အငြင်းပွားရေပိုင်နက်အတွင်း တရုတ်က ရေဒါတပ်ဆင်ဟု ဂျပန်မီဒီယာ ဆို

ဩဂုတ် ၇ – အရှေ့တရုတ်ပင်လယ်အတွင်း အငြင်းပွားဧရိယာထဲမှာ တရုတ်က စစ်ရေး လှုပ်ရှားမှုတွေအတွက် ဖြစ်နိုင်ခြေရှိတဲ့ ရေ ဒါစနစ်ကိုတပ်ဆင်ခဲ့တယ်လို့ ဂျပန်မီဒီယာတွေက တနင်္ဂနွေနေ့မှာ ဖော်ပြခဲ့ပါတယ်။
တရုတ်က အငြင်းပွားပိုင်နက်ဖြစ်တဲ့ ဓာတ်ငွေ့သိုက်လုပ်ကွက်တစ်ခုအတွင်း သူ တည်ဆောက်ထားတဲ့အထဲက နေရာတစ်ခုမှာ မြေပြင်ရှာဖွေရေးရေဒါနဲ့ လျှို့ဝှက် ထောက်လှမ်းရေးကင်မရာကို တပ်ဆင်ထားတယ်လို့ ဂျပန်နိုင်ငံ
ခြားရေးဝန်ကြီးက ပြောကြားခဲ့တဲ့အကြောင်း Nikkei စီးပွားရေးသတင်းစာက ဖော်ပြထားပါတယ်။

ဝန်ကြီးဌာနဟာ သံတမန်ဆက်သွယ်ရေးကတစ်ဆင့် သောကြာနေ့မှာ ဘေဂျင်းကို ကန့်ကွက်ကြောင်း ပြောကြားထား တယ်လို့ သိရပါတယ်။
ဒါဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့သိုက်တွေပေါတဲ့ သည်ဧရိယာအတွင်းက တရုတ်ရဲ့ တည်ဆောက်မှုတစ်ခုမှာ ပထမ ဆုံးအကြိမ် ရေဒါစနစ် တပ်ဆင်လိုက်တာ ဖြစ်ပါတယ်။
တိုကျိုက ရေဒါရဲ့ လုပ်ဆောင်နိုင်စွမ်းကို ဆန်းစစ်နေပြီဖြစ်ပြီး  ဘေဂျင်းအနေနဲ့ အရှေ့တရုတ်ပင်လယ်အတွင်း စစ်ရေးအရ အင်အားပိုကောင်းလာဖို့ ရည်ရွယ်ထားနိုင် တယ်လို့ ဆိုပါတယ်။
ဂျပန်နဲ့ တရုတ်တို့ဟာ ၂၀ဝ၈ ခုနှစ်က တစ်နိုင်ငံတည်းစစ်ရေးလေ့ကျင့်မှုတားမြစ် ချက်နဲ့အတူ အငြင်းပွားဧရိယာအတွင်း ပင်လယ်ရေအောက်သယံဇာတတွေနဲ့ပတ်သက်ပြီး အတူပူးတွဲလုပ်ဆောင်ရေး သဘောတူညီထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ညှိနှိုင်းမှုတွေက မရေမရာဖြစ် နေခဲ့ပြီး တရုတ်ဟာ ဂျပန်နဲ့ရေကြောင်း နယ်စပ်အနီးမှာ ရေနံတူးစင်တချို့ကို လုပ်ဆောင်နေတယ်လို့ တိုကျိုက သံသယရှိ နေပါတယ်။
တနင်္ဂနွေနေ့မှာလည်း အရှေ့တရုတ် ပင်လယ်အတွင်း အငြင်းပွားကျွန်းတွေအနီး ဂျပန်ရေပိုင်နက်အတွင်းကို တရုတ်သင်္ဘောနှစ်စင်းဝင်ရောက်လာတဲ့အတွက် တိုကျိုက ကန့်ကွက်ပြောကြားခဲ့ပါသေးတယ်။
စနေနေ့ကလည်း ၄င်းရေပိုင်နက်အတွင်း လက်နက်တွေ သယ်ဆောင်လာပုံရ တဲ့ သင်္ဘောလေးစင်းအပါအဝင် တရုတ် ကမ်းခြေစောင့်သင်္ဘော ခုနစ်စင်းနဲ့ ငါးဖမ်း သင်္ဘောအစင်း ၂၃၀ ခန့်ကို တွေ့ရှိရတယ် လို့ ဂျပန်ရေကြောင်းအာဏာပိုင်တွေက ပြောခဲ့ပါတယ်။

YSD

[ref: AFP , Aug 7, 2016.]