The Kumudra Journal

“မြန်မာနိုင်ငံရဲ့ ဖက်ရှင်ရေစီးကြောင်းကို ပြောင်းလဲပေးမယ်” ထိုင်းနိုင်ငံမှာနေထိုင်တဲ့ မြန်မာနိုင်ငံသား ကိုခရစ်စ်နှင့် တွေ့ဆုံခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၈ – လူတန်းစားမရွေးဝတ်ဆင်နိုင်တဲ့ အနောက်တိုင်းဝတ်စုံတွေ ချုပ်လုပ်ပြီး မြန်မာနိုင်ငံရဲ့ ဖက်ရှင်ရေစီး ကြောင်းကို ပြောင်းလဲပေးနိုင်ဖို့ ကြိုးစားနေ သူ ကိုခရစ်စ်က ထိုင်းနိုင်ငံကနေ ပြန်လာ ပြီး မြန်မာနိုင်ငံမှာ နိုင်ငံတကာအဆင့်မီ စက်ချုပ်ဆိုင်တစ်ခု ဖွင့်ပါတယ်။ သူက ထိုင်းနိုင်ငံကို အသက် ၁၂ နှစ်ကတည်းက သွားရောက်နေထိုင်ပြီး စက်ချုပ်တဲ့အတတ်ပညာကို ၁၅ နှစ်လောက်မှာ စတင် လေ့လာခဲ့တယ်။ ထိုင်းနိုင်ငံမှာ အနောက် တိုင်းဝတ်စုံချုပ်လုပ်တာ လုပ်သက် ၁၈ နှစ် ကျော်ရှိသူ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဖက်ရှင်ရေစီးကြောင်းကို ပြောင်းလဲလာအောင် ပြုလုပ်ပေးမယ်ဆိုသူ ကိုခရစ်စ်နဲ့ တွေ့ဆုံမေးမြန်းတာကို ဖော်ပြပါတယ်။

ကုမုဒြာ။ ။ ထိုင်းနိုင်ငံမှာလုပ်ခဲ့တာဆိုတော့ မြန်မာနိုင်ငံကို ပြောင်းဖို့ ဘယ်လို စိတ်ကူးရခဲ့တာလဲ။

ကိုခရစ်စ်။ ။ ကျွန်တော် စစလုပ်ချင်းတုန်းကတော့ ဘန်ကောက်မှာ စလုပ်ခဲ့တာပေါ့။ လုပ်ရင်းနဲ့မှ မြန်မာပြည်မှာ ဈေးကွက်ရာတယ်။ အဲဒါကြောင့် တဖြည်းဖြည်းနဲ့  မြန်မာပြည်ဘက်ကို ပြောင်းပြီးလုပ်လာခဲ့ တာပါ။ ပုံမှန်ကတော့ စင်ကာပူဈေးကွက်ကို လုပ်ခဲ့တာဆိုတော့လေ။

ကုမုဒြာ။ ။ မြန်မာနိုင်ငံရဲ့ ဈေးကွက်ကို ထိုး ဖောက်လာတာ ဘယ်လောက်ရှိနေပြီလဲ။

ကိုခရစ်စ်။ ။ မြန်မာနိုင်ငံမှာတော့  ဆိုင်ဖွင့်တာ အခုဆိုရင် ခုနစ်လ၊ရှစ်လလောက် ပဲ ရှိ ဦးမယ်။  ဒါပေမဲ့  ပြီးခဲ့တဲ့နှစ်က မင်္ဂလာပွဲတွေမှာ  ဝတ်စုံတွေ ချုပ်ဖို့ ပုတ်ပြတ်တွေ ငှားတာလည်းရှိတယ်။  အဲသည်တုန်းကတော့ ဟို ကနေ  လာပြီး ကိုယ်တိုင်း တိုင်းပေးတယ်။ ပိတ်စ၊ ဒီဇိုင်းတွေ ပြပေးတယ်။ အဲလို ကျွန် တော်လုပ်တာ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ထဲကပေါ့။

ကုမုဒြာ။ ။ ချုပ်ပြီးသား ဝတ်စုံတွေကို  အာမခံမှုပိုင်းတွေ ရောပေးလား။

ကိုခရစ်စ်။ ။ ကွာလတီပိုင်းကိုတော့ အ ပြည့်အဝ အာမခံပေးထားပါတယ်။ ပြီး တော့ သုံးတဲ့ ပိတ်သားတွေက အီတာလျံ ပိတ်သားတွေကိုပဲ အသုံးပြုပေးထား တယ်။ အဲလို ကွာလတီ သုံးပြီး မြန်မာပြည် ဘက်ကို ပြောင်းလာပေးတာ ပါ။အာမခံမှု အပိုင်းတွေက ချုပ်ပြီး တစ်နှစ်အတွင်းမှာ ပိန်တာ ဝတာတွေ ဖြစ်လာရင် အခမဲ့ ပြန် ပြင်ပေးတယ်။  ဘုတွေထလာတာတွေ  ပိတ် သားအသီးသီးကြီးတွေ ဖြစ်မှာမဟုတ်ပါ ဘူး။
ကုမုဒြာ။ ။  အနောက်တိုင်း  ဝတ်စုံတွေ ချုပ်တာကျတော့ သည်မှာ ပဲ ချုပ်တာလား။

