The Kumudra Journal

ပရီးမီးယားလိဂ်ပွဲစဉ် (၁၉) ၂၀၁၆ ကို နှုတ်ဆက်၊ ၂၀၁၇ ကို ကြိုဆိုမယ့် ရာသီတစ်ဝက်ပွဲစဉ်

ဒီဇင်ဘာ ၂၈- သည်တစ်ပတ် ပွဲစဉ်ကတော့ ပရီးမီးယားလိဂ်ပြိုင်ပွံအတွက် နှစ်ဟောင်းနဲ့ နှစ်သစ်ကို တစ် ပြိုင်နက် နှုတ်ဆက်ကြိုဆိုရမယ့် ပွဲစဉ် ဖြစ်ပါတယ်။ ရာသီတစ်ဝက် ကျိုးပွဲစဉ်လည်းဖြစ်ပြီး ထိပ်ဆုံးက ချယ်လ်ဆီးအသင်းကတော့  ရာသီဝက်ချန်ပီယံဘွဲ့ကို ဆွတ်ခူးထား လိုက်ပါပြီ။ သည်တစ်ပတ်မှာ ချယ်လ်ဆီးအသင်း နိုင်ပွဲဆက် စံချိန်ထပ်တင်ဖို့ အကောင်းဆုံး အခွင့်အရေး ရှိနေပြန်ပါတယ်။ လီဗာပူးလ်နဲ့ မန်စီးတီးပွဲကတော့ သည်တစ်ပတ်ရဲ့ အကောင်းဆုံးပွဲလည်း ဖြစ်သလို ရာသီဝက်ဒုတိယနေရာ လုပွဲလို့လည်း သတ်မှတ်ရမှာပါ။ အာဆင်နယ်၊ မန်ယူတို့လည်း အိမ်ကွင်းမှာ ပွဲချောင်နေကြလို့ ၂၀၁၇ ကို အနိုင်ကိုယ်စီသယ်ဆောင်သွားဖို့ များနေပါတယ်။ နှစ်သစ်ကို ကြို ဆို ရင်း သည် တစ်ပတ် ပွဲစဉ်ကို မလ∑တ်တမ်း စောင့်ကြည့်ရပါလိမ့်မယ်။

ဟားလ်စီးတီး Vs အဲဗာတန်

အဆင့် ၂၀ က ဟားလ်စီးတီးအနေနဲ့ နိုင်ပွဲရခဲ့မယ်ဆိုရင် ဆွမ်ဆီးနဲ့ ဆန်းဒါးလန်းကို ကျော်တက် ပြီး ရာသီဝက်မှာ ပိုမြင့်တဲ့ အဆင့်နဲ့ ရပ်တည်နိုင်ခွင့်ရှိပါတယ်။ ဒါပေမဲ့ အဲဗာတန်လို အသင်းကို ရင်ဆိုင်ရ မှာ ဖြစ်လို့ ဟားလ်စီးတီးရဲ့ စိတ်ကူး လက်တွေ့ဖြစ်လာဖို့ မလွယ်ပါဘူး။ နောက်ဆုံးဆုံခဲ့တဲ့ ၂၀၁၅ မှာ ဟားလ်စီးတီးအနိုင်ရခဲ့ပါတယ်။ ဒါ ပေမဲ့ ခြေစွမ်းယိုင်လွန်းနေတဲ့ အိမ်ရှင်အသင်း သည်ပွဲမှာလည်း သရေတောင်ရဖို့ မဖြစ်နိုင်ပါဘူး။

ဘန်လေ Vs ဆန်းဒါးလန်း

အဆင့် (၁၄) ဘန်လေနဲ့ အ ဆင့် (၁၈) ဆန်းဒါးလန်းရင်ဆိုင်ရတာပါ။ ဘန်လေက သည်ထက် အဆင့်ပိုမြင့်ပြီး ရာသီဝက်ကျော်ဖြတ်ဖို့ အခွင့်အရေးအများကြီး ရှိနေပေမဲ့ ဆန်းဒါးလန်းအတွက်တော့ သည်နေရာဆက်မြဲအောင်သာ ကြိုးစားရနိုင်ပါတယ်။ ခြေရည်တူ အသင်းတွေကို အသာစီးကစား နိုင်တဲ့ ဘန်လေ အသာပိုရမှာပါ။ ဒါ ပေ မဲ့ ဆန်းဒါးလန်း ရုန်းအား ကြောင့် သရေလောက်နဲ့ ပွဲသိမ်းဖို့ များတယ်။

