လုပ်ငန်းသုံးအတွက် ထုတ်လုပ်ထားတဲ့ လီနိုဗို တက်ဘလက် မတ်လမှာ ဖြန့်ချိမည်

ရန်ကုန်၊ ဇန်နဝါရီ ၁ - လီနိုဗိုကုမဏီက လုပ်ငန်းသုံးတွေအတွက် ထုတ်လုပ်ထားတဲ့ တက်ဘလက်အသစ်ကို အခုနှစ် ၂၀၁၇ မတ်လမှာ စတင်ဖြန့်ချိမှာဖြစ်တယ်လို့ သိ ရပါတယ်။

ဖီ်းချားအသစ်အနေနဲ့ အရင်ကမော်ဒယ်တွေထက်ပိုသာတဲ့ လက်ဗွေရာစနစ် (fingerprint) ပါဝင်မယ့်အပြင် IR camera ပါ ပါဝင်လာတာဖြစ်ပါတယ်။

အခုထွက်ရှိမယ့် ထုတ်ကုန်အသစ်က လည်း အရင် Yoga ပုံစံတွေလိုပဲ ၃၆၀ ဒီဂရီခေါက်သုံးလို့ရမှာဖြစ်ပါတယ်။ တက် ဘလက်နဲ့ လက်ပ်တော့ ပုံစံနှစ်မျိုးသုံးနိုင် မှာ ဖြစ်ပါတယ်။ ဖီးချား နဲ့  အတွင်းထဲရှိ ဒီဇိုင်းတွေက အရင်ထွက်ရှိခဲ့တဲ့ မော်ဒယ်တွေထက် ပိုပြီးကောင်းမွန်မှာဖြစ်ပါ တယ် လို့ လီနိုဗို က ကြေညာထားပါတယ်။

လုပ်ငန်းသုံးတွေအတွက် အသုံးဝင်မယ့် ဆော့ဖ်ဝဲတွေ၊ ဖိုတိုရှော့၊ ဂရပ်ဖစ်၊ ပရိုဂရမ်မင်းတွေကိုပါ နည်းစနစ်အမြင့်နဲ့ ထည့်သွင်းထားမှာဖြစ်တယ်လို့သိရပါ တယ်။

မော်ဒယ်နံပါတ်ကတော့  Lenovo Think Pad Yoga 370 2- in -1 ဖြစ်ပါ တယ်။ မျက်နှာပြင် ၁၃့  ၃ လက်မရှိပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၁၂၆၅ သတ် မှတ်ထားတာဖြစ်ပါတယ်။ T 460 က နေ အပ်ဒိတ်လုပ်ထားပြီး မမ်မိုရီကတော့ 1 TB ပါဝင်ပါတယ်။

Author  မေဘယ်လ်