ဒီဇိုင်နာ နှင်းလွန်းအိမ် ရွှေရုပ်လွှာ ဆိုင်ခွဲ -၂ ဖွင့်လှစ်

ရန်ကုန်၊ ဇူလိုင် ၅ - ဒီဇိုင်နာနှင်းလွန်းအိမ်က ရွှေရုပ်လွှာလို့ အမည်ပေးထားတဲ့ Silk & Fashion Design ဆိုင်ခွဲ -၂ ကို ဇူလိုင် ၄ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပါတယ်။

ဆိုင်ဖွင့်ပွဲကို အနုပညာရှင်တွေ ဖြစ်တဲ့ အကယ်ဒမီနေတိုး၊ အကယ်ဒမီထက်ထက်မိုးဦး၊ အေးမြတ်သူ၊ ရွှေစင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။

“ရှစ်လပိုင်းမှာ အစ်မသင်တန်းဖွင့်ဖို့ ရှိပါတယ်၊ ကိုယ်ပိုင်တံဆိပ် နဲ့ ရယ်ဒီမိတ်ပုံစံတွေ ထုတ်ဖို့ရှိပါတယ်”လို့ ဒီဇိုင်နာနှင်းလွန်းအိမ်က ပြောပါတယ်။

ဒီဇိုင်နာ နှင်းလွန်းအိမ်ရဲ့ ရွှေ ရုပ်လွှာဆိုင်ခွဲ ၂ ကို တိုက် ၃၊ အ ခန်း ၄၊ သုဝဏ္ဏ၊ သံသုမာလမ်း ၂၃ ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်မှာ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

 

Author / မိပုံ့