The Kumudra Journal

ပရီးမီးယားလိဂ်ပွဲစဉ် (၁၈) အသင်းကြီးအားလုံးနီးပါး နိုင်ပွဲမျှော်လင့်နိုင်တဲ့ ဘောက်ဆင်းဒေးပွဲစဉ်

ဒီဇင်ဘာ ၂၁- သည်တစ်ပတ်ပွဲစဉ်ကို စနေ၊ တနင်္ဂနွေညမှာ မကစားဘဲ တနင်္လာ၊ အင်္ဂါနေ့တွေ ကစားမှာပါ။ ခရစ္စမတ်နေ့အပြီး နောက်တစ် ရက် ဘောက်ဆင်းဒေးပွဲစဉ်အနေနဲ့ ပါ။ ပွဲစဉ် ၁၈ ကို ရောက်လာပြီဖြစ် လို့ ရာသီတစ်ဝက်ကျိုးဖို့ တစ်ပွဲသာ လိုပါတော့တယ်။ သည်အချိန် မှာ အနီးဆုံးပြိုင်ဘက် လီဗာပူးလ် ကို ခြောက်မှတ်ဖြတ်ပြီး ပရီးမီးယားလိဂ်ဇယားကို ပြတ်ပြတ်သားသား ဦးဆောင်နေတဲ့ ချယ်လ်ဆီး အသင်းဟာ ရာသီဝက်ချန်ပီယံဖြစ် ဖို့ ၉၀ ရာခိုင်နှုန်းလောက် သေချာ နေပါပြီ။ သည်ပွဲစဉ်ကတော့ ပရီး မီးယားလိဂ်အသင်းကြီးအားလုံးအတွက် အခြေအနေ ကောင်းနိုင်တယ်လို့ ဆိုရမှာပါ။ ချယ်လ်ဆီး၊ လီဗာပူးလ်၊ အာဆင်နယ်၊ မန်ယူစ တဲ့ အသင်းတွေ အိမ်ကွင်းပွဲတွေအဖြစ် အသင်းငယ်တွေကို ရင် ဆိုင်ရမှာ ဖြစ်ပြီး မန်စီးတီးကလည်း အဝေးကွင်းဆိုပေမဲ့ အဆင့် ၂၀ က ဟားလ်စီးတီးနဲ့ ဖြစ်လို့ မခက်ခဲနိုင်ပါဘူး။ အသင်းကြီးတွေထဲမှာ စပါးတစ်သင်းတည်းသာ ဆောက်သမ် တန်လို အသင်းနဲ့ အဝေးကွင်းပွဲ ကျပ်နွှဲရဖို့ ရှိနေပါတယ်။ အသင်း ကြီးအားလုံးဘောက်ဆင်းဒေး လက်ဆောင်ကောင်းတွေ ရကြမလား။ ဘယ်အသင်းကြီးတွေ ခြေချော်မလဲ စောင့်ကြည့်ရပါမယ်။

ဝက်ဖို့ဒ် Vs  ပဲလေ့စ်

ခြေစွမ်းသိပ်မကွာတဲ့ အသင်းတွေ ဖြစ်ပေမဲ့ ဝက်ဖို့ဒ်က ခြောက်မှတ်အသာနဲ့ အဆင့် ၁၂ ကနေ ဦးဆောင်နေပါတယ်။ နှစ်သင်းစလုံး အခုနောက်ပိုင်း နိုင်ပွဲပျောက်နေကြပါတယ်။ ဒါပေမဲ့ မန်ယူနဲ့ ချယ်လ်ဆီးကို ဆက်တိုက်ရင်ဆိုင် ရပြီး ရှုံးခဲ့ရတဲ့ပဲလေ့စ်ကအကောင်းဆုံးတုံ့ပြန်ကစားနိုင်ခဲ့လို့ ဆန်းဒါးလန်းလို အသင်းကို ရှုံးနိမ့်ထားတဲ့ ဝက်ဖို့ဒ်ကတောင် အားနည်းတယ်လို့ ဆိုရမှာပါ။ မနှစ်က နှစ်ကျော့မှာ ဧည့်သည်အသင်းတွေ အနိုင်ယူခဲ့တာ ထူးခြားမှုပါပဲ။ခြေစွမ်းပိုင်း ပိုကောင်းနေတဲ့ ဧည့်သည်ပဲလေ့စ် အသင်းရှုံးပွဲမရှိနိုင်တဲ့ပွဲပါ။

