သရုပ်ဆောင်ရဲတိုက်အတွက် ပန်းတစ်ပွင့်နဲ့ ပန်းချီတစ်ချပ်အခမ်းအနားပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၁၉ – သရုပ်ဆောင်ရဲတိုက် အကျဉ်းထောင်ကပြန်လွတ်လာတဲ့ အထိမ်းအမှတ်အနေနဲ့ သူ့ရဲ့ပရိသတ်တွေကနေ ပန်း တစ်ပွင့်နဲ့ ပန်းချီတစ်ချပ်ခေါင်းစဉ်နဲ့ အခမ်းအနားတစ်ခုပြုလုပ်ခဲ့ပါတယ်။ သရုပ်ဆောင်ရဲတိုက်ဟာ နိုဝင်ဘာလ ၁၇ ရက်နေ့ မနက်ကတောင်ငူအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။ အဓိကကတော့ ကိုရဲတိုက်နောက်မှာ ပရိသတ်တွေ အမြဲတမ်းအားပေးထောက်ခံနေဆဲ့ဖစ်တယ်၊ သူ့အနေနဲ့လဲအားတက်အောင် အနုပညာအလုပ်တွေဆက်လုပ်နိုင်အောင်ပါလို့ အဆိုပါပွဲကို ဦးဆောင်စီစဉ်တဲ့ မအားမာန်ကပြောပါတယ်။

အခမ်းအနားကို ပန်းဆိုးတန်း အနုပညာခန်းမမှာ ကျင်းပခဲ့တာဖြစ်ပြီး နေ့လယ် ၃းဝ၀ နာရီကနေ ည ၇းဝ၀ နာရီအထိကျင်းပခဲ့တာဖြစ်ပါတယ်။ လာရောက်တဲ့ သူတွေဟာအဝါရောင် နှင်းဆီပန်းတစ်ပွင့်စီသယ်ဆောင်လာရတာဖြစ်ပြီး ရရှိလာတဲ့ပန်းအားလုံးကိုစုပြီးပန်းပညာရှင်နဲ့ပေါင်းကာ ပန်းအလှဖော်ပြီး လက်ဆောင်ပေးတာဖြစ်ပါတယ်။ ဒါ့အပြင် လာရောက်တဲ့သူတွေကို ကင်းဘတ်စ်ပေါ်မှာ ပန်းချီရေးတဲ့ဆေးတွေနဲ့ လက်ဗွေနှိပ်ခိုင်းပြီး ပန်းချီပုံဖော်ပြီးတော့လည်းလက်ဆောင် ပေးမှာဖြစ်ပါတယ်။

သူ့မျက်လုံးတွေက စကားပြောတယ်လိုထင်တယ်၊ မဂ္ဂဇင်းတစ်ခုက အမေးအဖြေတစ်ခုမှာဖြေထားတာတွေသဘောကျတယ်၊ အနုပညာအပေါ်လေးနက်တယ်လို့ ပရိသတ်တစ်ဦးက ပြောပါတယ်။
အခမ်းအနားကို ပရိသတ် ၁၅၀ ကျော်လောက်တက်ရောက်ခဲ့ပြီး ပရိသတ်တွေကနေ သရုပ်ဆောင်ရဲတိုက် မလာခင်ဘာကြောင့် ရဲတိုက် ကို ကြိုက်နှစ်သက်ကြတာလဲဆိုပြီး အပြန်အလှန်ပြောဆိုခဲ့ကြပါတယ်။
Author – ဂျက်