ဝင်းဒိုးစ်တင်းန်းတွေမှာ ဒေတာသိမ်းဆည်းဖို့ နေရာအလွတ်မရှိတဲ့အခါ

ဝင်းဒိုးစ်တွေက disk cleanup ကို အခြေပြုပြီး ဖွဲ့စည်းထားတာဖြစ်တာကြောင့် နေရာလွတ်ကျန်ဖို့ disk ထဲကဖိုင်တွေကို ရှင်းပစ်ရမှာ ဖြစ်ပါတယ်။

ရန်ကုန်၊ ဇွန် ၂၄ – ဝင်းဒိုးစ်တင်းန်းဗားရှင်းပါတဲ့ ကွန်ပျူတာပီစီ သို့မဟုတ်လက်တော့ပ်တွေမှာ ဟာ့ဒ်ဒရိုက်စ်ဘယ်လောက်ပဲကြီးနေပါစေ၊ တယ်ရာဗိုက်ပမာဏ ဘယ်လောက်ရှိနေပါစေ၊ ဒေတာသိမ်းထားတာတွေ အရမ်းများပြီး ကျပ်နေရင်နေရာလွတ်မရှိတာတွေ စက်ဟန်းတတ်တာတွေ ဖြစ်တတ်ပါတယ်။

ဒါကြောင့်မိမိအနေနဲ့ စက်အတွင်းဒေတာသိမ်းရာမှာနေရာလွတ်ကျန်စေဖို့ နည်းလမ်းတွေကို Techno King ကွန်ပျူတာနဲ့ မိုဘိုင်းလ်ဆားဗစ်ဆိုင်မှ ကိုဆက်အောင်က အောက်ပါအတိုင်း ဖြေပေးထားပါတယ်။
သုံးစွဲသူတွေအနေနဲ့စက်အတွင်း သိုလှောင်မှုကန့်သတ်ခံနေရရင်အရင်ဦး ဆုံးလုပ်ဆောင်ရမှာက ဟာ့ဒ်ဝဲအပ်ဒိတ်လုပ်ရမှာဖြစ်ပါတယ်။ ဒါမှမဟုတ် raw image file တွေကိုဖျက်ပစ်ပါ။

မှတ်ချက်အနေနဲ့ စက်ဟန်းတာတွေ သို့မဟုတ် နေရာလွန်ကန့်သတ် ချက်ခံရတဲ့အခါ စက်ကို restart ချတာတွေ ခဏခဏမလုပ်ပစ်ဖို့ ကိုဆက်အောင်က အကြံပြုပါတယ်။ ဘာကြောင့်လဲဆိုတော့ ခဏခဏ လုပ်ဆောင်လို့ အခန့်မသင့်ရင်အတွင်းထဲ ကဆော့ဖ်ဝဲတွေကို error ဖြစ်တတ်တာကြောင့်လို့ သိရပါတယ်။

နောက်တစ်ချက်က စက်နေရာမလွတ်တာတွေ၊ စက်ဟန်းလာရင် သုံးစွဲသူအများစုဟာဆိုရင်items တချို့ကို ချက်ချင်းဖျက်တတ်ကြပါတယ်။ ဥပမာ ဓာတ်ပုံ၊ docum-ent စတာတွေကိုပိတ်ပေမဲ့လည်း recyclebin ထဲရောက် သွားတာကြောင့် recycle bin ထဲဝင်ပြီး delete ထပ်လုပ်ရမှာ ဖြစ်ပါတယ်။

နောက်ပြီး disk cleanup လုပ်ရပါမယ်။ ဝင်းဒိုးစ်တွေက disk cleanup ကိုအခြေပြုပြီးဖွဲ့စည်းထားတာဖြစ်တာကြောင့် နေရာလွတ်ကျန်ဖို့ disk ထဲကဖိုင်တွေကိုရှင်းပစ်ရမှာဖြစ်ပါတယ်။ ဥပမာအင်တာနက်ထဲဝင်ထားတဲ့ recent ဖိုင်တွေ၊ dump files နဲ့ ဝင်းဒိုးစ် installations လုပ်ထားတဲ့ ဖိုင်တွေကိုဖျက်ပစ်ရမှာဖြစ်တယ်။
Disk  cleanup လုပ်ဖို့  start  menu ထဲဝင်ပါ။ အက်ပ်အားလုံးအောက်က > windows administrative  tools >disk cleanup ကိုတွေ့မှာဖြစ်တယ်။ ပြီးရင် clean လုပ်ချင်တဲ့ drive ကိုရွေးပြီး clean up လုပ်ကာ Ok နှိပ်ပါ။  အဲသည်အခါ disk clean up ကနေရာလွတ်ဘယ်လောက်ကျန်တယ် ဆိုတာကိုတွက်ချက်ပြမှာဖြစ်ပါတယ်။

