The Kumudra Journal

ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) မန်ယူနဲ့ အာဆင်နယ်ထိပ်တိုက်တွေ့ပြီး ထိပ်ဆုံးလေးသင်းလုံး အဝေးကွင်းပွဲ ကစားရမည်

နိုဝင်ဘာ ၁၆ – သည်တစ်ပတ်မှာ ပရီးမီးယားလိဂ်ပွဲစဉ် ပြန်ကစားကြမှာပါ။ မန်ယူနဲ့   အာဆင်နယ် ထိပ်တိုက်တိုးတဲ့ ပွဲစဉ်ဖြစ်သလို ထိပ်ဆုံးလေးနေရာမှာရပ်တည်နေကြတဲ့   လီဗာပူးလ်၊ ချယ်လ်ဆီး၊ မန်စီးတီး၊ အာဆင်နယ် သည်လေးသင်း စလုံးပွဲစဉ် (၁၂)မှာ   အဝေးကွင်းပွဲတွေ ယှဉ်ပြိုင်ကစားကြရမှာဖြစ်ပါတယ်။မန်ယူ နိုင်ပွဲပြန်တွေ့ထားလို့   အာဆင်နယ်အတွက် ခက်ခဲတဲ့ပွဲဖြစ်လာနိုင်သလို လီဗာပူးလ်ကလည်း ဆောက်သမ်တန်ကွင်းမှာ သွားကစားရမှာဖြစ်တာကြောင့် ပွဲကျပ်နိုင်ပါတယ်။ ပုံစံကောင်းရနေတဲ့ ချယ်လ် ဆီးရော၊ ပထမနေရာက ဆင်းပေးလိုက်ရတဲ့ မန်စီးတီးပါ သည်တစ်ပတ်အသင်းငယ်တွေ နဲ့မို့ ပွဲချောင်နိုင်ပါတယ်။ နောက်ထပ်စိတ်ဝင်တစား စောင့်ကြည့်ရမယ့်ပွဲက လန်ဒန်ဒါဘီပွဲ တစ်ပွဲဖြစ်တဲ့ စပါးနဲ့ဝက်စ်ဟမ်းတို့ရဲ့ ပွဲလို့ဆိုချင်ပါတယ်။

မန်ယူ Vs အာဆင်နယ်

သည်တစ်ပတ်ရဲ့ အစောဆုံးနဲ့ အကြိတ်အနယ်အရှိဆုံးပွဲပါ။ မန်ယူက နောက်ဆုံးပွဲမှာ   နိုင်ပွဲပြန်ရှာတွေ့ခဲ့ပေမဲ့ အာဆင်နယ်က စပါးနဲ့သရေပွဲကြောင့် အဆင့်(၄)အထိကျသွား ခဲ့တယ်။ သည်ပွဲက နှစ်သင်းစလုံးအတွက် မဖြစ်မနေနိုင်ပွဲရှာရမယ့်ပွဲပါ။ မနှစ်ကတော့   မန်ယူက ၃-၂ နဲ့ အနိုင်ရခဲ့တယ်။ ဒါပေမဲ့ လောလောဆယ် မန်ယူခံစစ်မှာ လူမစုံသလို     တိုက်စစ်မှာလည်း အီဘရာဟီမိုဗစ် ပွဲပယ်ခံထားရလို့အားနည်းပါလိမ့်မယ်။ အာဆင်နယ် ကတော့ နောက်ဆုံးသုံးပွဲမှာ နှစ်ပွဲ နိုင်ပွဲပျောက်ခဲ့ပေမဲ့ ၁၀ ပွဲဆက် ရှုံးပွဲမရှိသေးပါဘူး။   မနှစ်က အာဆင်နယ်ထက် သည်နှစ်အာဆင်နယ်က ပိုပြီးတည်ငြိမ်တာအမှန်ပါပဲ။ မန်ယူကတော့ အခုအထိတည်ငြိမ်တဲ့ ကစားပုံမတွေ့ ရသေးဘဲ တစ်ပွဲတိုးကစားပုံနဲ့သာ   ပြိုင်ပွဲကို ဖြတ်သန်းနေပုံရပါတယ်။ အခုပွဲက မနှစ်ကလိုပဲအကြိတ်အနယ် အပြန်အလှန် ဂိုးတွေမြင်တွေ့ရနိုင်ပါတယ်။ မန်ယူသရေပွဲထက် ပိုမျှော်လင့်လို့မရနိုင်လောက်ဘူး။

