ပရီးမီးယားလိဂ် ပွဲစဉ် (၁၄) မန်စီးတီးနဲ့ ချယ်လ်ဆီး ထိပ်တိုက်တွေ့ချိန် ထိပ်ဆုံးနေရာကို လီဗာပူးလ် ပြန်ယူနိုင်

 

နိုဝင်ဘာ ၃၀- ပွဲစဉ် (၁၃) မှာ ထိပ်ဆုံးအသင်း လေးသင်းလုံး နိုင်ပွဲ ကိုယ်စီရခဲ့လို့ ရပ်တည်မှု မပြောင်းလဲခဲ့ပါ ဘူး။ ဒါပေမဲ့ သည်တစ်ပတ်တော့ ထိပ်ဆုံး နေရာက ချယ်လ်ဆီး နဲ့ တတိယနေရာက မန်စီးတီးတို့ ထိပ်တိုက်ရင်ဆိုင်ရမှာပါ။ ဒါ ကြောင့် ထိပ်ဆုံး အဆင့် (၁) နေရာ ကို တစ်ပတ်သာ ရောက်ခဲ့ပြီး ဒုတိယ နေရာ ပြန်ဆင်းပေးခဲ့ရတဲ့ လီဗာပူးလ်အသင်း သည်တစ်ပတ်မှာ ထိပ်ဆုံး နေရာပြန်ရဖို့ အခွင့်အရေး ရှိနေပါတယ်။ သည်တစ်ပတ် ပွဲစဉ်မှာတော့  အာဆင်နယ်ရော၊ မန်ယူ ပါ အဝေးကွင်း ပွဲကျပ်ကစားရမှာပါ။ နိုင်ပွဲပျောက်နေတဲ့ မန်ယူအ သင်း ဆက်လက်ကံဆိုးဦးမှာလား စောင့်ကြည့်ရပါလိမ့်မယ်။

 
မန်စီးတီး VS  ချယ်လ်ဆီး
နှစ်သင်းစလုံး လူစုံပါလာကြမှာပါ။ နှစ်သင်းစလုံး ရလဒ်တည် ငြိမ်မှုရှိနေပေမဲ့ ခြေစွမ်းပိုင်းမှာ ချယ်လ်ဆီးက အသာစီးရှိတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ မန်စီးတီး ကွင်းမှာ ကစားရမှာဖြစ်လို့ ချယ်လ် ဆီး အလွန်ခက်ခဲနိုင်ပါတယ်။ မနှစ်က နှစ်ကျော့စလုံး ၃-ဝ ရလဒ်တွေနဲ့ပဲ ချယ်လ်ဆီး အရေးနိမ့်ခဲ့ပါ တယ်။ ပရီးမီးယားလိဂ်မှာ နောက်ဆုံးနှစ် ရာသီဆက်တိုက် ချယ်လ် ဆီးနိုင်ပွဲ လုံးဝမရှိခဲ့ပါဘူး။ ချယ်လ် ဆီး ခံစစ်တည်ငြိမ်တယ်ဆိုပေမဲ့ ဂိုးမြူးနေတဲ့ အဂွဲရိုးကို ထိန်းချုပ်ရ ခက်ပါလိမ့်မယ်။ မန်စီးတီးနောက်တန်းကလည်း ဒီယေဂိုကော်စတာ ကို ရေရှည်ထိန်းချုပ်ဖို့ မလွယ်ပါ ဘူး။ အပြန်အလှန်ဂိုးတွေ မြင်ရဖို့ ရှိပြီး အိမ်ရှင်မန်စီးတီး အရှုံးမရှိနိုင်တဲ့ ပွဲပါ။

 

ပဲလေ့စ် VS ဆောက်သမ်တန်

ပဲလေ့စ်ရဲ့ ရလဒ်ပိုင်းက တောက်လျှောက်ဆိုးရွားနေပြီး ဆောက်သမ်တန်ကလည်း အကောင်းကြီး မဟုတ်ပါဘူး။ မနှစ်ကတော့ ပဲလေ့စ်အိမ်ကွင်းမှာ အနိုင်ရထားပါတယ်။ သည်နှစ် လိဂ်ဖလားမှာ ဆောက်သမ်တန်က အနိုင်ယူခဲ့ပါတယ်။ ကစားသမား ပိုင်း အင်အား သိပ်မကွာပေမဲ့ ပဲလေ့စ် ခံစစ်ပိုင်းက  ဆိုးရွားလွန်းနေတာကြောင့် ဆောက်သမ်တန်တိုက် စစ်ကိုလည်း ဂိုးပေးရဦးမှာပါ။ ကံကောင်းလွန်းမှ ပဲလေ့စ်သရေတစ် မှတ်ရပါလိမ့်မယ်။