အာဆင်နယ် Vs ဝက်စ်ဘရွန်း

အာဆင်နယ်ကတော့ ထုံးစံ အတိုင်းလို့ ပြောရမလောက် ခြေစွမ်းနဲ့ ရလဒ်ယိုင်လာကာ အခုဆို အဆင့်(၄ ) အထိ ပြန်ဆင်းပေး လိုက်ရပါတယ်။ နောက်ဆုံးပွဲမှာ မန်စီးတီးကို အရှုံးပေးခဲ့ရတာက အာဆင်နယ်အတွက် ပိုပြီး အထိ နာရပါတယ်။ မန်စီးတီးအသင်း ပြန်တည် ငြိမ်လာချိန်၊ လီဗာပူးလ်ကလည်း ပုံမှန်အတိုင်း ဂိုးသွင်း အားကောင်းနေချိန်မှာ ချယ်လ်ဆီး က အကောင်းဆုံး ပုံစံကနေတစ်ပြားမှ မလျှော့သေးတဲ့ အရှိန်ရနေ လို့ အာဆင်နယ်အတွက် ချန်ပီယံ ဆုကို ဆက်လက်အိပ်မက်မက်ဖို့ က နောက်ထပ် တစ်ပွဲမှ အမှားခံလို့ မရပါဘူး။ အခု ကစားရမယ့် အသင်းကလည်း မာကျောပြီး ကစား ရခက်ခဲတာ အာဆင်နယ်သတိပြု ရမှာပါ။ ဝက်စ်ဘရွန်းဟာ နောက်ဆုံးခုနစ်ပွဲမှာ နှစ်ပွဲသာ ရှုံးခဲ့ပြီး အဲသည်နှစ်ပွဲကလည်း ချယ်လ်ဆီးနဲ့ မန်ယူကို ရှုံးတာ ဖြစ်ပါတယ်။ ဝက်စ်ဘရွန်းတိုက်စစ်မှာ ဂိုးမြူးနေတဲ့ ရွန်ဒွန်ကိုလည်း အာဆင်နယ် သတိကြီးစွာ ထိန်းချုပ်ရမှာပါ။ ဒါပေမဲ့ အစဉ်အလာမှာ တစ်ဖက်သတ် နီးပါးအသာရထားတဲ့ အာဆင်နယ် အတည်ငြိမ်ဆုံး ကစားနိုင် မယ်ဆိုရင်တော့ မန်ယူ၊ ချယ်လ်ဆီးတို့လိုပဲ ဝက်စ်ဘရွန်းကို အနိုင်ယူနိုင်မှာပါ။ ဂိုးပြတ်နိုင်ဖို့တော့ မဖြစ်နိုင်ပါဘူး။

ဘန်လေ Vs မစ်ဒယ်ဘရော့

တန်းဆင်းဇုန်နားရစ်ဝဲနေတဲ့ နှစ်သင်းဖြစ်ပြီး ခြေစွမ်းညီကြလို့ အကြိတ်အနယ်ရှိနိုင်ပါတယ်။ ဘန်လေက နောက်ဆုံး ခြောက်ပွဲမှာ တစ်ပွဲသာ အနိုင်ရပြီး ငါးပွဲတိတိ ရှုံးကာ အားရစရာတော့ သိပ်မရှိပါ ဘူး။ မစ်ဒယ်ဘရော့က အခု နောက်ပိုင်း ခြေစွမ်းပြန်မာလာပြီး ရသင့်တဲ့ အမှတ်တွေ ရလာပါတယ်။ သည်နှစ်သင်းက အစဉ်အလာ တွေ့ဆုံမှုမှာလည်း အသာစီးရသူ မရှိဘူးလို့ ပြောနိုင်ပါတယ်။ ဘန်လေ အိမ်ကွင်းဖြစ်ပေမဲ့ မစ်ဒယ်ဘရော့အမှတ်ရသွားဖို့ များတယ်။