ပဲလေ့စ် Vs မန်စီးတီး

အဆင့်(၃) နေရာအထိ ဆင်းပေးလိုက်ရတဲ့ မန်စီးတီးအတွက် အလွန်အရေးပါတဲ့ပွဲပါ။ ထိပ်ဆုံး က လီဗာပူးလ်အသင်း အနည်းငယ်ပွဲကျပ်နေတာကို မန်စီးတီးအခွင့်ကောင်းယူဖို့ လိုပါတယ်။ ပဲလေ့စ်ကတော့ နောက်ဆုံးလေး ပွဲဆက်ရှုံးပြီး အခြေအနေပြန်ဆိုးနေပါတယ်။   မနှစ်က နှစ်ကျော့လုံး မန်စီးတီးအနိုင်ရခဲ့တယ်။ သည်နှစ် မန်စီးတီးရဲ့ခြေစွမ်းက စောင့် ကြည့်ရဖို့ရှိနေသေးပေမဲ့ မနှစ်ကထက် ခြေစွမ်းပိုယိုင်လာတဲ့ ပဲလေ့စ်ကို အသာစီးကစား နိုင်ဦးမှာပါ။ ဒါပေမဲ့ မန်စီးတီးရဲ့နိုင်ပွဲက ပြတ်သားဖို့တော့မလွယ်ပါဘူး။

အဲဗာတန် Vs ဆွမ်ဆီး

နှစ်သင်းစလုံးခက်ခဲတဲ့အချိန်နဲ့ ရင်ဆိုင်နေရတယ်။ အထူးသဖြင့် အဆင့်(၁၉)ရောက် ဆွမ်ဆီးက အဲဗာတန်ထက်ပိုပြီး အခြေအနေယိမ်းယိုင်နေတယ်။ အဲဗာတန်ကအဆင့် (၇)မှာ ရပ်တည်နေလို့ အခြေအနေမဆိုးလှပေမဲ့ သည်ရာသီမှာ တည်ငြိမ်တဲ့ခြေစွမ်းနဲ့     ရလဒ်ပိုင်းမစွမ်းဆောင်နိုင်တာ အားနည်းချက်ပါ။ မန်စီးတီးလို အသင်းမျိုးကိုသရေကစား နိုင်အောင် ခြေစွမ်းကောင်းခဲ့သလောက် ချယ်လ်ဆီးကို ၅-ဝ နဲ့ မရှုမလှရှုံးရတဲ့အဲ ဗာတန်ရဲ့ ခြေစွမ်းကဆွမ်ဆီးနဲ့ပွဲမှာလည်း မေးခွန်းထုတ်စရာဖြစ်လာနိုင်ပါတယ်။

အစဉ်အလာမှာ အဲဗာတန်ကသိသာစွာ အသာစီးရပေမဲ့ မနှစ်ကနှစ်ကျော့စလုံး ဆွမ်ဆီးကို   အနိုင်မရခဲ့ပါဘူး။ ဒါပေမဲ့ ဆွမ်ဆီးရဲ့ခံစစ်က အခြေအနေအတော်ဆိုးနေတာကြောင့်     လူကာကူဂိုးပေါက် ပြန်တွေ့နိုင်ပြီး အဲဗာတန်အသက်ရှူပြန်ချောင်လောက်ပါတယ်။ မနှစ်က   ၁-၂ ရှုံးကြွေးကို အဲဗာတန်တို့ အိမ်ကွင်းမှာ သေချာပေါက်ပြန်ဆပ်နိုင် ပါလိမ့်မယ်။

ဆောက်သမ်တန် Vs လီဗာပူးလ်

သည်ပွဲကအတော်လေးကြည့် ကောင်းမယ့်ပွဲပါ။ လီဗာပူးလ်က အဆင့် (၁) နေရာကို   ဆက်ထိန်းထားနိုင်ဖို့ သည်ပွဲကိုမဖြစ်မနေအနိုင်ရဖို့ လိုနေချိန်မှာ သုံးပွဲဆက်နိုင်ပွဲ ပျောက်နေတဲ့ ဆောက်သမ်တန်ကလည်း နိုင်ပွဲပြန်ရအောင် ကြိုးစားလာမှာဖြစ်ပါတယ်။     လက်ရှိခြေစွမ်းအရ လီဗာပူးလ်အသင်းအသာစီးရမှာ မှန်ပေမဲ့ မနှစ်ကနှစ်ကျော့စလုံး   အနိုင်မရခဲ့ဘဲ ဆောက်သမ်တန်ကွင်းမှာ ၃-၂ နဲ့ လီဗာပူးလ်အရှုံးပေးခဲ့ရပါတယ်။ နှစ် သင်းစလုံး လူစုံထုတ်ကစားလာကြဖို့ရှိပြီး တိုက်စစ်ပိုင်းမှာ လီဗာပူးလ်အသာရနိုင်သ လောက် ပွဲတိုင်းနီးပါးဂိုးပေးထားရတဲ့ လီဗာပူးလ်ခံစစ်ကိုဆောက်သမ်တန် တိုက်စစ်ဖိအား ပေးနိုင်မှာသေချာသလောက်ပါပဲ။   ပရီးမီးယားလိဂ်မှာ   ထိပ်ဆုံးနေရာ မရပ်တည်နိုင်တာ   ကြာပြီဖြစ်တဲ့ လီဗာပူးလ်အသင်းသည်ဖိအားကိုတွန်းလှန်နိုင်ဖို့တော့လိုပါတယ်။ သည်ပွဲမှာ အနိုင်မရဘူးဆိုရင် လီဗာပူးလ်ထိပ်ဆုံးနေရာက ပြန်ဆင်းပေးရဖို့ရှိနေပါတယ်။     ဖိအားပိုကင်းတဲ့ အိမ်ရှင်ဆောက်သမ်တန်အသင်း ရှုံးပွဲမရှိနိုင်လောက်တဲ့ပွဲပါ။

