ကျောင်းအပ်သူနည်း မူကြိုကျောင်းဈေးကွက် ပျက်၊ ကျောင်းတချို့ပိတ်ရ

ပညာရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကစပြီး ကေဂျီ + ၁၂ ပညာရေးစနစ်ကို အကောင်အထည်ဖော်ခဲ့တာပါ။

 

ရန်ကုန်၊ ဇန်နဝါရီ ၁၀ - ပြည်တွင်း ပုဂ္ဂလိက မူကြိုကျောင်းတချို့မှာ ကျောင်း အပ်နှံမှု နည်းပါးလာပြီး ကျောင်းတချို့ပိတ်ရတဲ့ အခြေအနေတွေ့ကြုံနေ ရပါတယ်။

KBC အဆင့်မြင့် မူကြိုကျောင်း ကျောင်းအုပ် ဆရာမကြီး ဒေါ်ဝင်းကွန်ချာက “ကျောင်းတွေက ကေဂျီ တန်းတွေမှာလဲ စာမသင်တော့ဘဲ ကဗျာတွေ၊ သီချင်းတွေသင်တယ် ဆိုတော့ တချို့မိဘတွေရဲ့ အတွေးက မူကြိုကျောင်း နဲ့ အတူတူပဲ ကေဂျီ တန်းတက်မှ သင်မယ်ဆိုပြီး မထားကြတော့ ကျောင်းသားဦးရေလျော့ သွားတာ သိသာပါတယ်”လို့ ပြောပါတယ်။

ပညာရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကစပြီး ကေဂျီ+ ၁၂ ပညာ ရေးစနစ်ကို အကောင်အထည်ဖော်ခဲ့တာပါ။ ကေဂျီတန်း တက်ရောက် သူတွေကို သီချင်း ကဗျာသင်ကြားပေးတာကြောင့် ပြင်ပမူကြိုကျောင်း နဲ့ အတူတူပဲလို့ ယူဆပြီး မူကြိုမထား ကြတာလို့ သိရပါတယ်။

မူကြိုကျောင်းတည်ထောင်ထားသူတွေအနေနဲ့ ဝန်ထမ်းငှားရမ်းခ ၊ နေရာငှားရမ်းခ၊ ဝန်ဆောင် မှုတွေ ထပ်တိုးရတာစတဲ့ ကလေးမိဘတွေ စိတ်ကျေနပ်အောင် လုပ် ဆောင်ရတာတွေကြောင့် ကျောင်းသားဝင်ရောက်မှု နည်းပါးတာက မူကြိုကျောင်းတွေ ဆက်လက် ရပ်တည်ဖို့ခက်ခဲတဲ့ အခြေခံအချက်အလက်တွေ ဖြစ်နေပါတယ်။

မူကြိုကျောင်းတစ်ကျောင်းဖွင့်မယ်ဆိုရင် အရင်ဆုံးလူမှုဝန်ထမ်းရုံးကို လျှောက်လွှာတင်သွင်းရပါတယ်။

တည်ထောင်ခွင့်ပြုမိန့်အတွက် မှတ်ပုံတင်ကြေးပေးသွင်းရပြီး မှတ် ပုံတင်ကြေး၊ တည်ထောင်ခွင့်ပြုမိန့် သက်တမ်းတိုးမြင့်ကြေး နဲ့ အခြားအ ခကြေးငွေတွေကို တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်အစိုးရအဖွဲရဲ့ အတည်ပြုချက်နဲ့ သတ်မှတ်တယ် လို့ သိရပါတယ်။

မူကြိုကျောင်းတွေ ဖွင့်လှစ်ခွင့်ပြု တဲ့အခါမှာ တာဝန်ခံကျောင်း အုပ်နဲ့ အနည်းဆုံး ဆရာမတစ်ဦး က လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်တဲ့မူလတန်းကြိုဆရာသင်တန်းတစ်ခုခုကိုတက်ရောက် အောင်မြင်ထားသူတွေကို ဖွင့်လှစ်ခွင့်ပြုပါတယ်။

