The Kumudra Journal

“မွန်ဝန်ကြီးချုပ်ကိုလာမယ်င်္နွေမှာစတင်စစ်ဆေးဖို့ညှိနိုင်းနေ”

“မွန်ဝန်ကြီးချုပ်ကိုလာမယ့်စနေ့တနင်္ဂနွေမှာစတင်စစ်ဆေးဖို့ညှိနိုင်းနေ”
၅၊ဒီဇင်ဘာ၊ရန်ကုန်။
မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးမင်းမင်းဦးကိုလာမယ့် စနေ၊တနင်္ဂနွေမှာအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့  လေ့လာသုံးသပ်ရေးအဖွဲ့ က စတင်စုံစမ်းစစ်ဆေးဖို့ ညှိနှိုင်းနေတယ်လို့  သိရပါတယ်။
”လာမယ့်အပတ်ထဲမှာစစ်နိုင်ဖို့ ရက်ချိန်းညှိနေပါတယ်။ လောလောဆယ်တော့ ဘာမှ မပြောနိုင်သေးပါဘူး။ ဘာလို့ လဲဆိုတော့ ကျွန်တော်တို့ က စုံစမ်းစစ်ဆေးပြီးတော့ report လုပ်ပေးရမယ့် သူတွေပါ” လို့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့  လေ့လာသုံးသပ်ရေးအဖွဲ့  ခေါင်းဆောင် ဦးဥာဏ်ဝင်းက ပြောပါတယ်။
နိုဝင်ဘာလ ၈ ရက်နေ့ က မွန်ပြည်နယ်မှာ ပြည်နယ်ဝန်ကြီးအပြောင်းအလဲပြုလုပ်မယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ဦးမင်းမင်းဦးဟာ ပြည်နယ်စည်ပင်သာယာရေးနဲ့  ဆောက်လုပ်ရေးဝန်ကြီးဌာနကိုပါ ပူးတွဲတာဝန်ယူထားသူတစ်ဦးဖြစ်ပါတယ်။
ဝန်ကြီးချုပ်အဖြစ်တာဝန်ယူတဲ့ သက်တမ်း ၈ လအတွင်းမှာ ၀န်ကြီးချုပ် ခွင့်ရက်ရှည်ယူတာ၊ ပြည်နယ်ကော်မတီအဖွဲ့ ဖွဲ့ စည်းရာမှာလည်းဘက်လိုက်မှုရှိတာ၊ ပြည်နယ်အတွင်းရှိစီးပွားရေးလုပ်ငန်းရှင်တွေနဲ့  မကြာခဏတွေ့ ဆုံတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာ၊ လူမှုရေး၊ ပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းတွေ လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာပျံ့နှံ့ နေတာတွေကြောင့် ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့  လေ့လာသုံးသပ်ရေးအဖွဲ့ ဟာမွန်ပြည်နယ်ကကိစ္စရပ်တွေ၊ ၀န်ကြီးချုပ်ဦးမင်းမင်းဦးနဲ့  တနသာင်္ရီတိုင်းဒေသကြီးလွတ်တော်ဥက္ကဌနဲ့  ဒုဥက္ကဌတို့ ရဲ့  ကိစ္စရပ်တွေကိုလေ့လာစစ်ဆေးဖို့ နိုဝင်ဘာလ ၂၅ ရက်နေ့ မှာကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုအလုပ်မှုဆောင် အဖွဲ့ ဝင်အစည်းအဝေးဆုံးဖြတ်ချက်အရ ဖွဲ့ စည်းထားတာဖြစ်ပါတယ်။
အဲသည်အဖွဲ့ ကိုအဖွဲ့ ဝင်သုံးဦးနဲ့ ဖွဲ့ စည်းထားတာဖြစ်ပြီးဗဟိုအလုပ်မှုဆောင်အဖွဲ့ ဝင်ဖြစ်တဲ့ ဦးဥာဏ်ဝင်းက အဖွဲ့ ခေါင်းဆောင်၊ ဒေါက်တာမျိုးညွန့် နဲ့  တရားလွတ်တော်ရှေ့ နေဦးကျော်ဟိုးတို့ က အဖွဲ့ ဝင်တွေ အဖြစ်တာဝန်ယူဆောင်ရွက်မှာဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဦးဆောင်တဲ့ အစိုးရလက်ထက်မှာလယ်ယာစိုက်ပျိုးရေးနဲ့  ဆည်မြောင်းဝန်ကြီးဌာနမှ ဒုဝန်ကြီး ဒေါက်တာထွန်းဝင်း တာဝန်မှရပ်စဲခံခဲ့ရပါတယ်။အဲဒီလိုရပ်စဲခံရတာနဲ့ ပတ်သက်ပြီး ဒေါက်တာထွန်းဝင်းက အစိုးရကိုခုခံချေပပိုင်ခွင့်မရှိဘဲ တာဝန်မှ ရပ်စဲခံလိုက်ရတာဖြစ်တယ်လို့သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးပြောဆိုခဲ့ပါတယ်။
လာမယ့် အပတ်မှာစတင်စစ်ဆေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့ လေ့လာသုံးသပ်ရေးအဖွဲ့ က ညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်ဆိုတာနဲ့ ပတ်သက်ပြီးမွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးနဲ့ သူ့ ရဲ့  ကိုယ်ရေးအရာရှိဖြစ်သူ ဦးဇော်ဝင်းတို့ ကိုဖုန်းအကြိမ်ကြိမ်ခေါ်ဆိုခဲ့ပေမယ့်ဆက်သွယ်လို့ မရခဲ့ပါဘူး။
ချမ်းသာ