မိတ်ကပ် ညီညီမောင် (စမ်းချောင်း ) King and Queen ဖိနပ်ထုတ်လုပ်မည်

ရန်ကုန်၊ ဇွန် ၁၇- မိတ်ကပ်ညီညီမောင် (စမ်း ချောင်း)(ခ) သုသုက မိတ်ကပ်၊ ဆံပင်၊ အလှပြင်ထုံးဖွဲ့မှုတွေမှာ နာမည်ကြီးရုံသာ မက အခုလည်း ဖိနပ်ဒီဇိုင်းတွေကို King and Queen နာမည်နဲ့  ထုတ်လုပ်ရောင်းချသွားမယ်လို့ သိရပါတယ်။

မိတ်ကပ် ညီညီ မောင် (စမ်းချောင်း) က’ဖိနပ်ရောင်းဖို့ စလုပ်ဖြစ်တာက လွန်ခဲ့တဲ့ လေးငါးလက ဝယ်ပြီး စစီးကြည့်တယ်၊ အော်ဒါချုပ်ဖိနပ်တွေပါ၊ မိန်းမစီးကို သုသုစီးကြည့်တယ် ယောကျာ်းစီးဖိနပ်ဆိုရင်လဲ သုံးလေးလလောက်နေရင်တောင် အိမ်နေရင်း ချစီးတာတောင် မ ပြတ်ဘူး၊ ပွဲတွေတက်တဲ့အခါမှာ ကတ္တီပါဖိနပ်လေးတွေ ရောင်စုံစီး ဖြစ်တယ်၊ ဘော်ကြယ်တွေ စီးကွင့် တွေ မကြိုက်တော့ ရိုးရိုးစလစ်ပါလေးတွေ စီးတယ်၊ အဲဒီဖိနပ်ကို စီး တဲ့အ ခါ ကြိုက်တာက ခြေထောက်မပူဘူး၊ ဖေ့စ်ဘုတ်ခ်က သူငယ်ချင်းတွေနဲ့ အပြင်က သူ ငယ်ချင်းတွေကို ကိုယ်စီး သလို စီးစေချင်တဲ့ရည်ရွယ်ချက်နဲ့ လုပ် ဖြစ်တာပါ။ မိန်းမစီးဆိုရင် ၈၊ ၉၊ ၁၀၊ ၁၁၊ ၁၂ (over size) ၁၃ အထိ၊ ယောကျာ်းလေးစီးက ၉၊ ၁၀၊ ၁၁၊ ၁၂၊ ၁၃ အထိရှိပြီး အော်ဒါအနေနဲ့ သတ်သတ်မှာလို့ရပါတယ်၊ အရောင်က တော့ အစုံပါပဲ၊ ဖေ့စ်ဘုတ်ခ်မှာလဲ အရောင်တွေ ပြသွားမှာပါ၊ လောလောဆယ် လူစီးများတဲ့အရောင် တွေကို ရွေးချယ်ပြီး ရောင်းချသွားမှာပါ” လို့ ပြောပါတယ်။

စီးပွားဖြစ်လုပ်တာမျိုးမဟုတ်ဘဲ အော်ဒါချုပ်ဖြစ်တဲ့အတွက် ကွာလတီကို ထိန်းပြီးပြုလုပ်ရလို့  အချိန်ပေးမှာယူရမှာ ဖြစ်တယ်လို့ သိရပါတယ်။  ဖိနပ်တွေကို အကန့်အသတ်နဲ့ရောင်းချသွားမှာ ဖြစ်ပြီး မှာယူမှုကို ပစ္စည်းအရေအတွက် အနည်းအများပေါ်မူတည်ပြီး လက်ခံသွား မယ်။ ပစ္စည်းမှာယူမှုများပြားတဲ့အခါ ကွာလတီပိုင်းမှာ  အာမခံထားတာကြောင့် ပစ္စည်းညံ့သွားတာမျိုးဖြစ်မှာ စိုးတဲ့အတွက် အရေအတွက် လတ်တလော ကန့်သတ်ထားတယ်လို့ ဆိုပါတယ်။ မိန်းမစီးကို ရှေ့နိမ့် နောက်မြင့်၊ ပုံတော်၊ စလစ်ပါးအမျိုးအစား နှစ်မျိုးကို စိန်တွေ ကျောက်တွေနဲ့ ကိုယ်တိုင်ဒီဇိုင်းပုံဖော်ပြီး ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။ အများနဲ့မတူတဲ့ဒီဇိုင်းကို ဖန်တီးထုတ်လုပ်မှာဖြစ်ပြီး ဈေးနှုန်းအနေနဲ့ ကျပ် ၈၀ဝ၀၊ ၁၀,ဝ၀ဝ ဝန်းကျင်က စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

