The Kumudra Journal

ပရီးမီးယားလိဂ်ပွဲစဉ်(၁၇) အာဆင်နယ်ရော လီဗာပူးလ်ပါ ပွဲကျပ်၊ ချုယ်လ်ဆီးအသင်း ထိပ်ဆုံးမှာ ဆက်ရှိမည်

ဒီဇင်ဘာ ၁၄- သည်တစ်ပတ်ကတော့ ပွဲကြီးပွဲကောင်း တော်တော်များ များ စောင့်ကြည့်ရမယ့် အပတ်ပါ။ ထိပ်သီး လေးသင်းထဲက မန်စီးတီး နဲ့ အာဆင်နယ် ထိပ်တိုက်တွေ့မယ်။ မာဆေးဆိုက်ဒါဘီအဖြစ် အဲ ဗာတန်နဲ့ လီဗာပူးလ် အကြိတ်အနယ် ကစားကြမယ်။ သည်လို ထိပ်သီးအသင်းတွေ ပွဲကျပ်နေချိန်မှာ ထိပ်ဆုံးက ချယ်လ်ဆီးအသင်း ထိပ်ဆုံးကနေပဲ ပြတ်ပြတ်သား သား ဆက်လက်ဦးဆောင်နေပါလိမ့်မယ်။ တန်းဆင်းဇုန် တိုက်ပွဲတွေအဖြစ် မစ်ဒယ်ဘရော့နဲ့ ဆွမ်ဆီး၊ ဝက်စ်ဟမ်းနဲ့ ဟားလ်စီးတီးတို့ရဲ့ ပွဲတွေကိုလည်း အကြိတ်အနယ် မြင်တွေ့ရနိုင်ပါတယ်။
ပဲလေ့စ် Vs ချယ်လ်ဆီး
ထိပ်ဆုံးကနေ အကောင်းဆုံး ပုံစံနဲ့ ဦးဆောင်နေတဲ့ ချယ်လ်ဆီး အတွက် အခက်အခဲ များများစားစား မရှိနိုင်တဲ့ပွဲပါ။ ပဲလေ့စ်က တိုက်စစ်အားကောင်းပေမဲ့ ခံစစ်ဆိုးရွားတဲ့ အသင်းပါ။ ချယ်လ်ဆီး ရဲ့ ခံစစ်၊ တိုက်စစ် ဟန်ချက်ညီမှုကို ပဲလေ့စ်ရေရှည်အန်တုဖို့ မဖြစ်နိုင်ပါဘူး။ မနှစ်ကလည်း အိမ်ကွင်းမှာ ချယ်လ်ဆီးကို ဝ-၃ နဲ့ အရှုံးပေးထားရပါတယ်။ သည်နှစ်က မနှစ် ကလောက် ဂိုးများဖို့ မသေချာရင် တောင် ချယ်လ်ဆီးအနိုင်ရမှာက တော့ သေချာပါတယ်။

မစ်ဒယ်ဘရော့ညစ ဆွမ်ဆီး

တန်းဆင်းဇုန်တိုက်ပွဲတစ်ပွဲပါ။ နှစ်သင်းစလုံး အားနည်းချက် ကိုယ်စီနဲ့ပါ။ မစ်ဒယ်ဘရော့က တိုက်စစ်အား အနည်းဆုံးအသင်း အဖြစ် ရပ်တည်နေပေမဲ့ ခံစစ်က အတော်လေး ကျစ်လျစ်ပါတယ်။ အသင်း၂၀ ထဲမှာ သူ့ထက်ပေးဂိုး နည်းတဲ့ အသင်းဆိုလို့ သုံး၊ လေး သင်းသာ ရှိပါတယ်။ ဒါပေမဲ့ တိုက်စစ်အားနည်းလွန်းလို့ ရမှတ်တွေ ဆုံးရှုံးမှုများလွန်းပါတယ်။ ဆွမ်ဆီးကတော့ ပြောင်းပြန်ပါ။ တိုက် စစ်ပိုင်းက အခုနောက်ပိုင်း ဂိုးတွေအများကြီးရလာသလို ဂိုးတေ∑ အ များကြီးလည်း ပြန်ပေးရပါတယ်။ ဒါပေမဲ့နောက်ဆုံးသုံးပွဲမှာ နှစ်ပွဲအနိုင်ရထားပြီး ရှစ်ဂိုးအထိ သွင်းယူထားတာကြောင့် အလားအလာ ပြန်ကောင်းလာပါတယ်။ ခြေညီတဲ့ နှစ်သင်းဖြစ်လို့ ပွဲက အကြိတ်အ နယ်ရှိမှာပါ။ သရေကျဖို့များပြီး ဂိုး နည်းနိုင်ပါတယ်။