ချယ်လ်ဆီး Vs ဘုန်းမောက်

၁၁ ပွဲဆက် အနိုင်ရပြီး အသင်း စံချိန်သစ်တင်ထားတဲ့ ချယ်လ်ဆီး အသင်း နိုင်ပွဲတွေဆက်ဖို့ ကြိုးစားဦးမှာပါ။ ဘုန်းမောက်က အလယ် အလတ်အဆင့်သာရှိပြီး ချယ်လ်ဆီးအတွက် အတားအဆီးမဟုတ် လောက်ပါဘူး။ အိမ်ကွင်းလည်း ဖြစ်လို့ ချယ်လ်ဆီးနိုင်ပွဲဆက်မှာ သေချာပါတယ်။ ဒါပေမဲ့ နောက်ဆုံးသုံးပွဲဆက် ၁-ဝ နဲ့ပဲ အနိုင်ရခဲ့တဲ့ ချယ်လ်ဆီးဂိုးပြတ်နိုင်ပွဲရဖို့ကတော့ မဖြစ်နိုင်ပါဘူး။

လက်စတာ Vs အဲဗာတန်

လက်စတာခြေစွမ်းက စိတ်ပျက်စရာ ကောင်းနေဆဲ ဖြစ်ပြီး အဲဗာတန်ကလည်း မျှော်လင့်သ လောက် ကောင်းမလာသေးပါဘူး။ လက်စတာမှာ တိုက်စစ်မှူး ဗာဒီနဲ့ နောက်ခံလူ ဖော့ခ်ျပွဲပယ်ခံထားရ လို့ ပါနိုင်မှာ မဟုတ်ပါဘူး။ လက်စ တာသေချာပေါက် အားနည်းမှာပါ။ အဲဗာတန်ကတော့ လူစုံပါနိုင်ပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း လက်စတာကို အစU်အလာအရ အနိုင်မရခဲ့တာ ကြာပါပြီ။ လက်ရှိ အဲဗာတန်ရဲ့ ခြေစွမ်းကလည်း တည်ငြိမ်မှု မရှိပါဘူး။ သရေကျဖို့ များပါတယ်။

မန်ယူ Vs ဆန်းဒါးလန်း
မန်ယူအသင်း ခြေစွမ်းပြန်ငြိမ်လာပြီလို့ ဆိုနိုင်ပါတယ်။ အထူးသဖြင့် သုံးပွဲဆက် အနိုင်ရခဲ့ရာမှာ ပေးဂိုးတစ်ဂိုးသာ ခွင့်ပြုခဲ့ရတာ မန်ယူအတွက် အလားအလာကောင်းပါ။ ဆန်းဒါးလန်းကလည်း ပုံစံကောင်း ပြန်ပြလာတဲ့အသင်းဖြစ်ပြီး ဇယား အောက်ခြေက ရုန်းထွက်လာပါတယ်။ ဒါပေမဲ့ မန်ယူနဲ့တော့ ခြေစွမ်းပိုင်း ကွာဟမှုကြီးမားပါတယ်။ ဆန်းဒါးလန်းအနေနဲ့ သရေခံက စားဖို့သာ အားထုတ်လာဖို့ရှိပြီး မန်ယူအတွက် ကစားရခက်ခဲနိုင်ပါ တယ်။ အစဉ်အလာမှာ မန်ယူအ သာစီးရတယ်ဆိုပေမဲ့ ဆန်းဒါးလန်းက လျှော့တွက်လို့ ရတဲ့ အသင်းမျိုးတော့ မဟုတ်ပါဘူး။ မန်ယူလေးပွဲဆက် အနိုင်ရဖို့ ရှိပေမဲ့ ထုံးစံအတိုင်း ဂိုးရဖို့ ခက်ခက်ခဲခဲ ရုန်းကန်ရပါလိမ့်မယ်။

