီးခဲ့ တဲ့လက အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ကြီးဖြစ်ခဲ့တဲ့အချိန်မှာဟွမ်ကဒါတွေအားလုံးဟာ မစ္စပတ်ရဲ့ အပြစ်မဟုတ်ဘဲ သူနည်းမှန်လမ်းမှန်မပံ့ပိုးပေးနိုင်ခဲ့တာ ကြောင့် အမှန်တကယ်တော့ သူ့ရဲ့ အပြစ် ပဲဖြစ်တယ်လို့ ဖြေကြားခဲ့တာကို ကြည့်ရင် သိနိုင်ပါတယ်။

အသက် ၅၉နှစ်ရှိပြီဖြစ်တဲ့ဟွမ်ဟာ အစိုးရရှေ့နေအဖြစ် နှစ်ပေါင်း ၃၀နီးပါး တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် နိုင်ငံရေး လောကထဲဝင်ရောက်ပြီး မူဝါဒရေးဆွဲသူအဖြစ် ဆောင်ရွက်ခဲ့သူပါ။ သူ့ကို မစ္စပတ် ရဲ့ ဝန်ကြီးအဖွဲ့ထဲက အားကိုးထိုက်တဲ့ သစ္စာရှိ ဝန်ထမ်းတစ်ဦးအဖြစ် မှတ်ယူထား ပါတယ်။  သည်ဝန်ကြီးချုပ်ဟာ တိုင်းပြည် ရဲ့ နံပါတ်နှစ် နေရာမှာရှိပေမဲ့ အဓိက အာဏာတော့ မရှိပါဘူး။

အခုအချိန်မှာတော့ ဟွမ်ဟာ သမ္မတ တာဝန်တွေအပြင် စစ်သား ၆၃၀,ဝ၀ဝရှိတဲ့ တောင်ကိုရီးယားစစ်တပ်ရဲ့ စစ်ဦးစီးချုပ် တာဝန်ကိုပါ စတင်ထမ်းဆောင်နေပြီး တစ် ဖက်မှာလည်း တိုင်းပြည်ရဲ့ ဖွဲ့စည်းအခြေခံ ဥပဒေတရားရုံးဟာ မစ္စပတ်အပေါ် စွပ်စွဲ ပြစ်တင်မှုကို အတည်ပြုပေးရမလား၊ ပယ်ချရမလားဆိုတာကို စဉ်းစားသုံးသပ်နေ ကြပါတယ်။ သည်တရားရုံးဟာ  ဆုံးဖြတ် ဖို့ ခြောက်လအချိန်ရှိပြီး တကယ်လို့ ပတ် ကို ဖယ်ရှားလိုက်မယ်ဆိုရင်တော့ သမ္မတ ရွေးကောက်ပွဲကို ရက်ပေါင်း ၆၀ အတွင်း ကျင်းပပေးရမှာပါ။

သည်လိုအခြေအနေမျိုးမှာ ဝန်ကြီးချုပ်ရဲ့အာဏာကို ဥပဒေထဲမှာ ရှင်းရှင်း လင်းလင်း ဖော်ပြမထားတဲ့အတွက် နောက်ထပ်ဘာတွေ ဖြစ်လာမလဲဆိုတဲ့  အမေးကို ရှင်းလင်းပေးဖို့ လိုလာပါတယ်။

ဥပဒေပညာရှင်အချို့ကတော့ ဟွမ်ဟာ သမ္မတပတ် တာဝန်ပြန်မယူခင်ပဲဖြစ် ဖြစ်၊ သမ္မတအသစ်မရခင်မှာပဲဖြစ်ဖြစ် ခေတ္တ အစားထိုးပေးထားရုံသာဖြစ်တာ ကြောင့် သူ့အာဏာကို အကန့်အသတ် ထားရှိသင့်တယ်လို့ ပြောပါတယ်။ သမ္မတနေရာကို အစားဝင်ရောက်ပေးရပေမဲ့လည်း သူ့ရာထူးကတော့ ဝန်ကြီးချုပ် အဖြစ်ပဲ ရှိနေပါတယ်။

ဒါပေမဲ့ အတိုက်အခံလွှတ်တော် အမတ်တွေဟာ ဟွမ်ကို အထူးတလည် ဂရုစိုက်တာမျိုးမရှိကြပေမဲ့ တစ်ဖက်မှာတော့ သူ့မှာ အကြီးတန်းအရာရှိတွေကို ခန့်အပ်လို့ရတဲ့ အာဏာမျိုးတော့ အနည်း ဆုံးရှိသင့်တယ်လို့ လူအချို့က ပြောကြပါ တယ်။

ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးရဲ့ တရားသူကြီးကိုးဦးထဲက နှစ်ဦးရဲ့ သက်တမ်းဟာ နောက်နှစ်ဆန်းပိုင်း မှာ ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် သည် ဖြစ်ရပ်ဟာပတ်ရဲ့ ပြစ်တင်စွပ်စွဲမှုနဲ့ပတ်သက်ပြီး တရားရုံးရဲ့ ပြန်သုံးသပ်နေမှုကို အချိန်ဆက်ရှည်သွားမှာကို စိုးရိမ်ပူပန်နေ ကြပါတယ်။ ပတ်ကို သမ္မတရာထူးကနေ ဖယ်ရှားဖို့အတွက် တရားသူကြီး ခြောက်ဦးထက်မနည်း ထောက်ခံပေးဖို့ လိုအပ်ပါတယ်။

