အက်ပဲလ်က   Touch bar လုပ်ဆောင်ချက်ပါ မက်ဘုတ်ခ်ကို မိတ်ဆက်

ရန်ကုန် ၊ အောက်တိုဘာ ၂၉ - အက်ပဲလ်က အ သစ်ထုတ်လုပ်လိုက်တဲ့  MacBook Pro မှာ touch bar အသစ် ပါဝင်လာပြီး အသုံး ဝင်မှုရှိလာနိုင်တယ်လို့ usatoday သတင်းမှာ ဖော်ပြထားပါတယ်။

ကီးဘုတ်ရဲ့အထက်မှာ touch bar ကို ပေါင်းထည့်ထားပြီး ၁၃ လက်မနဲ့ ၁၅ လက်မမျက်နှာပြင်ကျယ်လက်ပ်တော့တွေ အတွက်ဖြစ်ပါတယ်။ touch bar က လွယ်လင့်တကူရိုက်နိုင်တဲ့ shortcut တွေပါလာပြီး ထိန်းချုပ်မှုတွေ၊ Slider နဲ့ မီနူး၊ လက်နဲ့နှိပ်နိုင်တဲ့ ခိုင်းစေမှုနဲ့ဆိုင်တဲ့ လုပ်ဆောင်ချက်တွေကို ထောက်ပံ့ပေးထားပြီး လိုအပ်သလို ဖော်လိုက် ဖျောက်လိုက် လုပ်နိုင်မှာဖြစ်ပါတယ်။ Touch bar ကီးကို tap နှိပ်ပြီးဆွဲချတာ၊ swipe လုပ် လိုက်ရင် ရလဒ်ကို MacBook Pro ရဲ့ retina မျက်နှာပြင်အပြည့်ပေါ်မှာ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်

မက်ဆေ့ခ်ျပို့တဲ့အပလီကေးရှင်းတွေကို အသုံးပြုရင် အဆိုပါ touch bar မှာ အီမိုဂျီ ရွေးချယ်တာတွေလုပ်နိုင်မှာ ဖြစ်ပါတယ်။ အင်တာနက်မှ facetimes ခေါ်ဆိုမှုတွေကိုလည်း ဖြေဆိုမှု၊ ငြင်းဆိုမှုတွေလုပ်နိုင်ပြီး ဆာဖာရီဘ ရောက်ဇာကနေ နာမည်ကြီးဝက်ဘ်ဆိုက်တွေကို အဆိုပါ ဘားကနေ ရယူ နိုင်မှာ ဖြစ်ပါတယ်။

MacBook Pro  ရဲ့ အားနည်းချက်အနေနဲ့ ယခင်ထွက်ပြီးသား Air (ဒေါ်လာ ၉၉၉ ) နဲ့ MacBook (ဒေါ်လာ ၁၂၉၉ ) လက်ပ်တော့တွေထက် ဈေးနှုန်းပိုင်းမှာ သိသိသာသာ မြင့်တက်လာတာ ဖြစ်ပါ တယ်။ ၁၃ လက်မကျယ် မော်ဒယ်အတွက် ဒေါ် လာ ၁၇၉၉ နဲ့ ၁၅ လက် မ ကျယ် မော်ဒယ်အတွက် ၂၃၉၉ ဒေါ်လာကျသင့်တာဖြစ်ပါ တယ်။ Touch bar လုပ်ဆောင်ချက်မပါ တဲ့ MacBook Proကိုလည်း ရွေးချယ်နိုင် ပြီး ဈေးနှုန်းကတော့ ၁၃ လက်မအတွက် ၁၄၉၉ ဒေါ်လာ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာကောင်းတဲ့ touch bar လုပ်ဆောင်ချက်အပြင် MacBook Pro မှာ အက်ပဲလ်ကုမဏီက touch ID အာရုံခံစနစ်ကို ထည့်သွင်းထားပြီး ဒါက လက်ဗွေရာစနစ်နဲ့ Mac ကို ဝင်ရောက်နိုင် မှာဖြစ်ပါတယ်။

အက်ပဲလ်က ယခင်မျိုးဆက်တွေထက် ပိုမိုမြန်ဆန်အောင်လုပ်နိုင်တဲ့ Quad- Core i5, i7 ပရော်ဆက်ဆာတွေ အသုံးပြု ထားတယ်လို့ ဆိုပါတယ်။

Author ကိုသက်ဖြိုး