The Kumudra Journal

တပ်မတော်ရေက ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ခြောက်ဦး ဒဏ်ရာရတာ မဟုတ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးထုတ်ပြန်

တပ်မတော်ရေက ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ခြောက်ဦး ဒဏ်ရာရတာ မဟုတ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးထုတ်ပြန်

၅၊ဇန်န၀ါရီ၊ရန်ကုန်။

မြန်မာ့တပ်မတော်(ရေ)က ပစ်ခတ်မှုကြောင့် ဘင်္ဂလားပင်လယ်အော်၊စိန့်မာတင်ကျွန်းအနီးမှာ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမား(၆)ဦးအား ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းဟာ မဟုတ်မမှန်ဘူးလို့ ဒီကနေ့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီကထုတ်ပြန်လိုက်ပါတယ်။

ဒီဇင်ဘာလ(၂၇)ရက်နေ့က ” 6 Bangladeshis shot in Myanmar firing at Bay ” ဆိုတဲ့ခေါင်းစဉ်ရဲ့ ဘင်္ဂလားဒေ့ရှ် ဒါကာမြို့ အခြေစိုက် The Daily Star မီဒီယာက မြန်မာတပ်မတော်ရေက ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၆ဦးဒဏ်ရာရရှိခဲ့တယ်လို့အွန်လိုင်းသတင်းအဖြစ်ဖော်ပြခဲ့ပါတယ်။

The Daily Star မီဒီယာရဲ့ဖော်ပြချက်မှာ မြန်မာ့ရေတပ်မတော်မှ ဘင်္ဂလားဒေ့ရှိဆွဲပိုက်ချသင်္ဘောနောက်ကို လိုက်လံပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမား(၆)ဦးမှာ ခြေထောက်၊လက်နဲ့မျက်လုံးအောက်ဖက်နားတို့မှာ ဒဏ်ရာရရှိခဲ့ကြတယ်လို. ဖော်ပြထားခဲ့ပါတယ်။

အဆိုပါသတင်းနဲ့ပတ်သတ်ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)ကို ဆက်သွယ်စုံစမ်းခဲ့ရာ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမားများကို ပစ်ခတ်ခြင်းဆိုသည်မှာ မဟုတ်မမှန်သာဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးကသိရှိခဲ့ရတယ်လို့ထည့်သွင်း ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် က ဒီဇင်ဘာ လ၁၉ ရက်နေ့က အာဆီယံ ၁၀ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးများနဲ့ ရန်ကုန်ြမို့ဆီဒိုးနား ဟိုတယ်မှာတွေ့ဆုံခဲ့ပြီး ရခိုင်ဒေသမှာဖြစ်ပွားနေတဲ့ နဲ့ ဆက်စပ်နေတဲ့ သတင်းအချက်အလက်တွေနဲ့ပတ်သတ်လို့ အချိန်နဲ့ တပြေးညီ ထုတ်ပြန်သွားမယ်လို့ ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့ပတ်သတ်တဲ့ ကောလဟာလသတင်းတွေ ရခိုင်ပြည်နယ်မှာရှိတဲ့ ဘင်္ဂလီလူမျိုးတွေနဲ့ပတ်သတ်တဲ့ ကောလဟာလသတင်းတွေကို ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းဌာနတွေက ဖြန့်ဝေနေတာနဲ့ပတ်သတ်ပြီးတော့လည်း မြန်မာအစိုးရ ဘက်က တရားဝင်သတင်းထုတ်ပြန်ချက်တွေကိုလည်း ဆက်တိုက်ထုတ်ပြန်ခဲ့ပါတယ်။
ထင်လင်းထက်