ချယ်လ်ဆီး Vs စတုတ်
ချယ်လ်ဆီးက ၁၃ ပွဲဆက်နိုင် ပွဲစံချိန်တင်ဖို့ နီးစပ်နေပြီလို့ ဆိုရမယ်။ အနည်းဆုံးတော့ ရာသီဝက် ချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်ချယ်လ်ဆီး ဆွတ်ခူးမှာပါ။ စတုတ်က မနှစ်က ချယ်လ်ဆီးကို နှစ်ကျော့စလုံး ဒုက္ခပေးခဲ့တဲ့ အသင်းဖြစ်ပေမဲ့ လော လောဆယ် လေးပွဲဆက် နိုင်ပွဲ ပျောက်နေတယ်။ ချယ်လ်ဆီးလက် စားချေနိုင်ပွဲယူမယ့် ပွဲပါပဲ။ စတုတ် ရဲ့ မာကျောမှုကြောင့် ချယ်လ်ဆီး ဂိုးပြတ်တော့ မနိုင်လောက်ပါဘူး။

လက်စတာ Vs ဝက်စ်ဟမ်း

လက်စတာက တဖြည်းဖြည်း နဲ့ တန်းဆင်းဇုန်ထဲ ကျလုလု ဖြစ် နေပါပြီ။ ခြေစွမ်းပိုင်းက မယုံနိုင်စ ရာကောင်းအောင် ကျဆင်းနေပါ တယ်။ သည်လိုအချိန်မှာ ဝက်စ်ဟမ်းနဲ့ ရင်ဆိုင်ရတာ ကံဆိုးမှု ဖြစ် နိုင်ပါတယ်။ ဝက်စ်ဟမ်းဟာ နောက်ဆုံး လေးပွဲဆက် ရှုံးပွဲမရှိဘဲ သုံးပွဲဆက်တိုက် အနိုင်ရကာ အ ဆင့် (၁၁ ) အထိ တိုးတက်လာတဲ့ အသင်းပါ။ ခံစစ်တည်ငြိမ်လာချိန် မှာတိုက်စစ်ကလည်း အားကောင်း လာလို့ ဝက်စ်ဟမ်းကို လက်စတာ ခက်ခက်ခဲခဲ ရင်ဆိုင်ရမှာ သေချာ တယ်။ အိမ်ရှင်အခွင့်အရေး ရှိပေမဲ့ လက်စတာ နိုင်ပွဲပျောက်နေဦးမှာ သေချာတဲ့ပွဲပါပဲ။

မန်ယူ Vs မစ်ဒယ်ဘရော့

လေးပွဲဆက် နိုင်ပွဲပြန်ရလာတဲ့ မန်ယူအတွက် နိုင်ပွဲထပ်ဆက်ဖို့ အခြေအနေကောင်းတဲ့ပွဲပါ။ မစ် ဒယ်ဘရော့က မာကျောတဲ့ အသင်း ဖြစ်ပေမဲ့ မန်ယူလို ရစ်သမ် ပြန်မိလာတဲ့ အသင်းကို ကြာရှည် အန်တုဖို့ မဖြစ်နိုင်ပါဘူး။ ရာသီဝက်မှာ သည်ထက် အဆင့်ပိုမြင့်ဖို့ မဖြစ်နိုင်တော့ပေမဲ့ မန်ယူအသင်း နောက်ရာသီဝက်အတွက် တိုက်ပွဲဝင်ဖို့ သည်ပွဲကို အနိုင်ယူပြီး စိတ်ဓာတ်မြှင့်တင်နိုင်ပါတယ်။ အိမ်ကွင်းလည်းဖြစ်၊ ခြေစွမ်းလည်း ကွာဟလို့ မန်ယူနိုင်ပွဲဆက်ဦးမှာပါ။

ဆောက်သမ်တန် Vs ဝက်စ်ဘရွန်း

အမှတ်မကွာတဲ့ အသင်းတွေ ဖြစ်ပြီး ခြေလည်းညီကြလို့ အကြိတ်အနယ်ရှိမှာပါ။ မနှစ်ကတော့ ဆောက်သမ်တန်အိမ်ကွင်း မှာ ၃-ဝ နဲ့ အနိုင်ရခဲ့ပါတယ်။ သည်နှစ်တော့ ဝက်စ်ဘရွန်းပိုကောင်းလာပြီး ဆောက်သမ်တန် က မနှစ်ကခြေမျိုးမရသေးလို့ သရေကျဖို့ များပါတယ်။ နိုင်ရင်တောင် ဆောက်သမ်တန် ကပ်နိုင်ရုံပဲရှိမှာပါ။