စတုတ် Vs ဘုန်းမောက်

စတုတ်ရဲ့ ခြေစွမ်းကတော်တော်လေးအားရစရာ ပြန်ကောင်းလာပါပြီ။ နောက်ဆုံး   ခြောက်ပွဲဆက်ရှုံးပွဲလုံးဝမရှိဘဲ သုံးပွဲအနိုင်ရခဲ့လို့ အဆင့် (၁၂)အထိ ပြန်တက်လာ နိုင်ပါတယ်။ ဘုန်းမောက်ကတော့ ပုံမှန်ခြေစွမ်းအတိုင်းပဲ တိုးတက်ခြင်း ဆုတ်ယုတ်ခြင်း   သိသိသာသာမတွေ့ရဘူး။ နောက်ဆုံးနှစ်ပွဲဆက်မှာ ခြေရည်တူအသင်းတွေကိုအရှုံး ပေးထားရပါတယ်။ ဒါကြောင့် မနှစ်ကလည်း နှစ်ကျော့စလုံးခြေစွမ်းပြအနိုင်ရခဲ့တဲ့ စတုတ် အတွက် အခက်အခဲ မရှိနိုင်လောက်တဲ့ပွဲပါ။ စတုတ်သေချာပေါက် အနိုင်ရနိုင်တယ်။

ဆန်းဒါးလန်း Vs ဟားလ်စီးတီး

တန်းဆင်းဇုန်ထဲက နှစ်သင်းရဲ့ပွဲဖြစ်လို့ ထင်ထားတာထက်ပိုပြီးအကြိတ်အနယ်ရှိနိုင်ပါ တယ်။ ဆန်းဒါးလန်းက သည် ရာသီပထမဆုံးနိုင်ပွဲကို ပွဲစဉ် (၁၁)မှာ ဘုန်းမောက်ကို အနိုင်ယူရရှိသွားပြီဖြစ်လို့ စိတ်ဓာတ်ပြန်တက်လာနေပါ တယ်။ ဟားလ်စီးတီးကလည်း   နောက်ဆုံးပွဲမှာ ဆောက်သမ်တန်လို ကစားရခက်တဲ့အသင်းမျိုးကိုအနိုင်ရပြီး ရှုံးပွဲဆက်မှု   ရပ်တန့်လိုက်တယ်။ ဒါကြောင့် သည်ပွဲက မထင်မှတ်ဘဲပွဲကောင်းတစ်ပွဲဖြစ်လာပါလိမ့်မယ်။ အိမ်ရှင်ဆန်းဒါးလန်း အနိမ့်ဆုံး သရေတစ်မှတ်တော့ရနိုင်တယ်။

ဝက်ဖို့ဒ် Vs လက်စတာ

အဆင့် (၁၄) ရောက်လက်ရှိ ချန်ပီယံအသင်းဟာ အဆင့်(၈)ရောက် ဝက်ဖို့ဒ်အသင်းရဲ့ ကွင်းမှာပွဲကျပ်ကစားရမှာပါ။ မနှစ်က နှစ်ကျော့စလုံးလက်စတာအနိုင်ရခဲ့ပေမဲ့ သည်နှစ် တော့မလွယ်ပါဘူး။ဝက်ဖို့ဒ်က နောက်ဆုံးပွဲမှာ လီဗာပူးလ်ကို ၆-၁ နဲ့ ဂိုးပြတ်ရှုံးခဲ့ရပေမဲ့   ရှေ့ပွဲတွေမှာ ကစားပုံကောင်းပါတယ်။ လက်စတာက ချန်ပီယံလိဂ်ကို အာရုံစိုက်လွန်းနေ ပြီး ပြည်တွင်းမှာသာမန်အသင်းတစ်သင်းအဆင့် ကျဆင်းနေပါတယ်။ ဂိုးပြတ်ရှုံးပွဲကနေ   ရုန်းထဖို့ကြိုးစားလာမယ့် ဝက်ဖို့ဒ်ကြောင့် လက်စတာရှုံးပွဲမတွေ့အောင်သာခုခံကစားရဖို့   ရှိပါတယ်။