ကိုခရစ်စ်။ ။ သည်မှာကျတော့ လက်ခံတာပဲ ရှိတယ်။ ချုပ်တာကျတော့ ဘန်ကောက် မှာ ပြန်ချုပ်တယ်။  အဲသည်မှာကျတော့  ကိုယ်ပိုင် စက်ရုံတွေလည်း ရှိတယ်ဆိုတော့ အဲမှာ ချုပ်တယ်။  သည်မှာက လက်ခံတယ်။  ကိုယ်တိုင်းတိုင်းတယ်။ ဒီဇိုင်းတွေ ပြပေးတယ်။ ပိတ်စရွေးတယ်။ အဲဒါပဲ  လုပ်တာပါ။ ကျန်တာတွေက ဘန်ကောက်က စက်ရုံမှာ ချုပ်တယ်။

ကုမုဒြာ။ ။ ဘန်ကောက်မှာ ချုပ်ပြီး ပြန်ပို့ ပေးတော့ရော ဈေးနှုန်းကွာသွားတာရောရှိလား။

ကိုခရစ်စ်။ ။ ဈေးနှုန်းကွာခြားသွားတာတော့ မရှိပါဘူး။ ကျွန်တော်တို့က  ကိုယ်ပိုင် စက်ရုံနဲ့  ချုပ်တာဆိုတော့  အားလုံးသက် သာပါတယ်။ သူများဆီမှာ တစ်ဆင့်ခံအနေနဲ့သွားအပ်မယ်ဆိုရင်တော့ ဈေးနှုန်းတွေကပိုများသွားနိုင်တယ်။  အခုသည်မှာက  ရောင်းတဲ့ဈေးနှုန်းက USD  199 နဲ့ ပဲ ရောင်းပေးတာပါ။   ဟိုကနေ  ချုပ်ပေးလို့ ဈေးမှားတာတွေ ဘာတွေလည်း မရှိတော့ပါဘူး၊ ကျွန်တော်တို့ စက်ရုံမှာကျတော့ တစ်ရက်ကို ၂၅ ထည် ချုပ်ပြီးပါတယ်။ သည်ကို ပြန်သယ်တဲ့အခါကားနဲ့  သယ်တာ ရှိတယ်။  လေယာဉ်နဲ့ သယ်တာရှိ တယ်။  အနည်း များ ပေါ် မူတည်ပါတယ်။ သယ်ယူလာပေးတဲ့ အပေါ်မှာလည်း ဈေး နှုန်းပြောင်းတာတွေ ရှိလာမှာ မဟုတ်ပါ ဘူး။
ကုမုဒြာ။ ။ အလုပ်သမားဦးရေကရော စက်ရုံမှာ ဘယ်လောက်လောက်ရှိလဲ။ ခန့်မယ် ဆိုရင်ရော ဘယ်လို အရည်အချင်းတွေကို ကြည့်ခန့်လဲ။

ကိုခရစ်စ်။ ။ အလုပ်သမားဦးရေက သီး သန့်လိုင်းခွဲထားတာတွေရှိတယ်။ ဘောင်း ဘီပိုင်းမှာ ၁၂ယောက်၊ ဂျက်ကက် မှာ ၁၃ ယောက်နဲ့ အင်္ကျီမှာ ရှစ်ယောက် ရှိတယ်။ အလုပ်သမားတွေ ခန့်တဲ့အခါမှာလည်း သင်တန်းဆင်းလက်မှတ် ပါရမယ်ပေါ့။  အဲဒီလို လူတွေ လာလျှောက်ရင်တောင် အရင်ဆုံးစမ်းချုပ်ခိုင်းတယ်။ ကိုယ်တိုင် ဝတ်ကြည့်တယ် လျှော်ကြည့်တယ် အသီးတွေထတယ်။ ဝတ်ရတာ သက်သောင့်သက်သာမရှိဘူးဆိုရင် မခန့်ဘူးပေါ့။ အဲဒီ လိုရေ∑းပြီးခန့်တယ်။ ဒီတိုင်းခန့်တာတော့ မရှိဘူး။

ကုမုဒြာ။ ။ မြန်မာနိုင်ငံမှာ အခုဖွင့်ထားတဲ့ ဆိုင်အပြင် နောက်ထပ်ဆိုင်တွေ ဖွင့်ဖို့ရော အစီအစဉ်ရှိလား။

