ပြည်သူ့လွှတ်တော် ဒုဥက္ကဌ ဦးတီခွန်မြတ် ပါတီကနေ နှုတ်ထွက်

ပြည်သူ့လွှတ်တော် ဒုဥက္ကဌ ဦးတီခွန်မြတ် ပါတီကနေ နှုတ်ထွက်ကြောင်း ကြံ့ခိုင်ရေးပါတီ အတည်ပြု

ရန်ကုန်၊ စက်တင်ဘာ ၁၀- ပြည်သူ့လွှတ်တော်ရဲ့ ဒုဥက္ကဌ ဖြစ်တဲ့ ဦးတီခွန်မြတ်ဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီကနေ နှုတ်ထွက်သွားပြီဖြစ်ကြောင်း ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ
ဒေါက်တာနန္ဒလှမြင့်က ပြောပါတယ်။
“ထွက်သွားတာတော့ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့်ထင်ပါတယ်။ ထွက်ခွင့်မှာတော့ အကြောင်းအရာ မဖော်ပြထားပါဘူး” ” လို့ ဒေါက်တာနန္ဒလှမြင့်က ပြောပါတယ်။
ဩဂုတ်လ ၁၈ရက်နေ့ က ပါတီဥက္ကဌ ကို လိပ်မူပြီး ပါတီကနေ နှုတ်ထွက်ခွင့်ပြုဖို့တင်ထားတာဖြစ်ပါတယ်။
စက်တင်ဘာ ၆ရက်နေ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကနေ သူ့နှုတ်ထွက်ခွင့်ကို ခွင့်ပြုလိုက်တာလို့ သိရပါတယ်။
ပြည်သူ့လွှတ်တော် ဒုဥက္ကဌ ဦးတီခွန်မြတ်ဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှာ ဗဟိုကော်မတီဝင်အဖြစ် ဆောင်ရွက်တာလို့ သိရပါတယ်။


“ပါတီမှာ သူတို့ရဲ့ မိသားစုကိစ္စတွေ၊ သူတို့ရဲ့ ဆန္ဒအလျောက် ထွက်မယ်ဆိုလည်း ထွက်ခွင့်ပြုပါတယ်” လို့ သူကပြောပါတယ်။
ဦးတီခွန်မြတ်ဟာ ပါတီနဲ့ပြဿနာ တက်ခဲ့တာမဟုတ်ဘဲ သူ့ရဲ့အသက်အရွယ် ၊ သူ့မိသားစုအခြေအနေကြောင့် သူ့ရဲ့ စိတ်ဆန္ဒအရ ပါတီဝင် အဖြစ်ကနေ အနားယူဖို့ ခွင့်ပြုခဲ့တာလို့ သိရပါတယ်။
လက်ရှိ ပါတီရဲ့ဗဟိုကော်မတီဝင်တစ်ယောက်ဖြစ်တယ်။ပါတီကနေ လွှတ်တော်ကိုယ်စားလှယ်အရွေးခံရတဲ့သူ ဖြစ်တဲ့အတွက် ပါတီဝင်တစ်ယောက် လျော့တာ အားလျော့ပါတယ်လို့ ပြောပါတယ်။
ဒါပေမယ့်လည်း ဦးတီခွန်မြတ်နဲ့ ရေရှည်လက်တွဲသွားမယ်လို့ သူကပြောပါတယ်။
ဦးတီခွန်မြတ်ဟာ ၂၀၁၀ခုနှစ်မှာလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီကနေလည်း လွှတ်တော်အမတ်အဖြစ် အရွေးခံရဖူးပါတယ်။

author ဂျက်