မကွေးကျောင်းဆရာတော် ဦးပါမောက္ခ အာမခံ လျှောက်ထားမှု ပယ်ချခံရ

မကွေးကျောင်းဆရာတော် ဦးပါမောက္ခ အာမခံ လျှောက်ထားမှု ပယ်ချခံရ

ရန်ကုန်၊ နိုဝင်ဘာ ၁၄- အမေရိကန်သံရုံးရှေ့မှာ ရိုဟင်ဂျာမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့တဲ့အတွက် ဝရမ်းပြေးဖြစ်ပြီး ဖမ်းဆီးခံရတဲ့ မကွေးကျောင်းဆရာတော် ဦးပါမောက္ခ ဟာ အမှုအတွက် အာမခံ

လျှောက်ထားပေမယ့် ပယ်ချခံခဲ့ရတယ်လို့ သိရပါတယ်။ ဆရာတော်ဟာ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ် ၅၀၅(ခ)နဲ့ တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။

“၁၉အတွက် အာမခံရပြီး ၅၀၅(ခ) က အာမခံပေးလို့မရတဲ့အတွက် ခရိုင်တရားရုံး မှာ အယူခံလျှောက်ရမှာပါ”လို့ ဦးပါမောက္ခရဲ့ နှစ်နာရမှုများရှင်းလင်းအကြံပေးကော်မတီက

ဦးအောင်မြိုင် က ပြောတယ်။

ကမာရွတ်မြို့နယ်တရားသူကြီးကနေ အယူခံအတွက် မြန်ဆန်စွာ စီစဉ်ပေးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ခရိုင်တရားရုံး မှာ အယူခံ ဘယ်နေ့တင်မယ်ဆိုတာတော့ မသိရသေးဘူးဖြစ်ပါတယ်။

ဦးပါမောက္ခကို နိုဝင်ဘာ ၁၂ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး သည်ကနေ့ မနက် က ကမာရွတ်တရားရုံးမှာ အမှုအတွက် စတင်ရုံးထုတ်တာဖြစ်ပါတယ်။

နိုဝင်ဘာ၂၁ရက်နေ့ အထိ ရမန်ရရှိပြီး အဲ့နေ့မှ ဒုတိယအကြိမ်ရုံးထုတ်မှာဖြစ်ပါတယ်။ ဦးပါမောက္ခဟာ ၂၀၁၆ခုနှစ် ဧပြီလ၂၈ရက်နေ့က ဆန္ဒပြဟောပြောခဲ့ကာ

၁နှစ်ခွဲကျော်အကြာမှ ဖမ်းဆီးထိန်းသိမ်းခံရတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ လူဝတ်လဲထားပြီး အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ပါတယ်။

ဂျက်

photo  ကိုမျိုးခိုင်