ကိုခရစ်စ်။ ။ ဟုတ်ရှိပါတယ်။ ရန်ကုန်မှာအပြင် နေပြည်တော်နဲ့ မန္တလေးမှာ ဖွင့်ဖို့ စီစဉ်ထားပါတယ်။ ကြာတော့ကြာဦးမယ်။ နောက်တစ်နှစ်ကျော်လောက်မှ ဖွင့်ဖြစ်မှာပါ။ ဆိုင်တွေဖွင့်ဖို့အပြင်ကို တခြားဝန်ဆောင်မှုတွေ စီစဉ်ထားတာတွေလည်း ရှိပါတယ်။ အဲဒါက ဆိုင်ကို မလာနိုင်တဲ့သူ တွေကို အိမ်တိုင်ရာရောက်လိုက်ပြီး ကိုယ် တိုင်းတိုင်းတာ၊ ဒီဇိုင်းပိတ်စတွေ ပြတာပါ လုပ်ပေးဖို့ စီစဉ်ထားပါတယ်။ ပြီးတော့ ကျောင်းသားတွေ၊ ရုံးဝန်ထမ်းတွေကိုလည်း ၁၀ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်း၊ အဲဒီလိုမျိုးပေါ့ ချပေးဖို့ အစီအစဉ်ရှိတယ်။ ပြီး တော့ မြန်မာနိုင်ငံမှာပါ  စက်ရုံဖွင့်နိုင်အောင် လုပ်မှာပါ။

ကုမုဒြာ။ ။ အချင်းချင်း ယှဉ်ပြိုင်ရတာတွေရောရှိလား။

ကိုခရစ်စ်။ ။ ကျွန်တော်ကတော့ အဓိက ယှဉ်ပြိုင်နေရတာတော့ မရှိပါဘူး။ မြန်မာနိုင်ငံမှာကလည်း အနောက်တိုင်းဝတ်စုံ ချုပ်တာက နှစ်ဆိုင်သုံးဆိုင်ပဲရှိတာကို အဲသည်မှာကျတော့ ဈေးနှုန်းတွေက တော်တော်ကွာသွားတယ်။ ပြီးတော့ ကျွန်တော်က တိုက်ရိုက်စက်ရုံရှိတယ်။ တစ်ဆင့်ခံ မဟုတ်တော့ ဈေးနှုန်းကွာခြားမှုရှိပါ တယ်။ ကျွန်တော်တို့ ဘန်ကောက်မှာ တုန်းကလည်း ထိုင်းတွေ လာချုပ်တာ နည်းတယ်။ ဖော်ရိန်နာတွေပဲ မှာတာဆိုတော့  နိုင်ငံခြားမိတ်တွေတော့ တော်တော်များတယ်။

ကုမုဒြာ။ ။ အွန်လိုင်းမှာ ကြော်ငြာတာကရော ဘယ်လောက်ထိ ထိုးဖောက်နိုင်လဲ။

ကိုခရစ်စ်။ ။ ကျွန်တော်ရဲ့ အလုပ်က အွန်လိုင်းမှာတင်ပြီး ကြော်ငြာရင်းနဲ့ ပေါက်သွားတာဆိုတော့ အဲဒီမှာ လူတွေတွေ့ပြီး လာချုပ်ကြတယ်။ ကောင်းတဲ့တုံ့ပြန်မှုတွေ ရလာတယ်။ အဲဒါနဲ့ပဲ တအားပေါက် သွားတာပေါ့။

အခုကတော့ ဖေ့စ်ဘုတ်ခ်မှာပဲ ကြော်ငြာသေးတယ်။ နောက်ဆိုရင် ပေ့ခ်ျတွေ၊ ဝက်ဘ်ဆိုက်တွေ ၊ ဂူးဂဲလ်မှာ ရှာလို့ရအောင်ကိုပါ ပြုလုပ်ထားပါတယ်။ အွန်လိုင်းကတော့ ကျွန်တော့်လုပ်ငန်းမှာ တော်တော်ထောက်ပံ့ပေးပြီး အထောက် အကူ ဖြစ်နိုင်ပါတယ်။

ကုမုဒြာ။ ။ အစ်ကို့အနေနဲ့ ဖြည့်စွက်ပြောချင်တာ ရှိပါလား။

ကိုခရစ်စ်။ ။ ဖြည့်စွက်ပြောချင်တာကတော့ အစ်ကို့ဆီမှာ ၂၂နှစ်ကနေ ၄၀ အထိ လူတွေ လာချုပ်ကြတာများတယ်ပေါ့နော်။ ကျွန်တော်က လူတန်းစားမရွေး ချုပ်နိုင်အောင် သက်သာတဲ့ ဈေးနှုန်းတွေနဲ့ ချုပ်ပေးပြီး ဆိုင်တွေလည်း အများကြီးဖွင့်ပေးချင်တယ်။ ပြီးတော့ မြန်မာနိုင်ငံကလဲ တိုးတက်နေပြီဆိုတော့ မြန်မာနိုင်ငံက ဖက်ရှင်ရေစီးကြောင်းကို ပြောင်းလဲပေးချင်တယ်။

ကုမုဒြာ။ ။ အခုလို ဖြေကြားပေးတာ ကျေး ဇူးတင်ပါတယ်။

Author လိမ္မာ