 

စတုတ် VS ဘန်လေ

စတုတ်ရဲ့ ခြေစွမ်းက အားရစရာပါ။ ဘန်လေက နှစ်ပွဲဆက်ရှုံးပြီး နည်းနည်းခြေပြန်ကျသွားတယ်။ အစဉ်အလာမှာ သည်နှစ်သင်းသိပ်ကွာလှတာ မဟုတ်ပါဘူး။ လက်ရှိ ခြေစွမ်းပိုင်းအရတော့ အိမ်ရှင်စ တုတ် အနိုင်မရစရာ မရှိပါဘူး။

 

ဆန်းဒါးလန်း VS လက်စတာ

ဆန်းဒါးလန်းက အဆင့် (၂၀) ကနေ မရုန်းထွက်နိုင်သေးပေမဲ့ နောက်ဆုံးပွဲတွေမှာ အတော်လေး ခြေစွမ်းငြိမ်လာတာ တွေ့ရတယ်။ လက်စတာကတော့ ချန်ပီယံလိဂ် ဖိအားနဲ့ ပရီးမီးယားလိဂ်မှာ ရလဒ် မကောင်းပါဘူး။ သည်ပွဲပြီးရင် လည်း ချန်ပီယံလိဂ်ကစားရမှာပါ။ ဒါပေမဲ့ ချန်ပီယံလိဂ်အုပ်စု အဆင့်ကို ကျော်ဖြတ်နိုင်ပြီဖြစ်လို့ လက်စတာ သည်ပွဲကို အာရုံအပြည့် စိုက် ပါလိမ့်မယ်။ မနှစ်က ဆန်းဒါးလန်း နှစ်ကျော့စလုံး ရှုံးခဲ့တာပါ။ အိမ်ရှင် အသင်း သရေကျရင် ကံကောင်းတဲ့ပွဲ ဖြစ်ပြီး လက်စတာ နိုင်ပွဲပြန်ရ သွားဖို့ ပိုများပါတယ်။

 

စပါး VS ဆွမ်ဆီး

ပြီးခဲ့တဲ့ ပွဲစဉ်မှာတော့ စပါးက ပထမဆုံးရှုံးပွဲကြုံချိန်မှာ ဆွမ်ဆီးက သည်ရာသီ ဒုတိယမြောက် နိုင်ပွဲကို ရရှိခဲ့ပါတယ်။ ဒါပေမဲ့ စပါးရှုံး ခဲ့တာက ထိပ်ဆုံးက ချယ်လ်ဆီးအသင်းဖြစ်လို့ ခြေစွမ်းညံ့တယ်လို့ မဆိုသာပါဘူး။ သည်လိုပဲ ဆွမ်ဆီး နိုင်ပွဲကလည်း ပဲလေ့စ်လို ရလဒ် ဆိုးနေတဲ့ အသင်းကို ၅-၄ နဲ့ အ ပြန်အလှန်ဂိုးသွင်းပြီး နိုင်ခဲ့တာ ကြောင့် စိတ်အချရကြီး မဟုတ် သေးပါဘူး။ မနှစ်က ခြေစွမ်းမျိုးမရသေးတဲ့ ဆွမ်ဆီးကိုမနှစ်က ထက် ပိုမကောင်းရင်တောင် မညံ့တဲ့ စပါးအသင်းက အသာလေးအ နိုင်ယူပြမှာပါ။ စပါးဂိုးပြတ်နိုင်ပွဲ ဖြစ်သွားနိုင်ပါတယ်။

 

ဝက်စ်ဘရွန်း VS ဝက်ဖို့ဒ်

အဆင့် (၈) နဲ့ အဆင့် (၉)မှာ ရပ်တည်နေတဲ့ ခြေညီတဲ့ နှစ်သင်း ပါ။ ဝက်စ်ဘရွန်းက နောက်ဆုံး သုံးပွဲဆက် ရှုံးပွဲမရှိ ခုနစ်မှတ်ယူထားနိုင်ပေမဲ့ ဝက်ဖို့ဒ်က နောက်ဆုံး သုံးပွဲမှာ တစ်ပွဲသာ နိုင်ပြီး နှစ်ပွဲရှုံးထားပါတယ်။ အစဉ်အလာမှာ လည်း အသာရနေကျ ဝက်စ်ဘရွန်းအိမ်ကွင်းမှာ အသာစီး ကစားနိုင်ဦးမှာပါ။ ဒါပေမဲ့ ခြေစွမ်းမကွာလို့ သရေပွဲဖြစ်ဖို့ ရာခိုင်နှုန်းများတဲ့ပွဲပါပဲ။