ယာယီသမ္မတအဖြစ် တာဝန်ထမ်း ဆောင်နေတဲ့ ဟွမ်အတွက် သူလုပ်နိုင်တဲ့ အရာတွေနဲ့ လုပ်ခွင့်မရှိတဲ့  အရာတွေကို ပိုပြီး ရှင်းရှင်းလင်းလင်းဖော်ပြပေးမယ့် ဥပဒေတစ်ရပ်ကို အဆိုပြုဖို့ သူတို့စီစဉ်နေတယ်လို့ အတိုက်အခံလွှတ်တော် အမတ်တွေက ပြောပါတယ်။

ဟွမ်ဟာ ၂၀၁၃ခုနှစ်မှာ တရားရေးဝန် ကြီးဖြစ်လာပြီး မြောက်ကိုရီးယားယိမ်းတဲ့အမြင် သဘောတရားတွေ ရှိတယ်လို့ စွပ်စွဲခံထားရတဲ့ လက်ဝဲယိမ်းနိုင်ငံရေး ပါတီ ကို ဖျက်သိမ်းဖို့ အစိုးရရဲ့ ကြိုးပမ်းလုပ် ဆောင်ချက်တစ်ရပ်ကို အောင်မြင်အောင် အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။

သည့်နောက်မှာတော့ ပြီးခဲ့တဲ့နှစ် ဇွန်လမှာ ဟွမ်ဟာ ဝန်ကြီးချုပ် လီဝမ်ကူးရဲ့ နေရာကိုဆက်ခံပြီးတော့ ဝန်ကြီးချုပ် ဖြစ် လာပါတယ်။ လီဝမ်ကူးဟာ လာဘ်စားခဲ့တဲ့ ပတ်အစိုးရအဖွဲ့ဝင် အများအပြားထဲက တစ်ယောက်အဖြစ် စွပ်စွဲခံရတာကြောင့် ရာထူးက နုတ်ထွက်ခဲ့တာပါ။

သည်နှစ် ဇူလိုင်လမှာတော့ ဟွမ်ဟာ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုရန်တွေ ကာကွယ်ဖို့ ကျေးလက်မြို့တစ်မြို့မှာ အမေရိကန် ဒုံးကျည်ကာကွယ်ရေးစနစ်တစ်ရပ် တပ်ဆင်ဖို့ သဘောတူညီခဲ့ပြီးနောက် အဆိုပါမြို့ကို သွားရောက်လည်ပတ်ခဲ့တဲ့ အချိန်မှာ ကြက်ဥတွေ၊ ရေပုလင်းတွေနဲ့ ပစ်ပေါက်တာခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့လက ပတ်ဟာ သည်သတင်း ဆိုးကြီးကြောင့် နှစ်ဖက်ပါတီရဲ့ ထောက်ခံ မှုရဖို့ လစ်ဘရယ်တွေကို ဆွဲဆောင်ဖို့ ကြိုး ပမ်းမှုတစ်ရပ်အနေနဲ့ သူ့ရဲ့ဝန်ကြီးချုပ် အသစ်အဖြစ် သမ္မတဟောင်းရိုရဲ့ မူဝါဒရေးရာ အကြံပေးဟောင်းတစ်ဦးဖြစ်တဲ့ ကင်ဗျောင်ဂျွန်းကို အမည်စာရင်းပေးခဲ့တဲ့ အချိန်မှာတော့ ဟွမ် ရာထူးက နုတ်ထွက် ရတော့မယ့်ပုံ ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ အတိုက်အခံတွေ ထိန်းချုပ်ထားတဲ့ လွှတ်တော်က ကင်ကို ဝန်ကြီးချုပ်အဖြစ် အတည်ပြုပေးဖို့ ငြင်းဆိုပြီး ပတ်ကို စွပ်စွဲ ပြစ်တင် နိုင်ဖို့သာ ဆက်ပြီးတွန်းအားပေးခဲ့ ကြတာကြောင့် ဟွမ်ဟာ သည်ရာထူးမှာပဲ ဆက်လက်ထမ်းဆောင်ခဲ့ရပါတယ်။

ပတ်ကို လွှတ်တော်ဆိုင်ရာ စွပ်စွဲပြစ် တင်မှု မလုပ်ခင်တည်းကပဲ ဟွမ်ဟာ သူ့ရဲ့ နေရာကို အချို့ကိစ္စတွေအတွက် လုပ်ဆောင်ပေးခဲ့ရပါတယ်။ ပြီးခဲ့တဲ့လက လည်း အာရှ-ပစိဖိတ်စီးပွားရေး ပူးပေါင်း မှုထိပ်သီးဆွေးနွေးပွဲအတွက် ဟွမ်ဟာ ပီရူး ကို သွားခဲ့ပါတယ်။  သည်ဆွေနွေးပွဲကို ပတ်က နိုင်ငံရေးပြဿနာတွေကြောင့် မတက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

ပတ်ဟာ တရားရုံးကို  လာရောက်ထွက်ဆိုမလားဆိုတာတော့ သေချာမသိရ သေးပါဘူး။  ၂၀ဝ၄ ခုနှစ်တုန်းကလည်း ကွန်ဆာဗေးတစ် လွှတ်တော်အမတ် ကင် ကီချွန်းက သမ္မတရိုကို တရားရုံးရှေ့မှောက် လာရောက်အစစ်ခံဖို့ တောင်းဆိုခဲ့ပေမဲ့ တရားရေးဌာနကတော့ တရားရုံး ရှေ့မှောက် သူထွက်လာဖို့ မလိုအပ်ဘူးဆိုပြီး ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

 

ချိုလေးငယ်
[ref: AP, Dec 9, 2016.]