ဆွမ်ဆီး Vs ဘုန်းမောက်

ဆွမ်ဆီး အခြေအနေက ခပ် ယဲ့ယဲ့ပါပဲ။ နောက်ဆုံး ငါးပွဲမှာ တစ်ပွဲနိုင်၊ လေးပွဲရှုံးခဲ့ပြီး နိုင်ခဲ့တဲ့ ပွဲက လွဲလို့ ရှုံးတဲ့ပွဲတိုင်း ဂိုးပြတ်ရှုံးပွဲတွေချည်း ကြုံခဲ့ရတာပါ။ ဘုန်းမောက်က ခြေစွမ်းမညံ့လှပေမဲ့ နောက် ဆုံးနှစ်ပွဲမှာတော့ ဆောက်သမ် တန်၊ ချယ်လ်ဆီးတို့ကို ဂိုးပြတ်အ ရေးနိမ့်ထားပါတယ်။ ဆွမ်ဆီး နည်းပြ ဘရတ်ဒလေ အတွက် နောက်ဆုံးအခွင့်အရေး ဖြစ်လာ နိုင်တဲ့ပွဲပါ။ နှစ်ဖက်လုံးဖွင့်ကစား ဖို့များပြီး အပြန်အလှန်ဂိုးတွေ မြင်ရနိုင်တယ်။ သည်ပွဲတော့ ဆွမ်ဆီး နိုင်ပွဲရသွားနိုင်ပါတယ်။

လီဗာပူးလ် Vs မန်စီးတီး

အကောင်းဆုံးပွဲပါပဲ။ ရာသီ ဝက် ဒုတိယနေရာ အပြိုင်လုရမယ့် ပွဲ ဖြစ်လို့ ပုံမှန်ထက်ကို အကြိတ်အ နယ်ပိုရှိလိမ့်မယ်။ လီဗာပူးလ်က အကောင်းဆုံး တိုက်စစ်ပုံစံနဲ့ ရှေ့ ဆက်နေချိန်မှာ မန်စီးတီးကလည်း အဂွဲရိုးပြန်ပါလာမှာဖြစ်လို့ လူစုံ ထုတ်ပြီး တိုက်စစ်အင်အားပြပါ လိမ့်မယ်။ ခံစစ်ချင်းထက် တိုက်စစ်ချင်း ယှဉ်ရမယ့်ပွဲပါပဲ။ မနှစ်က နှစ်ကျော့စလုံး လီဗာပူးလ် အပြတ် အသတ်အနိုင်ရခဲ့တာကို မန်စီးတီး လက်တုံ့ပြန်ဖို့ ကြိုးစားရမှာပါ။ လီဗာပူးလ်ရဲ့ ဒုတိယနေရာကို လုဖို့ မန်စီးတီးအဆင်သင့်မဖြစ်လောက် သေးပါဘူး။ အိမ်ရှင်အသင်း အနိမ့်ဆုံး တစ်မှတ်တော့ သေချာပေါက် ယူပါလိမ့်မယ်။

ဝက်စ်ဖို့ဒ် Vs စပါး

မန်ယူရဲ့ ဖိအားပေးမှုကြောင့် စပါးအသင်းအမှားခံလို့ မရတဲ့ပွဲပါ။ ဝက်စ်ဖို့ဒ်က မာကျောပြီး ကစားရ ခက်ခဲလို့ အဝေးကွင်းမှာ စပါးရုန်းကန်ရနိုင်ပါတယ်။ မနှစ်က နှစ် ကျော့စလုံး စပါးအနိုင်ရခဲ့ပေမဲ့ ခက်ခက်ခဲခဲ ကစားခဲ့ရတာ မေ့လို့ မ ဖြစ်ပါဘူး။ ဝက်ဖို့ဒ်သရေခံကစား နိုင်ပြီး စပါးအနိုင်ရရင်တောင် မနှစ်ကလိုပဲ ဂိုးပြတ်ဖို့ မရှိပါဘူး။

အာဆင်နယ် Vs ပဲလေ့စ်

ထုံးစံအတိုင်း ပွဲနည်းနည်းပန်းလာတဲ့ အာဆင်နယ်နိုင်ပွဲပြန်ရလို့  စိတ်ဓာတ်ပြန်တက်လာမှာ သေချာတယ်။ ရာသီဝက်မှာ အဆင့် (၄) ထက် မြင့်တဲ့အဆင့်မှာ ရပ်တည် နိုင်ဖို့ မျှော်လင့်ချက် ရှိနေသေးတာကြောင့် နိုင်ပွဲမဖြစ်မနေ ရှာဖွေရဦးမှာပါ။ ပဲလေ့စ်က တန်းဆင်းဇုန်နဲ့ ကပ်လျက် အသင်းဖြစ်ပေမဲ့ အသင်းကြီးတွေကို ဒုက္ခပေးတတ်ပါ တယ်။ မနှစ်ကလည်း အာဆင်နယ် ၁-၁ နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဒါ ပေမဲ့ အာဆင်နယ် သည်နှစ်အမှားခံမှာ မဟုတ်ပါဘူး။ အာဆင်နယ် သေချာပေါက်နိုင်မယ်။ ဂိုးလည်း နည်းနည်းများမယ်။