 
ဝက်စ်ဟမ်း VS အာဆင်နယ်

လန်ဒန်ဒါဘီနောက်တစ်ပွဲပါ။ ဝက်စ်ဟမ်းက မနှစ်က အာဆင် နယ်ကို နှစ်ကျော့စလုံး ဒုက္ခပးခဲ့ ပေမဲ့ သည်နှစ်မနှစ်က ခြေစွမ်းမျိုး အခုအထိ ပြန်မရသေးပါဘူး။ ပွဲစဉ် (၁၃) မှာ မန်ယူကို သရေကစားနိုင် ခဲ့ပေမဲ့ တိုက်စစ်ပိုင်းက အားရစရာ မရှိပါဘူး။ အာဆင်နယ်ကတော့ မန်စီးတီးနဲ့ ချယ်လ်ဆီးထိပ်တိုက် ဆုံချိန်မှာ သည်ပွဲကို အနိုင်ရဖို့ လိုနေပါတယ်။ မနှစ်ကထက် ပို ကောင်းလာတဲ့ အာဆင်နယ်၊ မနှစ် ကလောက် မကောင်းတဲ့ ဝက်စ် ဟမ်းကို သေချာပေါက် အနိုင်က စားပါလိမ့်မယ်။

 

ဘုန်းမောက် VS လီဗာပူးလ်

ဘုန်းမောက်က သာမန်အသင်းထက် မပိုပါဘူး။ လီဗာပူးလ်က အကောင်းဆုံး ခြေစွမ်းနဲ့ ပထမ နေရာကို ပြန်ယူဖို့ တာစူရမယ့် အသင်းဖြစ်ပါတယ်။ မနှစ်ကလည်း လီဗာပူးလ် အနိုင်ရခဲ့တာပါ။ ဒါပေမဲ ဂိုးမပြတ်ခဲ့ပါဘူး။ သည်နှစ်တော့ လီဗာပူးလ် တိုက်စစ်အားကောင်း တာေ ကြာင့် မနှစ်ကထက် ဂိုးပိုရ ဖို့ မျှော်လင့်နိုင်ပါတယ်။ ဒါပေမဲ့ အဓိက ကွင်းလယ်လူ ကော်တင်ဟို ဒဏ်ရာ ပြဿနာ ကြောင့် လီဗာပူးလ်ရဲ့တိုက်စစ်အရှိန်အနည်းငယ် လျော့နိုင်ပါတယ်။ လီဗာပူးလ်နိုင်ပွဲရဖို့ကတော့ သေချာပါတယ်။ ဂိုး ပြတ်ဖို့ကတော့ မလွယ်နိုင်ဘူး။

 

အဲဗာတန် VS မန်ယူ

အဆင့် (၆) နဲ့ အဆင့် (၇) တစ် မှတ်သာ ကွာတဲ့ အသင်းတွေပါ။ မန်ယူအနေနဲ့တော့ သည်ပွဲမှ အနိုင်မရရင် ထိပ်ဆုံး အသင်းတွေကို လိုက်မှီဖို့ ခက်တဲ့အထိ အမှတ်ပြတ်သွားနိုင်ပါတယ်။ အဲဗာတန်ကလည်း အခု နောက်ပိုင်း ရလဒ်ပြန် ဆိုးနေပြီး အခုအထိ ခြေမငြိမ်သေးပါဘူး။ မန်ယူကလည်း အလားတူ ပါပဲ။ သည်ပွဲမှာ နည်းပြမော်ရင်ဟို ပွဲပယ်ခံရဦးမှာ ဖြစ်လို့ မန်ယူအ သင်းစိတ်ဓာတ်ပိုင်း အားလျော့နိုင်ပါတယ်။ အဲဗာတန်ကလည်း နောက်ဆုံး ခုနစ်ပွဲမှာ တစ်ပွဲသာ အ နိုင်ရထားလို့ မန်ယူကို ဖိအားပေး နိုင်မယ့် ခြေစွမ်းမျိုးမရှိပါဘူး။ မန်ယူသည်တစ်ပွဲတော့ နိုင်ပွဲ ပြန်တွေ့နိုင်လောက်ပါတယ်။

