စစ်ဆေးအရေးယူတော့မယ့် ကိစ္စတချို့ ဦးဝင်းထိန် ပြောကြား

အင်န်အယ်လ်ဒီပါတီရဲ့ စည်းကမ်းထိန်းသိမ်းရေးတာဝန်ရှိတဲ့ ဦးဝင်းထိန် ရှင်းလင်းပြောကြားနေစဉ်။

နေပြည်တော်၊ ဇန်နဝါရီ ၈ - ပါတီရဲ့စုံစမ်းစစ် ဆေးမှုခံနေရတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ်ကိစ္စကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ တနင်္သာရီတိုင်း လွှတ်တော်ဥက္ကဋ္ဌကိစ္စကိုတော့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်ကိုယ်တိုင် တနင်္သာရီတိုင်းဒေသကြီးအထိ ကွင်းဆင်း  စစ်ဆေးမှာဖြစ်တယ်လို့လည်း အင်န်အယ်လ်ဒီပါတီရဲ့စည်းကမ်းထိန်းသိမ်းရေးတာဝန်ရှိတဲ့ ဦးဝင်းထိန်ကပြောပါတယ်။
ကြားဖြတ်ရွေးကာက်ပွဲမှာကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းဖို့ ပျက်ကွက်ခဲ့တဲ့ အင်န်အယ်လ်ဒီ ပြည်နယ်၊ မြို့နယ် ဥက္ကဋ္ဌကိုတော့ ပါတီက စစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး အရေးယူမယ်လို့ ဦးဝင်းထိန်ကပြောပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီက လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာလုံးဝင်ပြိုင်မယ်လို့ထုတ်ပြန်ခဲ့ပေမဲ့ ဖရူဆိုမြို့နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၁) မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်အမည်စာရင်းတင်သွင်းတာနောက်ကျခဲ့တာကြောင့် အင်န်အယ်လ်ဒီ အနေနဲ့ ၁၈ နေရာသာပြိုင်ရတော့မှာ ဖြစ်ပါတယ်။
ဦးဝင်းထိန်က  ဒီကိစ္စဦးဉာဏ်ဝင်းတို့ကစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီးဆက်လုပ်လိမ့်မယ်၊ ဘယ်လိုမှဖြေပေးလို့မရတဲ့ ကိစ္စမို့လို့ပါလို့ဆိုပါတယ်။
၂၀၁၅ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်စဉ်က အောင်နိုင်ရေးအဖွဲ့တွေဖွဲ့ခဲ့ပေမဲ့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအတွက် မည်သည့်အဖွဲ့မှ ဖွဲ့စည်းမှာမဟုတ် ဘဲ သက်ဆိုင်ရာမြို့နယ်အလုပ်အမှု ဆောင်အဖွဲ့တွေက ဦးဆောင်ပြုလုပ်ရမှာဖြစ်ကြောင်း အင်န်အယ်လ်ဒီ ဦးဝင်းထိန်က ပြောပါတယ်။
အခုလိုဆောင်ရွက်ဖို့ ဇန်နဝါရီလ ၇ ရက်နေ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမှာဆုံးဖြတ်ခဲ့တာပါ။

Author –  ဖေသက်ထက်ခင်