 

စတုတ် Vs လက်စတာ

လက်စတာက ပရီးမီးယား လိဂ်မှာ တော်တော်ရုန်းရဦးမယ့်ပုံ ရှိပါတယ်။ စတုတ်ကတောင် လက်စတာထက် ခြေစွမ်းပိုတည်ငြိမ်ပြီး ပိုကောင်းပါတယ်။ လက်စတာ ချန်ပီယံဖြစ်ခဲ့တဲ့ မနှစ်ကတောင် စတုတ်ကွင်းမှာ လက်စတာ အနိုင်မ ကစားနိုင်ခဲ့ပါဘူး။ သည် နှစ်လက် စတာက ကွင်းလယ်အားပျော့ပြီး တိုက်စစ်အားနည်းပါတယ်။ မာကျောတဲ့ ခံစစ်၊ တိုက်စစ်ကစားပုံနဲ့ စတုတ်ကို လက်စတာ အနိုင်မယူ နိုင်ပါဘူး။ အိမ်ရှင်အသင်း အနိမ့် ဆုံး သရေတစ်မှတ်ယူမှာပါ။

ဆန်းဒါးလန်း Vs ဝက်ဖို့ဒ်

အောက်ဆုံးက ဆန်းဒါးလန်း အတွက် နောက်ထပ်ပွဲကျပ်တစ်ပွပါပဲ။ အခုနောက်ပိုင်း ဆန်းဒါးလန်း ကစားပုံ ပိုကောင်းလာတာမှန်ပေမဲ့   ခံစစ်ပိုင်း အားနည်းချက်ကို မဖာ ထေးနိုင်သေးပါဘူး။ ဝက်ဖို့ဒ်က တော့ မာကျောကျစ်လျစ်တဲ့ အ သင်းဖြစ်ပြီး ခြေရည်တူ အသင်းတွေကို အသာစီးကစားနိုင်စွမ်းရှိတယ်။ အစဉ်အလာမှာ ဆန်းဒါးလန်း အနည်းငယ် အသာစီးရပေမဲ့ ဝက်ဖို့ဒ်ကို အနိုင်ရဖို့ မဖြစ်နိုင်ပါ ဘူး။ ဆန်းဒါးလန်း အလွန်ဆုံးရ သရေပါပဲ။

ဝက်စ်ဟမ်း Vs ဟားလ်စီးတီး

တန်းဆင်းဇုန်တိုက်ပွဲ နောက်တစ်ပွဲပါ။ ခြောက်ပွဲဆက် နိုင်ပွဲပျောက်နေတဲ့ ဝက်စ်ဟမ်းအတွက် နိုင်ပွဲရှာဖွေရမယ့် ပွဲဖြစ်ပြီး သည် ပွဲနိုင်ရင် တန်းဆင်းဇုန်ကနေ ခုန် တက်နိုင်မယ့် အခွင့်အရေးရှိနေတဲ့ ဟားလ်စီးတီးအတ∑က်လည်း အ လွန်အရေးကြီးတဲ့ပွဲ ဖြစ်ပါတယ်။ အစဉ်အလာမှာတော့ အိမ်ရှင် ဝက်စ်ဟမ်း အသာစီးပါပဲ။ ဒါပေမဲ့ တည်ငြိမ်မှုမရှိတဲ့ ကစားပုံကြောင့် အရင် ဝက်စ်ဟမ်း အသင်းကို ပြန်မမျှော်လင့်နိုင်သေးပါဘူး။ သည်လို ပဲ ဟားလ်စီးတီးကလည်း ခံစစ်ပိုင်း အတော်ညံ့ပါတယ်။ တိုက်စစ်နည်း နည်း ပိုသာမယ့် ဝက်စ်ဟမ်းအနိုင် မျှော်လင့်လို့ရနိုင်ပါတယ်။

