စင်ကာပူက အာဆီယံဥက္ကဋ္ဌ ရာထူးကို တရားဝင်လွှဲယူမည်

နိုဝင်ဘာ ၁၂- ဖိလစ်ပိုင်မှာ တနင်္ဂနွေနေ့က စတင်ကျင်းပမယ့် သုံးရက်ကြာ အာဆီ ယံထိပ်သီးအစည်းအဝေးမှာ စင်ကာပူ ဟာ ဒေသတွင်းအဖွဲ့ဥက္ကဋ္ဌရာထူးကို တရားဝင်ရယူမှာ ဖြစ်ပါတယ်။
စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းဟာ စင်ကာပူက အခမ်းအနားပိတ်သိမ်းချိန် အဖွဲ့ဥက္ကဋ္ဌရာထူးတရားဝင်လွှဲယူတဲ့အချိန်မှာ မိန့်ခွန်းအကျဉ်းပြောမှာ ဖြစ်ပါတယ်။

အာဆီယံနိုင်ငံတွေရဲ့ဥက္ကဋ္ဌတာဝန်တွေထဲမှာ အဖွဲ့ဝင်၁၀နိုင်ငံအတွက် ပြော ရေးဆိုခွင့်ရတာ၊တရားဝင်အစည်းအဝေးတွေ၊ အလုပ်အမှုဆောင်တာဝန်တွေကို လက်ခံဆောင်ရွက်တာ၊ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု မြင့်တက်လာရေး အတွက် လုပ်ငန်းအသစ်တွေကို စီစဉ် ရေးဆွဲတာတွေ ပါဝင်ပါတယ်။

စင်ကာပူတာဝန်ရှိသူတွေက ဒစ်ဂျစ်တယ်စီးပွားရေးနဲ့ အီး-ကောမက်ဟာ နိုင်ငံက ဥက္ကဋ္ဌရာထူးယူချိန်မှာ အဓိက ဖော်ဆောင်မယ့်အရာတွေဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ စင်ကာပူဟာ အာဆီယံနဲ့ တရုတ်ကြားပူးပေါင်းဆောင်ရွက်မှုကိုလည်း တိုးမြှင့်မှာဖြစ်ကြောင်း မစ္စတာလီ ကအစောပိုင်းက တရုတ်နိုင်ငံပိုင်သတင်း ဌာန ဆင်ဟွာနက်နဲ့ အင်တာဗျူးမှာ ပြော ခဲ့ပါတယ်။ အာဆီယံခေါင်းဆောင်တွေဟာ ဒေသတွင်းနဲ့ နိုင်ငံတကာအရေးကိစ္စ အများအပြားအတွက် အမြင်ချင်းဖလှယ် ကြမှာ ဖြစ်ပါတယ်။

အဲသည်ကိစ္စတွေထဲမှာ မြောက်ကိုရီး ယားနျူကလီးယားနဲ့ မစ်ဆိုင်းလုပ်ငန်းပါဝင်ပြီး ဒါဟာ ထရမ့်ရဲ့ ၁၂ ရက်ကြာ အာရှခရီးစဉ်မှာ အဓိကလွှမ်းမိုးထားတဲ့ ကိစ္စဖြစ်ပါတယ်။ မကြာသေးမီက တရုတ်ကို ပထမဆုံးအကြိမ် သွားရောက်ခဲ့တဲ့ မစ္စတာထရမ့်က ဘေဂျင်းကို မြောက်ကို ရီးယားနဲ့ စီးပွားရေးဆက်ဆံမှုတွေ ဖြတ်တောက်ဖို့ တိုက်တွန်းခဲ့ပါတယ်။ အဲသည် လို မပြောခင် ထရမ့်ဟာ လေသံလျှော့ တဲ့အနေနဲ့ တကယ်လို့ မြောက်ကိုရီးယား ကသာ သူ့ရဲ့နျူလုပ်ငန်းကို ရှေ့ဆက်မတိုး တော့ရင် အမေရိကန်က မြောက်ကိုရီးယားအတွက် ပိုမိုကောင်းမွန်တဲ့အနာဂတ် ရရှိဖို့ လမ်းကြောင်းတစ်ခုပုံဖော်ပေးနိုင်တယ်”လို့ ပြောခဲ့ပါတယ်။

ဒေသနဲ့ပတ်သက်ပြီး အာဆီယံ ခေါင်းဆောင်တွေဟာ တောင်တရုတ်ပင် လယ်ထဲမှာ ကျင့်သုံးရမယ့်ကျင့်ဝတ်စည်းမျဉ်းတွေကို တရားဝင်စတင်ညှိနှိုင်းဖြစ် ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဌာနက ဆိုပါတယ်။
အာဆီယံတာဝန်ရှိသူတွေဟာ မြန် မာနိုင်ငံ၊ ရခိုင်ပြည်နယ်က ရှုပ်ထွေးပြီး ကာလကြာမြင့်စွာဖြစ်နေတဲ့ အရေးကိစ္စကို ဆွေးနွေးမယ်လို့လည်း မျှော်မှန်းထားပါ တယ်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက အသက်အိုးအိမ်တွေ ပျက်စီးဆုံးရှုံးပြီး လူအများအပြား အိုးအိမ်မဲ့ဖြစ်စေခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်အားလုံးကို ရှုတ်ချခဲ့ပါတယ်။

ခေါင်းဆောင်တွေဟာ ရွှေ့ပြောင်းလုပ်သားဆိုင်ရာအခွင့်အရေးများကာကွယ်ရေးနဲ့မြှင့်တင်ရေးအတွက် အာဆီယံသဘောတူညီချက်ကိုလည်း လက်မှတ် ရေးထိုးကြမှာ ဖြစ်ပါတယ်။

စုပြည့်စုံ  [ref: CNA, Nov 12 , 2016.]