လူသုံးကုန်ပစ္စည်းအချို့ ပယင်းနဲ့ ပြုလုပ်နိုင်

ရန်ကုန်၊ နိုဝင်ဘာ ၁၂ – အခုနောက်ပိုင်းမှာ  ပယင်းလက်ဝတ်ရတနာတွေ ခေတ်စားလာတာဖြစ်ပြီး သည်လို လက်ဝတ်ရတနာတွေကနေ ထွက်လာတဲ့ အမှုန့်တွေကိုအလှအပနဲ့ ကျန်းမာရေးအတွက်အထောက်အကူပြုနိုင်တဲ့ ပစ္စည်းတွေထပ်ပြီးထုတ်လုပ်လို့ ရနိုင်ပါတယ်။ ပယင်းလက်ဝတ်ရတနာတွေကို  လုပ်တိုင်း အမှုန့်လေးတွေထွက်တယ်၊ အဲဒီအမှုန့်တွေဆိုရင် လွှင့်ပစ်ဖို့လဲနှမြောကြတယ်လေ၊ အဲဒါလေးတွေကို ကြိတ်ပြီး သနပ်ခါးတွေနဲ့ ရောလူးတာတွေရှိတယ်၊ ပြီးတော့ မျက်နှာသစ်ဆပ်ပြာတွေလုပ်တာတွေရှိတယ်၊ အတုံးတွေလုပ်ကြတာပေါ့၊ အခုနောက် ပိုင်းတော့  မျက်နှာသစ်ဆပ်ပြာ ခရင်မ်တွေလုပ်တာတွေလဲရှိလာပါတယ်၊ ပယင်းကတော့ ဘယ်လိုပဲဖြစ်ဖြစ် လွှင့်ပစ်စရာတစ်ခုမှတော့မရှိပါဘူးလို့ ပယင်းရောင်းဝယ်ရေး  လုပ်နေတဲ့ မရွှေစင်က ပြောပါတယ်။

ပယင်းအလုံးချောတွေရဖို့ အချောသတ်တဲ့အခါမှာတော့ထွက်လာတဲ့ အမှုန့်တွေကို တချို့တွေက ဟန်းမိတ်လက်ဝတ်ရတနာတွေလုပ်ကိုင်တဲ့အခါမှာ ထည့်သုံးတတ်ကြပေမဲ့ တချို့တွေကကျတော့ အလှအပဆိုင်ရာ ပစ္စည်းတွေပြုလုပ်တဲ့အခါမှာ ထည့်သုံးတတ်ကြတာဖြစ်ပါတယ်။  သဘာဝ ပယင်းကျောက်တွေကတော့ အခုနောက်ပိုင်းကျန်းမာရေးအတွက်ဝတ်ဆင်ကြသလို  အခုနောက်ပိုင်းမှာတော့ ပွဲတက်လက်ဝတ်ရတနာတွေအ ဖြစ်ပါဝတ်ဆင်လာတာကို တွေ့ရပါတယ်။

ပယင်းမှုန့်တွေနဲု့ပြုလုပ်တဲ့ အလှကုန်တွေကတော့ တင်းတိပ်တွေ၊ ဝက်ခြံတွေပျောက်ကင်းနိုင်မှာဖြစ်ပြီး အသက်အရွယ်ကြီးသူတွေအတွက်သာမကငယ်ရွယ်သူတွေအတွက်ပါ အသုံးဝင်တဲ့ ပစ္စည်းလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပယင်းနဲ့ ခေါင်းအုံးတွေပြုလုပ်ပြီးတော့လည်း အသုံးပြုနိုင်သေးတယ်လို့ သိရပါတယ်။ သည်ပယင်းတွေကအစစ်အမှန်ဖြစ်တယ်ဆိုရင်တော့ ကျန်းမာရေးအတွက်အများအပြား ထောက်ပံ့ပေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။   ပယင်းအတုအစစ်ကိုလည်း သေချာစစ်ဆေးပြီးမှ ဝယ်ယူသင့်တယ်လို့သိရပါတယ်။