မူကြိုကျောင်းဖွင့်လှစ်မယ့် သူတွေအတွက် မြေနေရာ အကျယ် အ ဝန်းကလည်း အဓိကကျတာ ကြောင့် မြေပိုင်မရှိသူတွေကတော့ ငှားရမ်းလုပ်ကိုင်ကြတာပါ။

မကိုက်တော့

မြေကွက်ငှားရမ်းရတဲ့အခါ မြေကွက်ဈေးကြီးမြင့်တာနဲ့ အဆောက်အအုံငှားရမ်းခတွေ ဈေးကြီးတာ ကြောင့် ကာလတိုပဲ ဖွင့်လှစ်ပြီး ပိတ်လိုက်ရတာတွေလည်း ရှိပါတယ်။
မြောက်ဥက္ကလာမြို့နယ်မှာ ငါးနှစ်နီးပါး မူကြိုကျောင်းဖွင့်လှစ်တည်ထောင်ခဲ့သူ ဒေါ်နီလာက ‘ပေ ၄၀ ပတ်လည်ခြံကို ငှားခက တစ်လ သိန်း ၃၀ ပေးရတယ်၊ ဝန်ထမ်းစရိတ် နဲ့ ကျောင်းခန်းတွေအတွက် ပြင်ဆင်တာနဲ့ ကျောင်းကားလုပ်ပေးရတာနဲ့ ဆိုတော့ ကျောင်းသားဦးရေ နည်းသွားတဲ့အချိန်မှာ အရမ်းသိသာသွားတယ်၊ နောက်ပိုင်းရတဲ့ ကျောင်းသားဦးရေနဲ့ မကိုက်တော့ ကျောင်းကိုပိတ်လိုက်ရတယ်”လို့ ပြောပါတယ်။

လူမှုဝန်ထမ်း ဦးစီးဌာန လက်အောက်က ဖွင့်လှစ်ထားတဲ့ မူကြို ကျောင်းတွေကတော့ ကျောင်းလခ သက်သာပေမဲ့ အိမ်နဲ့ နီးတဲ့ ကျောင်းကိုသာ ဦးစားပေးရွေးချယ်တာကြောင့် ပုဂ္ဂလိကကနေ ဖွင့်လှစ်တဲ့ မူကြိုကျောင်းတွေမှာ ရွေးချယ်အပ် နှံကြပါတယ်။

ပြည်တွင်းမူကြိုကျောင်းအပ်ခနှုန်းထားတွေကတော့ မူကြိုကျောင်းတစ်ခုနဲ့တစ်ခု မတူညီပါ ဘူး။ ကျောင်း တည်ရှိတဲ့နေရာ အနေအထား၊ သင်ကြားမှုစနစ်၊ ဝန် ဆောင်မှုပေးတဲ့ စနစ်အပေါ် မူတည်ပြီး တစ်လကို ကျပ် ၃၀,ဝ၀ဝ ဝန်းကျင်ကနေ သိန်း ဂဏန်း ကျော် အထိ ရှိပါတယ်။

ရပ်ကွက်တွေထဲက မိမိအိမ်မှာပဲ တစ်နိုင်တစ်ပိုင် မူကြို ဖွင့်လှစ်ထားသူတွေအတွက်တော့ အဆင်ပြေနိုင်ပေမဲ့ စီးပွားဖြစ် လုပ်ကိုင်နေကြသူတွေအတွက်တော့ မူကြိုဈေးကွက်ပျက်နေတဲ့ အချိန်ကာလ ဖြစ်တယ်လို့ မူကြိုကျောင်းဖွင့်လှစ်ထားသူတချို့က သုံးသပ်ပါတယ်။

“အခုတော့ မူကြိုတွေက အဆင်မပြေတာများတယ်၊ ကလေးဘယ်နှယောက်ပဲရှိရှိ အနည်းဆုံး ဝန်ထမ်းငါးယောက်လောက်ရှိမှရတယ်၊ မြေငှားခနဲ့ တခြားအခွန်အခတွေနဲ့ ဆိုတော့ အရင်းအနှီးများတော့ ရေရှည်ရပ်တည်ဖို့ မလွယ်တော့ ပိတ် လိုက်ကြတာများတယ်˘လို့ ဆရာမ ကြီး ဒေါ်ဝင်းကွန်ချာက ပြောတယ်။

