မီးခိုးမြူသတိပေးချက်ရပ်ဆိုင်းဖို့ မိုးလေဝသခန့်မှန်းသူတွေကို တရုတ်ညွှန်ကြား

ဘေဂျင်း၊ ဇန်နဝါရီ ၁၈ – တရုတ်အာဏာပိုင်တွေဟာ အမည်မဖော်တဲ့ တရုတ်ပြည်နယ်တစ်ခုရဲ့အစောပိုင်းထုတ်ခဲ့တဲ့ မီးခိုးမြူ သတိပေးချက်ကို ရပ်ဆိုင်းဖို့အမိန့်ပေးခဲ့ပါတယ်။  သဘာဝပတ်ဝန်းကျင်နဲ့ မိုးလေဝသအာဏာပိုင် အဖွဲ့တွေရဲ့ ခန့်မှန်းချက်တွေကြားအထင်အမြင်လွဲမှုကိုရှောင်ရှားဖို့ဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာက အင်္ဂါနေ့ညပိုင်းက ဖော်ပြပါတယ်။
လေထုညစ်ညမ်းမှုကို နှစ် ၃၀ နီးပါးတိုက်ပွဲဝင်နေတဲ့ တရုတ်မှာမြောက်ပိုင်းဒေသကြီးတစ်လျှောက် နှစ်သစ်ကူးကာလအတွင်း မီးခိုးမြူ တွေဖုံးလွှမ်းနေပြီး ဘေဂျင်း၊ ထျန်ကျင်းလိုမြို့ကြီးတွေမှာ လေထုအရည်အသွေးဖတ်ရှုမှုဟာ အန္တရာယ်ရှိတဲ့အဆင့်အထိရောက်ရှိနေပြီး လူအများစုဟာ အိမ်ထဲမှာပဲနေရပါတယ်။
တရုတ်အာဏာပိုင်တွေဟာဖြစ်ပေါ်လာမယ့် မီးခိုးမြူတွေအကြောင်းကုမ္မဏီတွေ၊ ကျောင်းတွေ၊ လူတွေကို သတိပေးဖို့၊ လေထုညစ်ညမ်း စေတဲ့စက်ရုံတွေရဲ့ထုတ်လုပ်မှုကန့်သတ်တာ၊ မြို့လမ်းတွေပေါ်မှာကားအဟောင်းတွေ ကိုပိတ်ပင်တာတွေလုပ်ဖို့အတွက်အရောင်နဲ့ခွဲထား တဲ့ သတိပေးစနစ်တွေကိုအသုံးပြုသတိပေးကြပါတယ်။
စနစ်ရဲ့တိကျမှုနဲ့သင့်တော်တဲ့ သုံးစွဲမှုဟာလူထုအဓိကဆွေးနွေးစရာဖြစ်လာပြီး လူတွေဟာဒေသအသီးသီးမှာ တရုတ်အာဏာပိုင်အမျိုးမျိုး ကထုတ်ပြန်တဲ့ စနစ်တွေကို  အင်တာနက်ပေါ်မှာ အမြဲမေးခွန်းထုတ်ကြပါတယ်။
ပြည်နယ်မြို့တော်ရဲ့ ရာသီဥတုခန့်မှန်းချက်ပါ  နို့တစ်စာမှာစီရင်စုနဲ့ မြို့တော်ရာသီဥတုခန့်မှန်းသူတွေက မီးခိုးမြူအတွက်အစောပိုင်း သတိပေးချက်ထုတ်တာကို ချက်ချင်းရပ်တန့်ဖို့ပြောကြားချက်ကို နာမည်ကြီးဝေဘိုဝက်ဘ်ဆိုက် မှာ အင်္ဂါနေ့ကမျှဝေသူများပြားခဲ့ပါတယ်။
သည်ညွှန်ကြားချက်ကြောင့် ရာသီဥတုအာဏာပိုင်တွေက မီးခိုးမြူထုတ်ပြန်ချက်ကို ဘာကြောင့်ထုတ်ပြန်ခွင့်မပေးတာလဲလို့ အွန်လိုင်း ပေါ်မှာဒါသတကြီးမေးမြန်းနေကြပါတယ်။
မိုးလေဝသဌာနကသဘာဝပတ်ဝန်းကျင် ကာကွယ်ရေးဝန်ကြီးဌာနနဲ့ တိုက်ခိုက်ပြီးနောက်ရှုံးသွားတယ်လို့ နန်ကျင်းမိုးလေဝသဌာနက   သူ့ရဲ့တရားဝင်ဝေဘိုအကောင့်မှာ ရေးထားပါတယ်။
အဲဒါကြောင့် မိုးလေဝသဖြစ်ရပ်ဆိုးတစ်ခုဖြစ်တဲ့ မီးခိုးမြူနဲ့ပတ်သက်တဲ့ အစောပိုင်းသတိပေးချက်တွေကို မိုးလေဝသဌာနကထုတ်ပြန်လို့ မရတော့တာပါလို့ ၄င်းက ရေးသားထားပါတယ်။

Author – စုပြည့်စုံ
[ref:Reuters, Jan 18, 2017.]