ဆွမ်ဆီး Vs ဝက်စ်ဟမ်း
ဆွမ်ဆီးက ခြေစွမ်းကောင်း ထိန်းနိုင်ဖို့ ခက်ခဲနေဆဲ အသင်းပါ။ အနိုင်ရရင် ဂိုးတွေ မြူးတတ်ပေမဲ့ ရှုံးတဲ့ပွဲတွေမှာ ဂိုးပြတ်ရှုံးပွဲတွေ ချည်းကြုံနေရပါတယ်။  အထူးသဖြင့် ဆွမ်ဆီး နောက်တန်းက သည် ရာသီမှာ ဖာထေးလို့ မရနိုင်ဆုံး ခံ စစ်အပေါက်ကြီး ဖြစ်နေတယ်။ ဝက်စ်ဟမ်းက အတော်လေးတည် ငြိမ်လာပါပြီ။ နောက်ဆုံး သုံးပွဲမှာ ခုနစ်မှတ်အထိ စုဆောင်းနိုင်ခဲ့ပြီး နှစ်ပွဲဆက် ကလင်းရှိရထားတယ်။ ဒြါေ ကာင့် ဆွမ်ဆီးအတွက် ခက်ခဲ မှုတွေ ရင်ဆိုင်ရဖို့ သေချာနေတယ်။ အစဉ်အလာအရလည်း ဝက်စ်ဟမ်းပဲ အသာစီးရမှာပါ။ ဆွမ်ဆီး အိမ်ကွင်းမှာ ရှုံးပွဲပြန်တွေ့ နိုင်တယ်။

ဟားလ်စီးတီး Vs  မန်စီးတီး

အဆင့် ၂၀ က ဟားလ်စီးတီးအတွက် မျှော်လင့်ချက်မဲ့ဦးမယ့်ပွဲပါ။ မန်စီးတီးက ပြိုင်ဘက်တွေကို အမီလိုက်ဖို့ အကောင်းဆုံး ပြန်ကြိုးစားနေတဲ့ အသင်း ဖြစ်ပါတယ်။ အဂွဲရိုးမပါနိုင်သေးသေမဲ့လည်း ကွင်းလယ်အားနဲ့ အသင်းတိုင်းကို မန်စီးတီး ဖိအားပေးထားနိုင်ပါတယ်။ ဟားလ်စီးတီး အိမ်ကွင်းဖြစ်တာကလွဲပြီး မန်စီးတီးကို အဘက်ဘက်က ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ မန်စီးတီးပဲ အနိုင် ပြတ်သားပါလိမ့်မယ်။

လီဗာပူးလ် Vs စတုတ်

ဒုတိယနေရာ ပြန်ရောက်လာတဲ့ လီဗာပူးလ်အတွက်စတုတ်ကလွယ်ကူမယ့် ပြိုင်ဘက်တော့မဟုတ်ပါဘူး။ ဒါပေမဲ့လီဗာပူးလ်ရဲ့ ခြေစွမ်းက ပြီးပြည့်စုံလုနီးပါး ဖြစ်နေတဲ့အပြင် အိမ်ကွင်းမှာရှုံးပွဲမရှိသေးတဲ့ အခြေအနေကြောင့် စတုတ်ပွဲချိန်ပြည့် အန်တုနိုင်ဖို့ မလွယ်ပါဘူး။ လီဗာပူးလ် ဂိုးပြတ်နိုင် ပွဲတစ်ပွဲ ထပ်ရနိုင်ပါတယ်။

ဆောက်သမ်တန် Vs  စပါး

သည်တစ်ပတ်ရဲ့ အကြိတ်အနယ် အရှိနိုင်ဆုံးပွဲဖြစ်ပါတယ်။ ကျန်အသင်းကြီးတွေ ပွဲအနည်း ငယ်ချောင်နေချိန်မှာ စပါးအသင်း ပွဲကျပ်တယ်လို့ ဆိုရမှာပါ။ ဆောက် သမ်တန်က နောက်ဆုံးငါးပွဲမှာ တစ်ပွဲသာရှုံးထားပါတယ်။ စပါး က ကျန်အသင်းငယ်တွေကို အနိုင်ယူနိုင်ပေမဲ့ မန်ယူ၊ ချယ်လ်ဆီး တို့ကိုတော့ အရှုံးပေးထားရပါတယ်။ ဒါကြောင့် ခြေရည်တူနိုင်တဲ့ အသင်းတွေအပေါ် စပါးအသာစီး ယူနိုင်တဲ့ ခြေစွမ်းမရှိသေးပါဘူး။ စပါးသရေတစ်မှတ်လောက်နဲ့ ကျေနပ်ရ နိုင်တဲ့ပွဲပါ။