ဝက်စ်ဘရွန်း Vs မန်ယူ

လမ်းကြောင်းမှန်ပေါ် ပြန် ရောက်လုနီးနေတဲ့ မန်ယူအတွက် ဝက်စ်ဘရွန်းက ဆူးငြောင့်နောက်တစ်ခု ဖြစ်လာနိုင်ပါတယ်။ ဝက်စ်ဘရွန်းဟာ အခုနောက်ပိုင်း အကောင်းဆုံး ပုံစံရနေပြီး ပွဲစဉ် ၁၅ မှာတောင် ချယ်လ်ဆီးကံကောင်း လွန်းလို့ အနိုင်ရသွားခဲ့တာပါ။ မနှစ်ကလည်း မန်ယူကို သူ့အိမ်ကွင်းမှာ သရေကစားပြီး ဒုက္ခပေးခဲ့ပါသေးတယ်။ သည်နှစ် မန်ယူကမနှစ်ကထက် ပိုကောင်းနိုင်ပေမဲ့ တိုက်စစ်ဂိုးသွင်းယူမှုကတော့ ပုံမှန်အောက်ရောက်နေပါတယ်။ အ ခုလည်း ကွင်းလယ်လူ မက်ခီတာ ယန်း ဒဏ်ရာရသွားပြန်လို့ မန်ယူရဲ့ လူစာရင်း အပြောင်းအလဲ ထပ်ဖြစ် ဦးမှာပါ။ ဝက်စ်ဘရွန်းကတော့ တည်ငြိမ်မာကျောတဲ့ လူထုတ်ပုံနဲ့ ပွဲထွက်လာပါလိမ့်မယ်။ မန်ယူရဲ့ မတည်ငြိမ်တဲ့ လူထုတ်ပုံကြောင့် အသာစီးကစားနိုင်ရင်တောင် ဂိုးရ ဖို့ ခက်ဦးမှာပါ။ ဝက်စ်ဘရွန်း မနှစ်ကလို သရေယူသွားလည်း မဖြစ်နိုင်စရာ မရှိပါဘူး။

ဘုန်းမောက် Vs ဆောက်သမ်တန်

ခြေညီတဲ့ နှစ်သင်းပါ။ ဘုန်း မောက်က အိမ်ကွင်းဆို အသင်းကြီးတွေကိုတောင် ဒုက္ခပေးနိုင်ပါတယ်။ မနှစ်ကလည်း အိမ်ရှင်အသင်းပဲ၂-ဝ နဲ့ အနိုင်ရခဲ့တာပါ။ သည်နှစ်လည်း ဘုန်းမောက် အနိုင် သုံးမှတ်ယူနိုင်ပါတယ်။
မန်စီးတီး Vs အာဆင်နယ်

သည်တစ်ပတ်ရဲ့ အကောင်း ဆုံးနဲ့ အကြိတ်အနယ် အရှိဆုံးပွဲပါ။ မန်စီးတီးက ပွဲပယ်ပြဿနာတွေကြောင့် ရလဒ်တွေ ဆက်တိုက် ဆိုးနေချိန်မှာ အာဆင်နယ်ကလည်း အဲဗာတန်ကိုရှုံးပြီး ခြေချော်မယ့် အရိပ်အယောင်တွေ ပြလာနေပါ တယ်။ မနှစ်ကတော့ သရေကျခဲ့ ကြပြီး အာဆင်နယ်ကို မန်စီးတီး တို့အိမ်ကွင်းမှာ အနိုင်မရတာ နှစ် ရာသီဆက်တိုက်ရှိပါပြီ။ သည်နှစ်လည်း တိုက်စစ်ပိုင်းအခက်အခဲ ကြောင့် အနိုင်ယူဖို့ သိပ်မလွယ်ပါဘူး။ ဒါပေမဲ့ အာဆင်နယ်ကလည်း ပွဲတွေတောက်လျှောက်ဆက်လာ တာနဲ့အမျှ ခြေစွမ်းအနည်းငယ် ယိုင်လာပုံပေါက်နေပါတယ်။ မန် စီးတီး အနိုင်မရနိုင်ပေမဲ့ ရှုံးဖို့လည်း မရှိပါဘူး။

