ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပွဲကျင်းပ

ရန်ကုန်၊ ဇွန် ၁၉ -နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၂နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အနေနဲ့ သည်ကနေ့ မနက် မှာ ကော့မှူးမြို့နယ် ၀ါးသိင်္ခကျေးရွာ မှာ သစ်ပင်စိုက်ပွဲ အခမ်းအနား ကျင်းပခဲ့တယ်လို့ သိရပါတယ်။

“ အမေ့မွေးနေ့ အမှတ်တရရယ် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေဖို့ ကို ရည်ရွယ်တာပါ ” လို့ သစ်ပင်စိုက်ပျိုးရေးအဖွဲ့ က ကိုရာပြည့် က ပြောပါတယ်။

သစ်ပင်ပေါင်း ၁၆၀၀ကျော်ကို စိုက်ပျိုးပြီး မွေးနေ့ မတိုင်ခင် ၂ရက်အလိုကတည်းက စိုက်ပ်ျိုးခဲ့တာလို့ သိရပါတယ်။

ကျွန်း၊ မဟော်ဂနီ၊ အင်ကြင်း ၊ပိတောက်၊ ခရေ မျိုးပင်တွေကို စိုက်ပျိုးခဲ့တယ်လို့ သိရပါတယ်။

သစ်ပင်စိုက်ပွဲ အပြင် ၀ါးသိင်္ခကျေးရွာ က မူလတန်းကျောင်းရှိ ကလေး ၁၃၈ယောက်ကို တစ်ဦးကို စာအုပ်တစ်ဒါဇင် နဲ့ မုန့်တွေလည်း ဝေခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အခမ်းအနားကို အစိုးရအဖွဲ့ဝင်တွေ ၊ နိုင်ငံရေးပါတီအချို့ က ခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

 

Author အောင်လေး