သမ္မတနဲ့ အစိုးရအဖွဲ့ နယ်ပယ်အသီးသီးက ခေါင်းဆောင်တွေရဲ့ ၂၀၁၇ မျှော်မှန်းချက်

ရန်ကုန်၊ ဇန်နဝါရီ ၁ – ငြိမ်းချမ်းရေးနဲ့ ဖက် ဒရယ် ဒီမိုကရေစီစနစ် တည်ဆောက်ရေးကိစ္စတွေနဲ့ ပတ်သက်ပြီး အခု ၂၀၁၇ ခုနှစ်ရဲ့ နှစ် သစ်ကူး နှုတ်ခွန်းဆက်စကားတွေထဲမှာ အစိုးရခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ အများဆုံး သုံးနှုန်းပြော ဆိုသွားပါတယ်။

အဲသည်အရေးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့လည်း ပြည်သူလူထုအနေနဲ့ ပါဝင်ပူးပေါင်းပေးဖို့ အစိုးရခေါင်းဆောင်တွေကရော တိုင်းရင်းသားခေါင်းဆောင်တွေကပါ တိုက်တွန်း ပြောဆိုထားကြပါတယ်။
နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ၂၀၁၇ ခုနှစ်မှာ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည် ထောင်စု ဖြစ်ပေါ်ရေးနဲ့ ပြည်သူတွေရဲ့ လူနေမှုဘဝတွေ တိုးတက်မြင့်မားရေး စတဲ့ မူဝါဒတွေကို ပီပြင်စွာ အကောင်အထည်ဖော်လာဖို့ ဆက်လက်ကြိုးပမ်းမယ်လို့ ဆိုပါတယ်။

တိုင်းပြည်အကျိုးအတွက် ရည်ရွယ်ချမှတ်ထားတဲ့ အဲသည်မူဝါဒတွေကို အစိုးရတာဝန်လွှဲပြောင်းယူခဲ့တဲ့ ကိုးလ တာကာလအတွင်းမှာလည်း တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်ခဲ့တယ်လို့ သမ္မတ ဦးထင်ကျော်က ပြောဆိုပါတယ်။

ဒီမိုကရေစီနိုင်ငံ၊ ဒီမိုကရေစီစနစ်ဆိုတာဟာ အများပြည်သူတွေရဲ့ ပူးပေါင်း ပါဝင်မှုနဲ့သာ အောင်မြင်နိုင်တာကြောင့် ဒီမို ကရေစီစနစ်ကို ကျင့်သုံးပြီး ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်တာမှာ နိုင်ငံသူ နိုင်ငံသားတွေ စည်းစည်းလုံးလုံး ညီညွတ်စွာ ပါဝင်ပူးပေါင်းဆောင်ရွက်ကြဖို့လည်း သမ္မတ ဦးထင်ကျော်က တိုက်တွန်းထားပါတယ်။

၁၉၄၇ ခုနှစ်မှာ ချုပ်ဆိုတဲ့ ပင်လုံစာ ချုပ်ဟာ တိုင်းရင်းသား အားလုံးရဲ့ စည်း လုံးညီညွတ်မှုပြယုဂ်ဖြစ်တယ်လို့ သာဓကပြ ပြောဆိုပါတယ်။

သမ္မတ ဦးထင်ကျော်ရဲ့ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွေထဲမှာ ဒီမိုကရေစီ နိုင်ငံ၊ ဒီမိုကရေစီစနစ် စတာတွေနဲ့  ပတ်သက်ပြီး ငါးကြိမ်၊ စည်းလုံးညီညွတ်စွာ ဆောင်ရွက်ကြဖို့အရေးအတွက် သုံးကြိမ်၊ ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့ ဝေါဟာရကို နှစ်ကြိမ်၊ ပင်လုံဆိုတဲ့ စကားလုံးကို နှစ် ကြိမ်၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တစ်ကြိမ်၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အမျိုးသားပြန် လည်သင့်မြတ်ရေးစတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး တစ်ကြိမ်စီ စသဖြင့် သုံးနှုန်း ပြောဆိုသွားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်ကတော့ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားပြောကြားတာ မတွေ့ ရပါဘူး။

