ရှောင်းမီကထုတ်တဲ့ နားကြပ်အသစ်

ရန်ကုန် ၊ ဒီဇင်ဘာ ၂၄ - ရှောင်းမီကုမဏီက ထုတ်ကုန်အသစ်အနေနဲ့ ဈေးနှုန်းသက်သာလွန်းတဲ့ နားကြပ်အသစ်ကို ဈေးကွက်ထဲ ဖြန့်ချိတာ့မှာ ဖြစ်ကြောင်း သိရပါတယ်။

ဒေါ်လာ လေးဒေါ်လာ ( မြန်မာငွေ ၅၀ဝ၀) ဝန်းကျင်ရှိတဲ့ နားကြပ်အသစ်ဟာဆိုရင် ဈေးနှုန်း ချိုသာပေမဲ့ နောက်ဆုံးပေါ် နားကြပ် အမျိုးအစားတွေလို ကောင်းမွန်မှာ ဖြစ်ပါတယ် ။

သည်ထုတ်ကုန်အသစ်ကို 3rd generation damping စနစ်နဲ့ ဖီးချားဖြစ်ပြီး microphone နဲ့ ဖုန်းအဝင်ကောလ်တွေကိုပါ ပြောဆိုဖို့ သုံးနိုင်မှာ ဖြစ်တယ်။ ရှောင်းမီအနေနဲ့ ဘာနည်းပညာအသစ်မှ မပါဝင်ဘဲ သာမန်ကောင်းမွန်တဲ့ နားကြပ် တွေလိုဖြစ်တာကြောင့်ဈေးနှုန်း မတင်တာ ဖြစ်တယ် လို့ ဆိုထားပါတယ် ။

အရောင် ငါးမျိုးလာတာဖြစ် ပြီး အနက်ရောင် ၊အပြာ ရောင် ၊ ပန်းရောင် ၊ ခရမ်းရောင်နဲ့ ငွေမင်ရောင်တို့ ဖြစ်ပါတယ် ။

အားနည်းချက်အနေနဲ့အိုင်အိုအက်စ် ဖုန်းတွေမှာတော့ သုံးစွဲလို့မရဘဲ အန်းဒရွိုက် အမျိုးအစားတွေမှာသာ သုံးစွဲလို့ရ မှာ ဖြစ်ပါတယ် ။

ကြိမ်နှုန်း 20 Hz ကနေ ၂20,000 Hz ဖြစ်ပြီး အလေး ချိန် က တော့ ၁၄ ဂရမ်ရှိပါတယ် ။ တ ရုတ် နိုင်ငံမှာသာ အရင်ဖြန့်မှာ ဖြစ် ပါတယ် ။

Author မေဘယ်လ်