အတုအစစ်ခွဲ
ပယင်းတွေနဲ့ လက်ဝတ်ရတနာတွေလုပ်ပြီး ပိုထွက်လာတဲ့ ပစ္စည်းတွေကိုတော့ အလှအပအတွက်အသုံးပြုနိုင်မှာ ဖြစ်တယ်လို့သိရပါတယ်။ အတုအစစ်ကိုခွဲနိုင်ဖို့ ဆားကိုရေမှာဖျော်ပြီး သည်ဆားပျော်ရည်ထဲကို ပယင်းကိုထည့်ပြီးစစ်ဆေးနိုင်မှာဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ အပ်ကို  မီးကင်ပြီး ကျောက်ထဲကို ထိုးထည့်ရမှာဖြစ်ပြီး သည်ကျောက်က ပယင်းအစစ်ဆိုရင်တော့ သစ်သားနံ့တွေ၊ ချယ်ရီနံ့တွေရတတ်တာဖြစ်ပြီး အများ ကြီးနစ်ဝင်မသွားဘဲ အနည်းငယ်သာ အက်သွားတတ်ပါတယ်။ အတုဆိုရင်တော့ ကော်နံ့တွေရတတ်တယ်လို့  သိရပါတယ်။

နောက်ထပ်လည်း ဓားနဲ့ခြစ်ပြီးစစ်ဆေးလို့ ရနိုင်ပါသေးတယ်။ သည်လိုမျိုး ပယင်းအစစ်ဆိုရင်တော့ အစေ့လေးတွေကျလာမှာဖြစ်ပြီး အတုဆို ရင်တော့  ကပ်နေမှာဖြစ်ကာ အလိပ်လိုက်တွေထွက်လာတယ်လို့ သိရပါတယ်။ ဖန်ဆိုရင်တော့ ဘယ်လိုအမှုန့်တွေမှထွက်လာမှာမဟုတ်ဘူးလို့ သိရပါတယ်။ ပယင်းတကယ်စစ်တယ်ဆိုရင်တော့ ချည်ထည်တွေနဲ့ ပယင်းကို ပွတ်တိုက်လိုက်တယ်ဆိုရင် သည်ပယင်းက ဆံပင်၊ ငှက်မွှေးနဲ့ စက္ကူတွေကိုဆွဲငင်နိုင်မှာဖြစ်ပြီး ရေနဲ့ဆေးပြီးလျှာနဲ့တို့ ကြည့်တယ်ဆိုရင်တော့  သစ်သားနံ့၊ ချယ်ရီနံ့တွေထွက်နေမှာဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံး ပယင်းစစ်လားမစစ်လား သိချင်တယ်ဆိုရင်တော့ ခရမ်းလွန်ရောင်ခြည်နဲ့စမ်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတယ်ဆိုရင်တော့ glow စုန်းမီးတောက်တတ်တာဖြစ်ပြီး တခြားဖန်တွေ၊ ပလတ်စတစ်တွေဆိုရင်တော့ သည်လိုဖြစ်မှာမဟုတ်ဘူးလို့သိရပါတယ်။သည်လိုပယင်းတွေမှာဆိုရင် ဖန်တွေ၊  ပလတ်စတစ်တွေသာမကဘဲ ambriod/ copal တွေလည်းရှိတယ်လို့ သိရပါတယ်။  ပယင်းအစစ်တွေဆို ရင်တော့များစွာအထောက်အကူပြုနိုင်မှာဖြစ်ပြီး တခြားပစ္စည်းတွေဆိုရင်တော့ငွေကုန်တာသာ အဖတ်တင်မှာဖြစ်ပါတယ်။ သဘာဝပယင်းအမှုန့်တွေကသာ အလှအပပစ္စည်းတွေကို ပြုလုပ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Author – လိမ္မာ