The Kumudra Journal

အယ်လ်ဂျီက နောက်ဆုံးထုတ်လုပ်လိုက်တဲ့ ခြင်ပြေးတီဗီ

ရန်ကုန်၊ နိုဝင်ဘာ ၅ - အယ်လ်ဂျီကုမဏီက နောက်ဆုံးထုတ်လုပ်လိုက်ပြီး မြန်မာနိုင်ငံကို ပထမဆုံးတင်သွင်းတဲ့ခြင်ပြေးတီဗီ LG LH 520 T/D ကို ဈေးကွက်မှာ ဝယ်ယူလို့ရနေပါပြီ။

သည်ခြင်ပြေးတီဗီက မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် တင်သွင်းလိုက်တဲ့တီဗီ အမျိုးအစားတစ်ခုလည်းဖြစ်ပါတယ်။ တီဗီ က Full HD (1080P) ရုပ်ထွက်ဖြစ်ပါတယ်။ IPS panel ကို သုံးထားတာဖြစ်လို့ အကြမ်းခံပြီး မြင်ကွင်းကျယ်ကျယ်နဲ့ ကြည့်နိုင်ပြီး ပိုပြီးလည်း ကြည်လင်ပြတ်သားမှာဖြစ်ပါတယ်။ 20W  Powerful Sound System နဲ့ free build in game ပေါင်းများစွာနဲ့ တီထွင်ထားတဲ့ခြင်ဖမ်းတီဗီ ဖြစ်ပါတယ်။ All round protection + ပါ ဝင်တာကြောင့် မီးအားထိန်းစက်မခံဘဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

(100~ 240 AC) အတွင်းမှာလည်း စက်ပျက်မှာ စိတ်ပူစရာမလိုတဲ့အပြင် အပူ ချိန်နဲ့ရေငွေ့ကြောင့်ဖြစ်တတ်တဲ့ပျက်စီးမှုတွေကိုလည်း ကာကွယ်ပေးမှာပါ။ Back-cover vents ဆန်ခါပါတဲ့ဒီဇိုင်းဖြစ်လို့ ဖုန် ဝင်ပြီး ပျက်စီးမှုတွေကို ကာကွယ်ပေးမှာလည်းဖြစ်ပါတယ်။

Mosquito Away Kit ကထုတ်တဲ့ Ultrasonic wave အသံလှိုင်းက လူတွေ မကြားနိုင် မမြင်နိုင်တာကြောင့် အန္တရာယ်ကင်းကင်းနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ၃၂ လက်မနဲ့ ၄၃ လက်မ နှစ်မျိုးထုတ်ထား ပြီး ၃၂ လက်မ က ကျပ် ၃၁၉,ဝ၀ဝ ဖြစ်ပြီး ၄၃ လက်မက ကျပ် ၅၅၉,ဝ၀ဝ ဖြစ်ပါ တယ်။ သည်တီဗီတွေကို ဝယ်ယူချင်ရင် ဖုန်း- ဝ၁၅၄၅၉၆၃ ကို ဆက်သွယ်ပြီး ဝယ်ယူနိုင်ပါတယ်။

Author  လိမ္မာ