 
မစ်ဒယ်ဘရော့VS ဟားလ်စီးတီး

ခြေစွမ်းမကွာကြတဲ့ အသင်းပါ။ နှစ်သင်းစလုံး နောက်ဆုံးပွဲတွေမှာ သရေပွဲကြုံခဲ့ပြီး တစ်မှတ်သာကွာကြပါတယ်။ တိုက်စစ်ပိုင်းမှာ မစ်ဒယ်ဘရော့ ပိုသာနိုင်ပေမဲ့ ဟားလ်စီးတီးကလည်း မမျှော်လင့်ဘဲ ခြေစွမ်းပြတတ်တာကြောင့် ခန့်မှန်းရခက်နိုင်တဲ့ ပွဲပါ။ သရေကျဖို့ များပါတယ်။

 

ပွဲကစားချိန်များ
ပရီးမီးယားလိဂ်ပွဲစဉ် (၁၄)
ဒီဇင်ဘာ ၃၊စနေနေ့ည

မန်စီးတီး ၇းဝ၀ ချယ်လ်ဆီး

ပဲလေ့စ် ၉:၃၀ ဆောက်သမ်တန်

စတုတ် ၉:၃၀ ဘန်လေ

ဆန်းဒါးလန်း ၉:၃၀ လက်စတာ

စပါး ၉း၃၀ ဆွမ်ဆီး

ဝက်စ်ဘရွန်း ၉း၃၀ ဝက်ဖို့ဒ်

ဝက်စ်ဟမ်း ၁၂းဝ၀ အာဆင်နယ်

 

ဒီဇင်ဘာ ၄၊ တနင်္ဂနွေနေ့ည

ဘုန်းမောက် ၈းဝ၀ လီဗာပူးလ်

အဲဗာတန် ၁၀း၃၀ မန်ယူ

 

ဒီဇင်ဘာ ၆၊ အင်္ဂါနေ့ မနက်

မစ်ဒယ်ဘရော့ ၂း၃၀ ဟားလ်စီးတီး

 

ပွဲစဉ် ( ၁၃) အပြီး ပရီးမီးယားလိဂ်အသင်းများရဲ့ ရပ်တည်မှု

စဉ်  အသင်း              ပွဲ         နိုင်        သရေ        ရှုံး        ရဂိုး    ပေးဂိုး      ရမှတ်

၁ ချယ်လ်ဆီး            ၁၃        ၁၀          ၁           ၂        ၂၉         ၁၀          ၃၁

၂ လီဗာပူးလ်            ၁၃         ၉           ၃           ၁         ၃၂        ၁၄          ၃၀

၃ မန်စီးတီး              ၁၃         ၉           ၃           ၁         ၂၉       ၁၂           ၃၀

၎ အာဆင်နယ်          ၁၃        ၈            ၄          ၁         ၂၈        ၁၃          ၂၈

၅ စပါး                     ၁၃       ၆             ၆         ၁         ၁၉        ၁၀         ၂၄

၆ မန်ယူ                    ၁၃      ၅            ၅         ၃          ၁၈        ၁၅           ၂၀

၇ အဲဗာတန်                ၁၃     ၅            ၄         ၄          ၁၆         ၁၅          ၁၉

၈ ဝက်ဖို့ဒ်                   ၁၃     ၅            ၃          ၅          ၁၇        ၂၁           ၁၈

၉ ဝက်စ်ဘရွန်း            ၁၃      ၄           ၅           ၄         ၁၇       ၁၆           ၁၇

၁၀ ဆောက်သမ်တန်    ၁၃       ၄          ၅           ၄          ၁၃       ၁၂          ၁၇

၁၁ စတုတ်                ၁၃        ၄         ၄           ၅           ၁၄      ၁၉         ၁၆

၁၂ ဘန်းမောက်          ၁၃        ၄        ၃            ၆           ၁၅       ၁၉         ၁၅

၁၃ ဘန်လေ               ၁၃        ၄       ၂           ၇            ၁၂      ၂၁          ၁၄

၁၄ လက်စတာ          ၁၃          ၃      ၄           ၆            ၁၆     ၂၂          ၁၃

၁၅ မစ်ဒယ်ဘရော့     ၁၃          ၂      ၆            ၅             ၁၂     ၁၅         ၁၂

၁၆   ဝက်စ်ဟမ်း       ၁၃           ၃      ၃            ၇            ၁၄     ၂၄        ၁၂

၁၇ ပဲလေ့စ်              ၁၃           ၃       ၂            ၈          ၂၁      ၂၆        ၁၁

၁၈ ဟားလ်စီးတီး      ၁၃          ၃       ၂             ၈          ၁၁     ၂၈         ၁၁

၁၉ ဆွမ်ဆီး           ၁၃         ၂       ၃             ၈          ၁၆     ၂၆           ၉

၂၀ ဆန်းဒါးလန်း      ၁၃        ၂       ၂              ၉         ၁၂     ၂၃           ၈

 

4cus