တစ်ကိုယ်တော်အခွေကတော့ အိုင်ဒေါလ်နဲ့ စာချုပ်ပြည့်မှထွက်ဖြစ်မှာပါဆိုတဲ့ ရဲနောင်

မန္တလေး၊ နိုဝင်ဘာ ၁၈ – ကိုယ်တိုင်ရုန်းကန်ခဲ့ရတဲ့ ဘဝတွေကို ကုန်ကြမ်းအနေနဲ့သီချင်းရေးတဲ့အခါမှာ သုံးဖြစ်တယ်ဆိုတဲ့ မြန်မာအိုင်ဒေါလ် အဆိုရှင် ရဲနောင်က သူ့ ရဲ့ တစ်ကိုယ်တော်အခွေကို လာမယ့်နှစ်ကုန်ပိုင်းမှာထွက်ရှိနိုင်အောင် စီစဉ်နေတယ်လို့သိရပါတယ်။

ကျွန်တော် ဟိုးအရင်ပြိုင်ပွဲကို ဝင်မပြိုင်ခင်ကတည်းက စားပွဲထိုးအလုပ်တွေလုပ်ခဲ့၊ ဆိုင်ကယ်ကယ်ရီဆွဲခဲ့ရတဲ့ ဘဝကနေလာခဲ့တဲ့သူဆို တော့ ကိုယ်တိုင်ရုန်းကန်ခဲ့ရတဲ့ ဘဝတွေကိုကုန်ကြမ်းအနေနဲ့ သီချင်းရေးတဲ့အခါမှာသုံးဖြစ်တယ်၊ စိတ်ကူးယဉ်ရတဲ့ အချစ်အကြောင်းတွေ ထက်စာရင် လူမှုပတ်ဝန်းကျင်မှာရှိနေတဲ့ ဘဝဆန်ပြီးလက်တွေ့ကျတဲ့ အကြောင်းအရာလေးတွေကိုပဲရေးဖြစ်တာများပါတယ်၊ သီချင်းဆို ရင်လဲ အဲဒီလို လူမှုပတ်ဝန်းကျင်မှာ လက်တွေ့ကျတဲ့ သီချင်းတွေကိုပဲဆိုချင်တယ်၊ အချစ်အကြောင်းကတော့ရေးဖြစ်တာတော်တော် ရှားတယ်၊ အခုကျွန်တော့် တစ်ကိုယ်တော်အခွေမှာ သီချင်းတွေက ကျွန်တော်ရေးထားတဲ့ သီချင်းတွေလဲပါမယ်၊ ဝယ်ထားတဲ့သီချင်းတွေလဲပါမယ်၊ တစ်ကိုယ်တော် အခွေကတော့ အိုင်ဒေါလ်နဲ့ စာချုပ်သက်တမ်းပြည့်မှပဲထွက်ဖြစ်မှာပါလို့ ရဲနောင်ကပြောပါတယ်။

လတ်တလောမှာတော့ နယ်ရှိုးပွဲတွေဆိုဖြစ်နေပြီး ဓာတ်မြေဩဇာကြော်ငြာ၊ ဆန်းကစ်အချိုရည်ကြော်ငြာနဲ့ တီးမာစတာကြော်ငြာတွေ ရိုက်ကူးထားတယ်လို့သိရတယ်။ ရှေ့လျှောက်မှာလည်း သီချင်းတွေဆက်လုပ်သွားဦးမယ်ဆိုတဲ့ ရဲနောင်က သူ့ပရိသတ်တွေအတွက် မွေးနေ့ အမှတ်တရစီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။

Author – ခတ္တာဖြူ