ဖက်ဒရယ် ဒီမိုကရေစီ

နှစ်သစ်ကူးဆုတောင်းစကားတွေ အနက် ထူးခြားမှုအနေနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖက်ဒရယ် ဒီမိုကရေစီစနစ် အကြောင်း သုံး နှုန်းပြောဆိုသွားတာ မြင်တွေ့ရပါတယ်။
ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုနိုင်ငံကြီး ပေါ် ထွန်းရေး တို့အတွက် တပ်မတော်က ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က သူ့ရဲ့နှစ်သစ်ကူးနှုတ်ခွန်းဆက် စကားမှာ ထည့်သွင်းပြောဆိုပါတယ်။

“၂၀၁၇ ခုနှစ် ကာလမှာ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက် ရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အ ခြေခံတဲ့ ပြည်ထောင်စုနိုင်ငံကြီး ပေါ်ထွန်းရေးတို့အတွက် တပ်မတော်အနေနဲ့ ဆက် လက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါ တယ်”လို့ ဗိုလ်ချုပ်မှူကြီး မင်းအောင်လှိုင်က ပြောပါတယ်။

၂၀၁၆ ခုနှစ်အတွင်းမှာ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဦးဆောင်တဲ့အစိုးရ ပြောင်းလဲတာဝန် ယူခဲ့ပြီးနောက်မှာလည်း အဲသည်လုပ်ငန်း စဉ်တွေ အောင်မြင်ရေးအတွက် တပ်မတော်က ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးခဲ့တယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ် အချို့ဒေသ၊ ရှမ်း ပြည်နယ်အရှေ့မြောက်ဒေသ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွေမှာ တိုင်းရင်း သားလက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းသူတွေကြောင့် တည်ငြိမ်အေးချမ်းမှု  ပျက်ပြားခဲ့ရပြီး ပြည်သူလူထုရဲ့ အသက် အိုးအိမ် စည်းစိမ်တွေ ထိခိုက်လာတာ ကြောင့် တပ်မတော်က အသက်သွေးချွေးများစွာ ပေးဆပ်ပြီး တည်ငြိမ်အေးချမ်း အောင် ထိန်းသိမ်းဆောင်ရွက်ပေးခဲ့တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောတယ်။

အဲသည်လို ဆောင်ရွက်ခြင်းဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေး၊ ပြည်သူလူထုရဲ့ အသက် အိုးအိမ်စည်းစိမ်နဲ့အကျိုးစီးပွားတွေကို ကာကွယ်စောင့်ရှောက် ရေး၊ နိုင်ငံတော် အစိုးရရဲ့ လုပ်ငန်းတာဝန် အရပ်ရပ်ကို ထိပါးလာမှု တွေကို ကာကွယ် ပေးဖို့ တာဝန်ရှိတဲ့ အတိုင်းတပ်မတော်က ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ပြောကြားပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့ရဲ့ နှုတ်ခွန်းဆက်စကားထဲမှာ နိုင်ငံတော်တည်ငြိမ်းအေးချမ်းရေးဆိုတာနဲ့ ပတ်သက်ပြီး လေးကြိမ်၊ ဖွံ့ဖြိုးတိုးတက် ရေးအတွက် သုံးကြိမ်၊ ဒီမိုကရေစီ ဖက်ဒရယ် စနစ်အတွက် တစ်ကြိမ်၊ ပင်လုံဆိုတဲ့ ဝေါဟာရကို တစ်ကြိမ်၊ အချုပ်အခြာအာဏာဆိုတာနဲ့ ပတ်သက်ပြီး တစ်ကြိမ်၊ ငြိမ်း ချမ်းရေးဆိုတာနဲ့ ပတ်သက်ပြီးတော့ တစ်ကြိမ် ပြောဆိုသွားပါတယ်။
အသီးအပွင့်တွေ
ဒုတိယသမ္မတ ဦးမြင့်ဆွေကလည်း တိုင်းရင်းသားပြည်သူတစ်ရပ်လုံး မျှော် လင့်တောင့်တနေတဲ့ ငြိမ်းချမ်းရေးကို အ မြန်ဆုံးရရှိပြီး အဘက်ဘက်က လျင်မြန် စွာ ဖွံ့ဖြိုးတိုးတက်မှုအသီးအပွင့်တွေကို တိုင်းရင်းသားပြည်သူတွေအားလုံး မျှမျှတတ ခံစားရပါစေလို့ ဆိုပါတယ်။