စပါး Vs ဘန်လေ

ပြိုင်ဘက်အသင်းတွေ ပွဲကျပ်နေချိန်မှာ စပါးအသင်း အခွင့်အရေးယူနိုင်တဲ့ ပွဲပါ။ စပါးက နောက်ဆုံး သုံးပွဲမှာ နှစ်ပွဲရှုံးခဲ့ပေမဲ့ ချယ်လ် ဆီးနဲ့ မန်ယူကို ဖြစ်လို့ ခြေမညံ့ခဲ့ဘူးလို့ ဆိုရမှာပါ။ သည်အချိန်မှာ ဘန်လေနဲ့ တွေ့ရတာ စပါးအ တွက် အခွင့်အရေး ကောင်းပါပဲ။ ဘန်လေက အလယ်အလတ် အသင်းသာဖြစ်ပြီး စပါးကိုယှဉ်မကစားနိုင်လောက်ပါဘူး။ စပါး အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ပွဲ ထပ်ရပါလိမ့် မယ်။

အဲဗာတန် Vs လီဗာပူးလ်

သည်တစ်ပတ်ရဲ့ အကောင်း ဆုံး နောက်ဆုံးတစ်ပွဲပါ။ ပြိုင်ဆိုင်မှု အမြဲပြင်းထန်တဲ့ ဒါဘီပွဲဖြစ်တဲ့အပြင် နှစ်သင်းစလုံးရဲ့ စိတ်ဝင်စားဖွယ်ခြေစွမ်းကြောင့် သည်ပွဲက အ ကြိတ်အနယ်ဆက်ရှိဦးမှာ သေချာပါတယ်။ အဲဗာတန်က နောက်ဆုံးပွဲမှာ အာဆင်နယ်ကို အနိုင်ယူပြီး စိတ်ဓာတ်တက်ကြွနေပေမဲ့ လီဗာပူးလ်ကတော့ အခုနောက်ပိုင်း ပုံစံ ကောင်းပြန်ပျောက်နေပါတယ်။ အထူးသဖြင့် ခံစစ်ပိုင်းက အနိုင်ကို ထိန်းမထားနိုင်လောက်အောင် လျော့ရဲပါတယ်။ ဒါပေမဲ့ တိုက်စစ်ကတော့ ပုံမှန်ဂိုးတွေ သွင်းယူနိုင်ဆဲပါပဲ။ သည်ပွဲမှာ အဲဗာတန် ဘက်က အသင်းခေါင်းဆောင် နောက်ခံလူ ဂျာဂျီယယ်ကာ အနီကတ် ပြစ်ဒဏ်ကြောင့် မပါဝင်နိုင်ပါဘူး။ ဒါကလီဗာပူးလ်အတွက် အခွင့်အရေး ပိုရစေနိုင်ပါတယ်။ ဒါပေမဲ့ အဲဗာတန်ကွင်းမှာ လီဗာပူးလ် အနိုင်မရခဲ့တာ လေးနှစ် ဆက်တိုက်ရှိပါပြီ။ လေးပွဲစလုံး သရေကျခဲ့တာပါ။ ဒါကြောင့် အနည်းငယ်အားနည်းပေမဲ့ အဲဗာတန်သရေတစ်မှတ်တော့ ရအောင် ယူနိုင်ပါလိမ့်မယ်။

 