ပွဲကစားချိန်များ ပရီးမီးယားလိဂ်ပွဲစဉ် (၁၈)

ဒီဇင်ဘာ ၂၆၊ တနင်္လာနေ့ည ဝက်ဖို့ဒ် ၇းဝ၀ ပဲလေ့စ်

အာဆင်နယ် ၉:၃၀ ဝက်စ်ဘရွန်း

ဘန်လေ ၉:၃၀ မစ်ဒယ်ဘရော့ ချယ်လ်ဆီး ၉:၃၀ ဘုန်းမောက်

လက်စတာ ၉း၃၀ အဲဗာတန် မန်ယူ ၉း၃၀ ဆန်းဒါးလန်း

ဆွမ်ဆီး ၉း၃၀ ဝက်စ်ဟမ်း

ဟားလ်စီးတီး ၁၁:၄၅ မန်စီးတီး

ဒီဇင်ဘာ ၂၇၊ အင်္ဂါနေ့ည လီဗာပူးလ် ၁၁း၄၅ စတုတ်

ဒီဇင်ဘာ ၂၉၊ ကြာသပတေးနေ့မနက် ဆောက်သမ်တန် ၂း၁၅ စပါး

ပွဲစဉ် ( ၁၇) အပြီး ပရီးမီးယားလိဂ်အသင်းများရဲ့ ရပ်တည်မှု

စဉ် အသင်း ပွဲ နိုင် သရေ ရှုံး ရဂိုး ပေးဂိုး ရမှတ်

၁။ ချယ်လ်ဆီး ၁၇ ၁၄ ၁ ၂ ၃၅ ၁၁ ၄၃

၂။ လီဗာပူး ၁၇ ၁၁ ၄ ၂ ၄၁ ၂၀ ၃၇

၃။ မန်စီးတီး ၁၇ ၁၁ ၃ ၃ ၃၆ ၂၀ ၃၆

၎။ အာဆင်နယ် ၁၇ ၁၀ ၄ ၃ ၃၈ ၁၉ ၃၄

၅။ စပါး ၁၇ ၉ ၆ ၂ ၂၉ ၁၂ ၃၃

၆။ မန်ယူ ၁၇ ၈ ၆ ၃ ၂၄ ၁၇ ၃၀

၇။ ဆောက်သမ်တန် ၁၇ ၆ ၆ ၅ ၁၇ ၁၆ ၂၄

၈။ ဝက်စ်ဘရွန်း ၁၇ ၆ ၅ ၆ ၂၃ ၂၁ ၂၃

၉။ အဲဗာတန် ၁၇ ၆ ၅ ၆ ၂၁ ၂၁ ၂၃

၁၀။ ဘုန်းမောက် ၁၇ ၆ ၃ ၈ ၂၃ ၂၈ ၂၁

၁၁။ စတုတ် ၁၇ ၅ ၆ ၆ ၁၉ ၂၄ ၂၁

၁၂။ ဝက်ဖို့စ် ၁၇ ၆ ၃ ၈ ၂၁ ၂၉ ၂၁

၁၃။ ဝက်စ်ဟမ်း ၁၇ ၅ ၄ ၈ ၁၉ ၃၁ ၁၉

၁၄။ မစ်ဒယ်ဘရော့ ၁၇ ၄ ၆ ၇ ၁၆ ၁၉ ၁၈

၁၅။ လက်စတာ ၁၇ ၄ ၅ ၈ ၂၃ ၂၉ ၁၇

၁၆။ ဘန်လေ ၁၇ ၅ ၂ ၁၀ ၁၆ ၂၈ ၁၇

၁၇။ ပဲလေ့စ် ၁၇ ၄ ၃ ၁၀ ၂၈ ၃၂ ၁၅

၁၈ ဆန်းဒါးလန်း ၁၇ ၄ ၂ ၁၁ ၁၅ ၂၈ ၁၄

၁၉။ ဆွမ်ဆီး ၁၇ ၃ ၃ ၁၁ ၂၀ ၃၇ ၁၂

၂၀။ ဟားလ်စီးတီး ၁၇ ၃ ၃ ၁၁ ၁၄ ၃၆ ၁၂

4cus