ပွဲကစားချိန်များ
ပရီးမီးယားလိဂ်ပွဲစဉ် (၁၉)
ဒီဇင်ဘာ ၃၁၊ စနေနေ့မနက် ဟားလ်စီးတီး ၂း၃၀ အဲဗာတန်
စနေနေ့ည ဘန်လေ ၉:၃၀ ဆန်းဒါးလန်း
ချယ်လ်ဆီး ၉း၃၀ စတုတ်
လက်စတာ ၉:၃၀   ဝက်စ်ဟမ်း
မန်ယူ ၉း၃၀ မစ်ဒယ်ဘရော့ ဆောက်သမ်တန်  ၉း၃၀ ဝက်စ်ဘရွန်း
ဆွမ်ဆီး ၉း၃၀ ဘုန်းမောက် လီဗာပူးလ် ၁၂:ဝ၀ မန်စီးတီး
ဇန်နဝါရီ ၁၊ တနင်္ဂနွေနေ့ည ဝက်္တဖို့ဒ် ၈းဝ၀ စပါး
အာဆင်နယ် ၁၀:၃၀ ပဲလေ့စ်

ပွဲစဉ် ၁၈ (အင်္ဂါနေ့ရလဒ်များ) အပြီး ပရီးမီးယားလိဂ်အသင်းများရဲ့ ရပ်တည်မှု
စဉ် အသင်း ပွဲ နိုင် သရေ ရှုံး ရဂိုး ပေးဂိုး ရမှတ်
၁ ချယ်လ်ဆီး ၁၈ ၁၅ ၁ ၂ ၃၈ ၁၁ ၄၆
၂ လီဗာပူးလ် ၁၈ ၁၂ ၄ ၂ ၄၅ ၂၁ ၄၀
၃ မန်စီးတီး ၁၈ ၁၂ ၃ ၃ ၃၉ ၂၀ ၃၉
၎ အာဆင်နယ် ၁၈ ၁၁ ၄ ၃ ၃၉ ၁၉ ၃၇
၅ စပါး ၁၇ ၉ ၆ ၂ ၂၉ ၁၂ ၃၃
၆ မန်ယူ ၁၈ ၉ ၆ ၃ ၂၇ ၁၈ ၃၃
၇ အဲဗာတန် ၁၈ ၇ ၅ ၆ ၂၃ ၂၁ ၂၆
၈ ဆောက်သမ်တန် ၁၇ ၆ ၆ ၅ ၁၇ ၁၆ ၂၄
၉ ဝက်စ်ဘရံန်း ၁၈ ၆ ၅ ၇ ၂၃ ၂၂ ၂၃
၁၀ ဝက်ဖို့ဒ် ၁၈ ၆ ၄ ၈ ၂၂ ၃၀ ၂၂
၁၁ ဝက်စ်ဟမ်း ၁၈ ၆ ၄ ၈ ၂၃ ၃၂ ၂၂
၁၂ ဘုန်းမောက်စ် ၁၈ ၆ ၃ ၉ ၂၃ ၃၁ ၂၁
၁၃ စတုတ် ၁၈ ၅ ၆ ၇ ၂၀ ၂၈ ၂၁
၁၄ ဘန်လေ ၁၈ ၆ ၂ ၁၀ ၁၇ ၂၈ ၂၀
၁၅ မစ်ဒယ်ဘရော့ ၁၈ ၄ ၆ ၈ ၁၆ ၂၀ ၁၈
၁၆   လက်စတာ ၁၈ ၄ ၅ ၉ ၂၃ ၃၁ ၁၇
၁၇ ပဲလေ့ ၁၈ ၄ ၄ ၁၀ ၂၉ ၃၃ ၁၆
၁၈ ဆန်းဒါးလန်း ၁၈ ၄ ၂ ၁၂ ၁၆ ၃၁ ၁၄
၁၉ ဆံမ်ဆီး ၁၈ ၃ ၃ ၁၂ ၂၁ ၄၁ ၁၂
၂၀ ဟားလ်စီးတီး ၁၈ ၃ ၃ ၁၂ ၁၄ ၃၉ ၁၂

4cus