ဘိုကလေးမြို့မှာ ဆီဂိုဒေါင်မီးလောင်မှုဖြစ်ပွား

ဘိုကလေးမြို့မှာ ဆီဂိုဒေါင်မီးလောင်မှုဖြစ်ပွား
ရန်ကုန်၊နိုဝင်ဘာ ၆- ဘိုကလေးမြို့နယ် အမှတ်(၁)ရပ်ကွက် က ရွှေငါးကြီးဂိတ်မှာ ဆီဂိုဒေါင်မီးလောင်မှုဖြစ်ပွားနေတယ်လို့ သိရပါတယ်။
မနက် ၁၁နာရီခွဲကတည်းက လောင်ကျွမ်းနေတာဖြစ်ပြီး ယခုထိ မီးမငြိမ်းသေးဘူးလို့ သိရပါတယ်။
“မီးမငြိမ်းသေးပါဘူး ဆန်စက်ကြီးတွေမပါဖို့ ကြိုးစားနေကြတယ်”လို့ မီးလောင်ရာကို ရောက်ရှိနေတဲ့ ဒေသခံ တစ်ဦးဖြစ်တဲ့ မဆုဝေအောင်က ပြောပါတယ်။
ဘိုက​လေးမြို့နယ်​မီးသတ်​စခန်းကနေ မီးသတ်​ယာဉ်​ (၄)စီး၊ ဖျာပုံမြို့နယ်​မီးသတ်​စခန်းကနေ မီးသတ်​ယာဉ်​(၂)စီး၊ ကျိုက်လတ်မြို့နယ်​မီးသတ်​စခန်းမှ မီးသတ်​ယာဉ်​(၂)စီး၊ ​ဒေးဒရဲမြို့နယ်​မီးသတ်​စခန်းမှ
မီးသတ်​ယာဉ်​(၂)စီး၊ ကျိုက်​ပိမြို့နယ်​မီးသတ်​စခန်းမှ မီးသတ်​ယာဉ်​(၁)စီး၊ ​မော်​ကျွန်းမြို့နယ်​မီးသတ်​စခန်းမှ မီးသတ်​ယာဉ်​ (၁)စီး၊ ဘိုက​လေးအရန်​မီးသတ်​စခန်းမှ မီးသတ်​ယာဉ်​ (၃)စီး၊ စုစု​ပေါင်း
မီးသတ်​ယာဉ်​ (၁၅)စီး ထွက်​ခွာငြှိမ်းသတ်​လျက်​ရှိတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဂျက်
photo မဆုဝေအောင်