ဦးမြင့်ဆွေရဲ့ နှစ်သစ်ကူးနှုတ်ခွန်းဆက် စကားထဲမှာငြိမ်းချမ်းရေးဆိုတဲ့ ဝေါဟာရကိ နှစ်ကြိမ်၊ဖွံ့ဖြိုးတိုးတက်ရေးအတွက်တစ်ကြိမ်သုံးစွဲထားတာတွေ့ရပါတယ်။

၂၀၁၇ နှစ်သစ်ဟာ နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလားအလာကောင်းတွေ သယ်ဆောင်မှာ ဖြစ်သလို စိန်ခေါ်မှုတွေကိုလည်း မျှော်လင့်ထားရဦးမှာဖြစ်တယ်လို့ ဒုတိယသမ္မတဦးဟင်နရီ ဗန်ထီးယူက နှစ်သစ်ကူးနှုတ်ခွန်းဆက် စကားမှာ ပြောဆိုထားပါတယ်။

ဦးဟင်နရီဗန်ထီးယူရဲ့ နှုတ်ခွန်းဆက် စကားထဲမှာ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာ သုံး ကြိမ်၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးဆိုတာကို နှစ်ကြိမ်၊ ဒီမိုကရေစီဖက်ဒရယ်ဆို တဲ့ ဝေါဟာရကို တစ်ကြိမ် ပြောဆိုထားပါ တယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦဝင်းမြင့်ကလည်း ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု တွေ ဆောင်ရွက်နေတဲ့အချိန်ကာလဖြစ် လို့ မျှော်မှန်းတဲ့ ဒီမိုကရေစီပန်းတိုင်ကို ရောက်ရှိ ဖို့ တိုင်းရင်းသားပြည်သူတွေ အားလုံးကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ အထူးလိုအပ်တယ်လို့ ပြောဆိုပါ တယ်။

‘အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ထွန်းရေးတို့ အတွက် တိုင်းရင်းသားပြည်သူအားလုံးက စည်းလုံးညီညွတ်စွာ တက်ညီလက်ညီအတူလက်တွဲ၍ ဆောင်ရွက်ကြရမည့် အချိန်အခါလဲဖြစ်ပါတယ်”လို့ ဦးဝင်းမြင့်က ပြော ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရဲ့ မိန့်ခွန်း စကားတွေထဲမှာ ဒီမိုကရေစီဆိုတဲ့ ဝေါဟာရလေးကြိမ်၊ ပြည်တွင်းငြိမ်းချမ်းရေးဆို တာ နှစ်ကြိမ်၊ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ပတ်သက်ပြီးတော့ နှစ်ကြိမ်၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး နှစ်ကြိမ်၊ အမျိုး သား ရင်ကြားစေ့ရေး တစ်ကြိမ် တွေ့ရပါ တယ်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်း ခိုင်သန်းက ‘ဒီမိုကရေစီဖက်ဒရယ် ပြည် ထောင်စုဖြစ်ပေါ်ရေးအတွက် သံသယ၊ အာဃာတ၊ အတ္တမာနတွေကို စွန့်ပယ်ပြီး တိုင်းရင်းသားပြည်သူညီအစ်ကိုမောင်နှမ တွေအားလုံး စည်းစည်းလုံးလုံး ပူးပေါင်းပါ ဝင်လက်တွဲတည်ဆောက်သွားဖို့ကိုလည်း တိုက်တွန်းပြောဆိုပါတယ်။

ကိုယ်ကျင့်တရား

‘စိတ်ရင်းစေတနာမှန် ဆန္ဒမှန်ဖြင့် သဒ္ဓါတရား လက်ကိုင်ထားကာ ကိုယ့်ကျင့်တရားကောင်းမွန်စွာနဲ့ ကြိုးစားလုပ် ဆောင်သွားကြရမှာပဲ ဖြစ်ပါတယ်˘လို့ မန်းဝင်းခိုင်သန်းက ပြောပါတယ်။

မန်းဝင်းခိုင်သန်းရဲ့ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားထဲမှာ ပြည်ထောင်စုဆိုတဲ့ စကားလုံးကိုနှစ်ကြိမ်၊ ဒီမိုကရေစီဆိုတဲ့ စကားလုံး တစ်ကြိမ်၊ ဖက်ဒရယ်ဆိုတဲ့ စကားလုံးတစ်ကြိမ် ပြောဆိုသွားပါတယ်။

တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ နှစ်သစ်ကူးဆုတောင်းစကားတွေမှာ ၂၀၁၇ ခုနှစ်ကို မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်း ရေးလုပ်ငန်းစဉ်အတွက် တိုးတက်မှုတွေရှိဖို့ မျှော်လင့်ထားတာကို မြင်တွေ့ရပါ တယ်။

ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးမနာမ်တူးဂျာက ၂၀၁၇ ခုနှစ်ဟာ ဒေသတိုင်းမှာ သေနတ်သံတွေစဲပြီး တကယ်ထူးခြားတဲ့ နှစ်တစ်ခုဖြစ်လာဖို့ မျှော် လင့်ပါတယ်လို့ ဆိုပါတယ်။

“နောက်ပြီး ၂၀၁၇ မှာ သေနတ်သံတွေ တကယ်ရပ်စဲသွားစေချင်တယ်၊ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲမှာ အားလုံးလက်တွဲ ပြီး ကြိုးစားဖြေရှင်းကြမယ်လို့ မျှော်လင့် တယ်၊ အစွဲအလမ်း၊ အာဃာတတွေ ဖျောက်ပြီး ငြိမ်းချမ်းရေးကို တကယ်လိုချင် တဲ့ဆန္ဒနဲ့ ပြည်သူလူထုအကျိုးကို ရှေးရှုပြီး တော့မှ ငြိမ်းချမ်းရေးကို မရမနေ တည် ဆောက်နိုင်ဖို့ မျှော်လင့်ပါတယ်”လို့ ဦးမနာမ်တူးဂျာက ပြောပါတယ်။

၂၀၁၇ ခုနှစ်အတွက် ပြောကြားပေးတဲ့ ဦးမနာမ်တူးဂျာရဲ့ နှုတ်ခွန်းဆက်စကားထဲ မှာ ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံး ငါးကြိမ်၊ ပင်လုံဆိုတဲ့ စကားလုံး သုံးကြိမ် ပြောဆိုသွားပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက လည်း ၂၀၁၆ မှာ ပစ်ခတ်တိုက် ခိုက်မှုတွေနဲ့ ထိခိုက်ဆုံးရှုံးမှုတွေရှိခဲ့တဲ့အပေါ် ၂၀၁၇ မှာ ပြန်လည်ကုစားနိုင်မယ်လို့ မျှော်လင့်ပါတယ်လို့ ဆိုပါတယ်။

‘တိုင်းရင်းသားအားလုံး ပြန်လည်ပြီး တော့ စုစည်းမိမယ်လို့တော့ မျှော်လင့်တယ်”လို့ ဦးခွန်ဥက္ကာက ပြောပါတယ်။

ဦးခွန်ဥက္ကာရဲ့ နှုတ်ခွန်းဆက်စကားထဲမှာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ငြိမ်းချမ်း ရေးစတဲ့ စကားလုံးသုံးကြိမ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဆိုတာ တစ် ကြိမ် ပြောဆိုပါတယ်။

‘ပြည်သူတွေမျှော်လင့်နေတဲ့ နိုင်ငံရေး ကို တည်ဆောက်နိုင်ပါစေ”လို့ ဦခွန်ဥက္ကာက ပြောပါတယ်။

နိုင်ငံရေးပြဿနာတွေကို အရင်တုန်း က နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ သက်ဆိုင်ရာ အဖွဲ့တွေတိုင်းမှာလည်း ဖြေရှင်းဖို့ အခွင့်အရေးတွေ ရရှိစေချင်ပါတယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင် စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) ဗိုလ်မှူးကြီး စိုင်းလှက ပြောပါတယ်။

သူ့စကားထဲမှာ နိုင်ငံရေးပြဿနာ တွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ သုံးကြိမ်၊  အားလုံးပါဝင်ဖို့အရေး နှစ်ကြိမ်၊ ဖက်ဒရယ် ပြည်ထောင်စုဆိုတဲ့စကားလုံး တစ်ကြိမ် ပြောဆိုပါတယ်။

မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၅၃နှစ်အ တွင်း ပထမဆုံးအရပ်သားအစိုးရကို ၂၀၁၅ ခုနှစ်မှာ စတင်ရရှိပါတယ်။

၂၀၁၇ ခုနှစ်အတွက် နယ်ပယ်အသီး သီးက ခေါင်းဆောင်တွေရဲ့ မျှော်မှန်းချက်တွေထဲမှာ အများဆုံးပါဝင်တာက ငြိမ်း ချမ်းရေးပဲ ဖြစ်ပါတယ်။

Author ချမ်းသာ