သူကဆက်ပြီး’မူကြိုကျောင်းတွေက ပရဟိတအဖြစ်ပဲ လုပ်နေတဲ့သူတွေအတွက် ကောင်းတယ်၊ စီးပွားရေးအရ လုပ်လို့မရဘူး၊ အခု ဒီလက်ရှိဈေးကွက် အနေအထားက စီးပွားရေးအရလုပ်လို့မရဘူး၊ အဆင်မပြေနိုင်ဘူး၊ စေတနာနဲ့ ပရဟိတသဘောလုပ်မယ်ဆိုရင်လဲ လုပ်ငန်းရှင်အတွက် ရေရှည် မရပ်တည်နိုင်တဲ့ အနေအထားပဲ” လို့ ပြောတယ်။

မိမိ ဖွင့်လှစ်ထားတဲ့ မူ ကြို ကျောင်းမှာ ကျောင်းသားဝင်ရောက်မှုများဖို့ဆိုတာ ကျောင်းကြို ပို့ကား အစီအစဉ်ကလည်း အဓိက ကျပါတယ်။
မူကြိုကျောင်းတွေမှာ ကျောင်း ကြိုပို့ပြေးဆွဲပေးတဲ့ ကားကိုလည်း မူကြိုကျောင်းဖွင့်လှစ်သူတွေက ထားရှိပေးရတာဖြစ်ပြီး တချို့နာမည် ကြီးတဲ့ မူကြိုကျောင်းတွေကတော့ ကျောင်းကားပြေးဆွဲတဲ့ လုပ်ငန်းတွေနဲ့ ချိတ်ဆက်ထား ကြတယ်လို့ သိရပါတယ်။

ကျောင်းကြိုပို့ကားခက မူကြို တစ်ခုနဲ့တစ်ခု မတူညီပါဘူး။ ပို့ ဆောင်ပေးရတဲ့ မြို့နယ်အလိုက် အ နည်းဆုံး ကျပ် ၁၅,ဝ၀ဝ ခန့်ကနေ ၃၀,ဝ၀ဝ ကျော် အထိ ပေးရပါတယ်။
မူကြိုကျောင်းအများစုကတော့ သင်ကြားရေးစနစ်ရော၊ ဝန်ဆောင်မှုပေးတာတွေကိုပါ မိဘတွေရဲ့ စိတ် တိုင်းကျဖြစ်အောင် ပြောင်းလဲလုပ် ကိုင်လာကြပြီး ကိုယ့်ရဲ့ မူကြိုကျောင်း ရေရှည် ရပ်တည်ရေးအတွက်သာ အဓိကထားဆောင်ရွက်နေရတယ်လို့ ဆိုပါ တယ်။

မရမ်းကုန်းမြို့နယ်မှာ မူကြို ဖွင့်လှစ်ထားတဲ့ ဆရာမဒေါ်သီသီအောင်က “ဖွင့်လက်စနဲ့ ဆက်ဖွင့်နေတာ၊ တစ်လတစ်လ မီတာခနဲ့ ဝန်ထမ်းစရိတ်နဲ့ ဆိုတော့ အမြတ် ကျန်ဖို့ မပြော နဲ့ တစ်ခါတလေ ဝန်ထမ်းလစာ တောင် စိုက်ရသေး တယ်၊ ဈေးကလဲ ဒီထက်တက် ယူလို့မရတော့ဘူးဆိုတော့ ရေရှည်ရပ်တည်နိုင်အောင် ဘယ်လိုလုပ် မလဲလို့ပဲ စဉ်းစားနေရ တယ်၊ ကိုယ့်ရပ်ကွက်အနေအထားပေါ် လဲမူတည်တယ်” လို့ ပြောတယ်။

၂၀၁၆ ခုနှစ်အထိ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ ဖွင့်လှစ်ခွင့်ပြုထားတဲ့ မူကြို ကျောင်းပေါင်း ၂၇၀ဝ ကျော်ရှိ တယ်လို့ ပညာရေး ဝန်ကြီးဌာနက  ထုတ်ပြန်ထားတဲ့စာရင်းတွေအရ သိရပါတယ်။

 

Author / မေသော်တာမောင်