စပါး Vs ဝက်စ်ဟမ်း

သည်တစ်ပတ်ရဲ့ စိတ်ဝင်စားစရာပွဲတွေထဲကတစ်ပွဲပါ။ လန်ဒန်ဒါဘီပွဲတစ်ပွဲဖြစ်လို့ အကြိတ်အနယ်ရှိမှာ သေချာပါတယ်။ စပါးကရှုံးပွဲမကြုံသေးတဲ့ တစ်သင်းတည်းသော   လက်ကျန်အသင်းဖြစ်ပေမဲ့ သရေခြောက်ပွဲတိတိကစား ထားပြီး အဖိုးတန်အမှတ်တွေ   ဆုံးရှုံးနေပါတယ်။ ဝက်စ်ဟမ်းက ရာသီအစတောက်လျှောက်ခြေပျက်နေရာကနေ   အခုနောက်ပိုင်း ပုံမှန်ခြေပြန်ရဖို့ နီးစပ်လာပြီလို့ဆိုနိုင်ပါတယ်။တစ်ခုသတိထားရမှာက  စပါးဟာခံစစ် အကောင်း ဆုံးစွမ်းဆောင်ထားနိုင်တဲ့ အသင်းဖြစ်လို့အားနည်းနေတဲ့   ဝက်စ်ဟမ်းတိုက်စစ်ကို ကောင်းကောင်းထိန်းချုပ်နိုင်ပါလိမ့်မယ်။ ဝက်စ်ဟမ်းခံစစ်က   အားနည်းလွန်းပါတယ်။ စပါးတိုက်စစ်ပိုင်း အားမကောင်းပေမဲ့ သည်ပွဲမှာတစ်ဂိုး အသာ လောက်နဲ့ ကပ်နိုင်သွားဖို့များပါတယ်။

မစ်ဒယ်ဘရော့ Vs ချယ်လ်ဆီး

တောက်လျှောက်ခြေစွမ်းပြနေတဲ့ ချယ်လ်ဆီးအတွက် သိပ်ပြီးကျပ်လှတဲ့အဝေးကွင်းပွဲ မဟုတ်ပါဘူး။ မစ်ဒယ်ဘရော့က အာဆင်နယ်၊ မန်စီးတီးတို့ကို သရေကစားထားနိုင်တဲ့   အသင်းဖြစ်ပေမဲ့ အဲသည်နှစ်ပွဲစလုံးကို အဝေးကွင်းမှာကစားခဲ့တာပါ။ အိမ်ကွင်းမှာတော့   စပါး၊ ဝက်ဖို့ဒ်စတဲ့အသင်းတွေကို ရှုံးနိမ့်ထားပါတယ်။ အစဉ်အလာ အရရော၊ လက်ရှိ ခြေစွမ်းအရပါ ဧည့်သည်အသင်းအသာရမှာသေချာပြီး သုံးမှတ်အပြည့်ယူပါလိမ့်မယ်။

ဝက်စ်ဘရွန်း Vs ဘန်လေ

ဝက်စ်ဘရွန်းက တောက်လျှောက်နိုင်ပွဲပျောက်နေရာကနေ လက်စတာနဲ့နောက်ဆုံးပွဲမှာ   အနိုင်ပြန်ရခဲ့တယ်။ ဘန်လေကတော့ အံ့ဩစရာခြေစွမ်းနဲ့ နောက်ဆုံးသုံးပွဲဖြစ်တဲ့   အဲဗာတန်၊ မန်ယူ၊ ပဲလေ့စ်တို့နဲ့ ပွဲတွေမှာ ခုနစ်မှတ်အထိရခဲ့ပြီးခြေတက်နေတယ်။ ဒါပေမဲ့ ဝက်စ်ဘရွန်းရဲ့ ခြေစွမ်းကတော့ ခန့်မှန်းရခက်ပြီး မထင်မှတ်တဲ့ပွဲတွေမှာခြေပိုကောင်းလေ့ ရှိပါတယ်။ အိမ်ကွင်းပွဲဖြစ်လို့ ၀က်စ်ဘရွန်းသရေနဲ့ အနိုင်တစ်ခုခုရနိုင်ပါတယ်။

4cus