ပွဲကစားချိန်များ ပရီးမီးယားလိဂ်ပွဲစဉ် (၁၇)
ဒီဇင်ဘာ ၁၇၊ စနေနေ့ည ပဲလေ့စ် ၇းဝ၀ ချယ်လ်ဆီး

မစ်ဒယ်ဘရော့ ၉:၃၀ ဆွမ်ဆီး

စတုတ် ၉:၃၀  လက်စတာ ဆန်းဒါးလန်း ၉:၃၀ ဝက်ဖို့ဒ်

ဝက်စ်ဟမ်း ၉း၃၀ ဟားလ်စီးတီး ဝက်စ်ဘရွန်း ၁၂းဝ၀ မန်ယူ

ဒီဇင်ဘာ ၁၈၊ တနင်္ဂနွေနေ့ည ဘုန်းမောက် ၈းဝ၀ ဆောက်သမ်တန် မန်စီးတီး ၁၀:၃၀ အာဆင်နယ်

စပါး ၁၀း၃၀ ဘန်လေ

ဒီဇင်ဘာ ၂၀၊ အင်္ဂါနေ့မနက် အဲဗာတန် ၂း၃၀ လီဗာပူးလ်

 

ပွဲစဉ် ၁၆ (အင်္ဂါနေ့ရလဒ်များ) အပြီး ပရီးမီးယားလိဂ်အသင်းများရဲ့ ရပ်တည်မှု

စဉ် အသင်း ပွဲ နိုင် သရေ ရှုံး ရဂိုး ပေးဂိုး ရမှတ်

၁ ချယ်လ်ဆီး  ၁၅ ၁၂ ၁ ၂ ၃၃ ၁၁ ၃၇

၂ အာဆင်နယ် ၁၆ ၁၀ ၄ ၂ ၃၇ ၁၇ ၃၄

၃ လီဗာပူးလ် ၁၅ ၉ ၄ ၂ ၃၇ ၂၀ ၃၁

၎ မန်စီးတီး ၁၅ ၉ ၃ ၃ ၃၂ ၁၉ ၃၀

၅ စပါး ၁၅ ၇ ၆ ၂ ၂၄ ၁၁ ၂၇

၆ မန်ယူ ၁၅ ၆ ၆ ၃ ၂၀ ၁၆ ၂၄

၇ အဲဗာတန် ၁၆ ၆ ၅ ၅ ၂၁ ၂၀ ၂၃

၈ ဘုန်းမောက် ၁၆ ၆ ၃ ၇ ၂၂ ၂၅ ၂၁

၉ ဝက်ဖို့ဒ် ၁၅ ၆ ၃ ၆ ၂၁ ၂၆ ၂၁

၁၀ ဝက်စ်ဘရွန်း ၁၅ ၅ ၅ ၅ ၂၀ ၁၈ ၂၀

၁၁ ဆောက်သမ်တန် ၁၅ ၅ ၅ ၅ ၁၄ ၁၅ ၂၀

၁၂ စတုတ် ၁၅ ၅ ၄ ၆ ၁၇ ၂၂ ၁၉

၁၃ ဘန်လေ ၁၅ ၅ ၂ ၈ ၁၅ ၂၅ ၁၇

၁၄ လက်စတာ ၁၆ ၄ ၄ ၈ ၂၁ ၂၇ ၁၆

၁၅ ပဲလေ့စ် ၁၅ ၄ ၃ ၈ ၂၇ ၂၉ ၁၅

၁၆   မစ်ဒယ်ဘရော့ ၁၅ ၃ ၆ ၆ ၁၃ ၁၆ ၁၅

၁၇ ဝက်စ်ဟမ်း ၁၅ ၃ ၄ ၈ ၁၇ ၃၁ ၁၃

၁၈ ဆွမ်ဆီး ၁၅ ၃ ၃ ၉ ၁၉ ၃၁ ၁၂

၁၉ ဟားလ်စီးတီး ၁၅ ၃ ၃ ၉ ၁၄ ၃၂ ၁၂

၂၀ ဆန်းဒါးလန်း ၁၅ ၃ ၂ ၁၀ ၁၄ ၂၇ ၁၁

 

4cus