သုံးစွဲသူတွေအနေနဲ့ system file တွေကို ဖျက်ပစ်ချင်တယ်ဆိုရင်တော့ system file ကို clean up လုပ်လိုက်ပါ။ System  file ဆိုတာက ဝင်းဒိုးစ်အဟောင်းဖိုင်တွေဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ disk ကို running မလုပ်ထားတဲ့ ဒေါင်းလုပ်ဒ် ဆွဲထားတဲ့ ဖိုင်တွေကိုဖျက်ပစ်ရပါမယ်။

ဥပမာ  whatsapp လိုအက်ပ်တွေ၊ ဆော့ဖ်ဝဲတွေဒေါင်းထားတဲ့အခါယာယီ လိုမျိုး temporary file တွေကျန်နေတတ်ပါတယ်။ အဲသည်ဖိုင်တွေ ကလည်းစက်အတွင်းနေရာတော်တော်များများယူထားတာကြောင့် ဖျက်သင့်ပါတယ်။
ဖျက်ပစ်ဖို့   ettings ထဲက systemထဲ ဝင်ပြီး ဘယ်ဘက်နားက storage ကိုနှိပ်ပါ။ စက်ရဲ့ထိပ်ပိုင်းမှာ temporary filesဆို တဲ့ စာရင်း တွေတွေ့ရပါလိမ့်မယ်။  အဲသည်မှာ ဘောက်စ်ထဲက temporary filesနဲ့ဒေါင်းလုပ်ဒ်ဆွဲထားတဲ့ downloads folder ကိုတွေ့ရင်နှိပ်ပြီး remove လုပ်ပါ။

နောက်တစ်နည်းကတော့အရေးမကြီးတဲ့ အက်ပ်တွေကို uninstall လုပ်ပါ။ Settings menu ထဲဝင်ပြီး system > apps&  features နဲ့ sort by  size ကိုရွေးပါ။ Menu ထဲက အက်ပ်တွေuninstall လုပ်ဖို့အက်ပ်တွေကို ရွေးပြီး Uninstall ဆိုတာကို နှိပ်ပါ။

နောက်ပြီး ဝင်းဒိုးစ်တင်န်းရဲ့ deault အက်ပ်တွေဖြစ်တဲ့ မြေပုံအက်ပ်၊ one  note အက်ပ်နဲ့ photos အက်ပ်တွေကိုမလိုအပ်ရင် ဒေါင်းလုပ်ဒ်မဆွဲပါနဲ့။ ဒေတာဆိုက်ကြီးတဲ့ အက်ပ်တွေကနေရာပိုယူတာကြောင့်ဖြစ်ပါတယ်။
နောက်တစ်နည်းကတော့ ဖိုင်နဲ့ဒေတာအများစုကို ကလောက်ဒ်(cloud)ထဲ မှာသိမ်းဆည်းပါ။ Cloud က အင်တာနက်ဒေတာသိုလှောင်မှုရဲ့ နေရာ အနေအထားကို ရည်ညွှန်းတာဖြစ်ပါတယ်။ သူက ဖုန်း၊ ကွန်ပျူတာစတဲ့ စက်ပစ္စည်းထဲက ဒေတာမှန်သမျှကို အချိန်မရွေးလက်ခံပြီးသိမ်းဆည်းပေးထားတာ ဖြစ်ပါတယ်။ ကလောက်ဒ်ထဲမှာ အကန့်အသတ်မရှိ မိမိရဲ့ဖိုင်တွေကို back up အနေနဲ့ သိမ်းဆည်းထားလိုက်ရင် စက်အတွင်းနေရာလွတ်ကျန်နေမှာဖြစ်ပါတယ်။

Author –  မေဘယ်လ်