အိန္ဒိယကို ပဲတင်ပို့နိုင်ရေး အစိုးရအဖွဲ့အစည်းတွေ ပါဝင်ဖွဲ့စည်း

အရည်အသွေးပြည့်မီတဲ့ ပဲတွေ ထုတ်လုပ်နိုင်ဖို့လိုတယ်၊ ဒါမှလဲ သူတို့ ဈေးကွက်ကိုလိုက်ပြီးတင်ပို့နိုင်မှာ ဖြစ်တယ်။

 

နေပြည်တော်၊ ဒီဇင်ဘာ ၆- အိန္ဒိယကို G to G စနစ်နဲ့ ပဲတင်ပို့နိုင်ရေးတစ်ဖက်နိုင်ငံက မြန်မာအစိုးရအနေနဲ့ ပုဂ္ဂလိကအဖွဲ့ အစည်းကို တာဝန်ပေးတဲ့ အပေါ် လက်မခံနိုင်တာကြောင့် အစိုး ရ ပါ ဝင် တဲ့အဖွဲ့ဖွဲ့စည်းဖို့  ဆောင်ရွက်နေပါတယ်။

မြန်မာအစိုးရအနေနဲ့ နောက် နှစ်တွေမှာ အိန္ဒိယကို (အစိုးရ အ ချင်း ချင်း) G to G စနစ်နဲ့ ပဲတင်ပို့ နိုင်ရေး လက်ရှိမှာဆောင်ရွက်နေတာပါ။
ပဲတင်သွင်းမှုစတင် ကန့်သတ်လိုက်စဉ်က မြန်မာအစိုးရ အနေနဲ့ G to G စနစ်နဲ့ ဆောင်ရွက်ရာမှာ အစိုးရ ကိုယ်စား မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းကို တာဝန်ပေးဖို့ စီစဉ်ခဲ့ပါတယ်။
မြန်မာ နိုင်ငံ  သံရုံးကလည်း သည် အဖွဲ့အစည်း ဟာ အစိုးရက တရား ဝင် တာဝန်ပေး အပ်ထားတဲ့ အဖွဲ့အစည်း ဖြစ် ကြောင်း ထောက်ခံ ချက်ပေးခဲ့ပါတယ်။ ဒါပေမဲ့အိန္ဒိယ နိုင်ငံကတော့ အစိုးရမပါဝင်တဲ့အဖွဲ့အစည်းနဲ့ အရောင်းအဝယ်မလုပ်နိုင် ဘူး လို့ သိရပါတယ်။

စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက လက်ထောက် အတွင်းဝန် ဦးခင်မောင် လွင်က ’အိန္ဒိယနိုင်ငံဘက်က အနေအထားအရ အစိုးရမဟုတ်တဲ့ အဖွဲ့ကို လက်မခံဘူး၊ ဒါကြောင့် ဒီဟာနဲ့ပတ်သက်ပြီးတော့လဲ ဆွေးနွေးနေတာရှိ တယ်၊ ဝယ်မှာကတော့ G to G စနစ်နဲ့ပဲ ၊ ကျန်တဲ့နည်းလမ်းနဲ့တော့ မဝယ်ဘူး”လို့ ပြောပါတယ်။
လက်ရှိမှာတော့ အိန္ဒိယကို ပဲ တင်ပို့ရာမှာ တစ်ဖက်နိုင်ငံအနေနဲ့ ကန့်သတ်ထားတဲ့အတွက် အရင် က လောက် အများအပြား မတင်ပို့နိုင်ပေမဲ့ တန်ချိန်အနည်းငယ်တော့ တင် ပို့နေပါတယ်။ ပဲစင်းငုံဆိုရင် တစ် ပတ်ကို တန်ချိန် ထောင်ဂဏန်း လောက် တင်ပို့နေပြီး မတ်ပဲကတော့  တန် ချိန် ၁၀,ဝ၀ဝ ဝန်းကျင်လောက် တင်ပို့နေရတယ်လို့ သိရပါတယ်။

အရည်အသွေး

လက်ရှိမှာ အိန္ဒိယအနေနဲ့ ပဲ အ မျိုး အစားအားလုံးအတွက် ပြည်ပ ပဲတင်ပို့မှုကို ခွင့်ပြုလိုက်ပါတယ်။ အိန္ဒိ ယနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့နှစ်က ပဲမျိုးစုံအထွက်နှုန်းတိုးတက်ခဲ့တဲ့အတွက် အရင်ကပိတ်ပင်ထားတဲ့ ပြည် ပ  ပဲတင်ပို့မှုကိုလက်ရှိမှာ ဖွင့်လှစ် လိုက် တာ ဖြစ်ပါတယ်။

အခုလို အိန္ဒိယနိုင်ငံ အနေနဲ့ ပြည်ပပဲတင်ပို့မှုကို ဖွင့်လှစ်လိုက်တာဟာ မြန်မာနိုင်ငံရဲ့ပဲဈေးကွက်နဲ့ အများ အပြားသက်ဆိုင်ခြင်းမရှိ ပေမဲ့ အိန္ဒိယနိုင်ငံက တင်ပို့မယ့် ပဲဈေးကွက်ကိုကြည့်ပြီး ဈေးကွက်သစ်ရှာဖွေနိုင်တယ်လို့ သိရပါတယ်။
အိန္ဒိယ နိုင်ငံက ပဲမျိုးစုံကို ပြည်ပ တင်ပို့ရာမှာ မြန်မာနိုင်ငံအပါအဝင် တခြားနိုင်ငံ က ပဲမျိုးစုံတွေကို ဝယ်ယူပြီး သန့်စင်အောင်ပြုလုပ်ပြီး Export ပြန်လုပ်တာပါ။ ဒါကြောင့် မြန်မာနိုင် ငံ အနေနဲ့ အိန္ဒိယနိုင်ငံက ပဲဈေးကွက်ကို ဝင်ရောက်နိုင်ဖို့ဆိုရင် အ ရည်  အသွေးပိုင်းမှာ မြှင့်တင်နိုင်ဖို့ လည်း လိုအပ်ပါတယ်။

“သူတို့က မြန်မာနိုင်ငံက ပဲတွေ ဝယ်တယ်၊ သန့်စင်ပြီးမှ တခြားနိုင်ငံကို တင်ပို့တယ်၊ ဒီတော့ ကိုယ့်နိုင်ငံ ကလဲ အရည်အသွေးပြည့်မီတဲ့ ပဲတွေ ထုတ်လုပ်နိုင်ဖို့လိုတယ်၊ ဒါမှလဲ သူတို့ ဈေးကွက်ကိုလိုက်ပြီးတင်ပို့နိုင်မှာလေ၊ ဈေးကွက်ရလာဖို့ အနေအထား လေးတော့ ရှိလာတာပေါ့”လို့ ဦးခင်မောင်လွင်က ပြောပါတယ်။

လက်ရှိ ဘဏ္ဍာနှစ်မှာတော့ နိုဝင်ဘာလ ၂၄ ရက်နေ့အထိ ပြည်ပ ကို ပဲမျိုးစုံတင်ပို့မှုဟာ အိန္ဒိယနိုင်ငံက ပဲတင်သွင်းမှု ကန့်သတ်ခဲ့တာကြောင့် ကာလတူထက် အမေရိကန်ဒေါ် လာ သန်း ၃၀ဝ ကျော် လျော့နည်းနေ တယ်လို့ သိရပါတယ်။

Author / မာရီခိုင်