“ဖိနပ်အရန်တိုင်းကို ဈေးနှုန်း မသတ် မှတ်ရသေးပေမဲ့ ဒီလမကုန်ခင်မှာ စတင် ရောင်းချသွားမှာပါ၊ ဖိနပ်ဆိုင်လို့ သတ် သတ်မှတ်မှတ် မဖွင့်ဖြစ်သေးပါဘူး၊ လက် ရှိမိတ်ကပ်ဆိုင်မှာ ကောင်တာဖွင့်တင်ထားမယ်၊ အများကြီးသိပ်မတင်ဘူး၊ အဓိက က မိုးတွင်းစီးမယ်ဆိုရင်တောင် အခြား ဖိနပ်ထက် အရောင်အသွေးပိုကောင်းပါတယ်၊ ဈေးချုပ်ဖိနပ်တွေလို မဟုတ်ဘူး၊ ကိုယ့်နာမည်နဲ့လုပ်ရတာဖြစ်တဲ့အတွက် တကယ်မကောင်းဘဲ အရမ်းမညွှန်းချင် ဘူး၊ ဖိနပ်ဝယ်တဲ့သူတွေ ကတ္တီပါဖိနပ်စီးရင် ခြေရာထင်တယ်၊ မိုးတွင်းဆိုတော်ရုံနဲ့ မပြတ်ပါဘူး၊ စီးပြီး ဖိနပ် ဆေးထားရင် အသစ်အတိုင်းပြန်ဖြစ်သွားတာမျိုး လိုချင် တာကြောင့် ကြိုးစားထားပါတယ်၊ အော်ဒါ လိုချင်ရင် ၁၀ ရက်လောက် ကြိုချိန်းဖို့ ပြောထားပါတယ်၊ အခုလောလောဆယ် ဂျပန်၊ ကနေဒါ၊  ယိုးဒယား၊ ဩစတြေး လျားနိုင်ငံက သူငယ်ချင်းတွေက ၁၀ ရန်၊ ၁၅ ရန် မှာကြတယ်၊ ပစ္စည်းက ပေးဖို့ မရှိ ဘူး ဖြစ်နေတယ်၊ လက်ရှိအော်ဒါအရန် (၁၀ဝ၊ ၁၅၀) ဖြစ်နေတော့ လျှော့လုပ်ဖို့ စဉ်းစားနေပါတယ်၊ ပုံမှန်လောက်ပဲ လုပ်သွားမယ်၊ ငွေလဲမလိုပါဘူး၊ စီးပွားရေး လုပ်ချင်တာ တစ်ခုပါပဲ”လို့ မိတ်ကပ် ညီ ညီမောင်က ပြောပါတယ်။

အာမခံထားတဲ့ပစ္စည်းတစ်ခု နာမည်ပျက်တာမျိုးဖြစ်မှာစိုးရိမ်တာကြောင့် သေ ချာ စိစစ်လုပ်ဆောင်နေတယ်။ တောင်းဆိုမှုတွေရှိနေပေမဲ့ ထပ်ချဲ့ဖို့ ကြိုးစားနေတယ်လို့လည်း ညီညီမောင်(စမ်းချောင်း) က ပြောပါတယ်။ မိတ်ကပ်က မိုးတွင်းဝါ တွင်းဖြစ်တဲ့အတွက် ပါးပေမဲ့ သရုပ်ဆောင် အေးမြတ်သူရဲ့ကြော်ငြာရိုက်ကူးမှုတွေက ဆက်တိုက်ရှိနေတာကြောင့် တောက် လျှောက်လိမ်းပေးနေရပြီး နောက်နှစ်မိုးတွင်းမှာ နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

အလှအပနဲ့ပတ်သက်ပြီး ထိုင်မသိမ်းတွေကို သူ့ချစ်သူ (ဒီဇိုင်နာ) နဲ့ ညီမလေး တို့ ကိုယ်ပိုင်ထုတ်လုပ်ထားတဲ့ဒီဇိုင်းတွေကို မင်းသမီးလေးလက်နဲ့ ကြော်ငြာပြီး ရောင်းချတာနဲ့ ငှားရမ်းတာတွေ ပြုလုပ်သွားမယ်လို့သိရပါတယ်။

Author မိပုံ့