The Kumudra Journal

မိုက်ခရိုဆော့ဖ် ထုတ်ကုန်သစ် ဆာဖေ့စ်ဘုတ်ခ် အိုင်ဆဲဗင်း

ရန်ကုန်၊ နိုဝင်ဘာ ၁၅- မိုက်ခရိုဆော့ဖ် ရဲ့ ထုတ်ကုန်အသစ်ဖြစ်တဲ့ ဆာဖေ့စ်ဘုတ်ခ်  i7 ရဲ့ ဖီးချားတွေကို ဖော်ပြလိုက်ပါတယ်။

အရင်ဗားရှင်းတွေထက် ဂရပ်ဖစ်နဲ့ ဘက်ထရီသက်တမ်း  လုပ်ဆောင်ချက်တွေ မြန်ဆန်လာတယ်။ နောက်ပြီး ကြွပ်ဆတ်ဆတ် ဒီဇိုင်း ဖန်တီးထားပြီး ငွေမင်ရောင် သတ္တူကိုယ်ထည်နဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။

ဘက်ထရီသက်တမ်းကို နောက်ဆုံး ၂၀၁၆ ဗားရှင်းထည့်သွင်းထားတာ ဖြစ်ပါတယ်။  အား နည်းချက် အနေနဲ့ အရင်ဗားရှင်းတွေထက် အနည်းငယ်ထူပြီးလေးမှာ ဖြစ်ပါတယ်။

မိုက်ခရိုဆော့ဖ်ရဲ့ ပထမဆုံး နုတ်ဘုတ်ခ် သို့မဟုတ် လက်တော့ပ်ဖြစ်တဲ့ surface Book i7 ဟာ ဆိုရင် လုပ်ဆောင်ချက်တွေ မြှင့်ထားတာ ဖြစ်ပါတယ်။တာ့ခ်ျစခရင် လို အသုံးပြုမယ်ဆိုပါက ကီး ဘုတ်ကို ဖြုတ်ပြီး အသုံးပြုနိုင်ပါ တယ်။အက်ပဲလ်  မက်ဘုတ်ပရိုနဲ့ ဒီဇိုင်းဆင်ပေမဲ့ အက်ပဲလ်ထက် ပို ပြီး  သုံးစွဲရလွယ်ကူမှာ ဖြစ်ပါတယ်။

တာ့ခ်ျဘောလ်ပင်လို့ ခေါ်တဲ့ surface pen ပါဝင်တာကြောင့် လုပ်ငန်းပိုင်ဆိုင်ရာတွေအတွက် အသုံးဝင်ပြီး  ဂရပ်ဖစ်ဒီဇိုင်း သမားတွေနဲ့ ခဲခြစ်ကာတွန်း  အက်ပ်တွေ ရေးဆွဲရာမှာ အထောက်အကူဖြစ် ပါတယ်။ ဂရပ်ဖစ်ဂိမ်းတွေနဲ့ အက်ပ်တွေကိုလည်း လွယ်ကူစွာ ဒိတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။

ကိုယ်ထည်တစ်ခုလုံး ရဲ့ ထု ထည်မှာ ၁၃ မီလီမီတာ နဲ့ ရှေ့မျက် နှာပြင်ပါ ၂၂.၈ မီလီမီတာ ထူပါ တယ်။  အလေးချိန် မှာ ၃့၆၂ ပေါင် ရှိပါတယ်။ မျက်နှာပြင် ၁၃.၅ လက်မ ဖြစ်ပြီး ၃၀ဝ၀ x ၂၀ဝ၀ ပီဇယ် ဖြစ်ပါတယ်။

အင်တယ်ကိုး i7 ပရော်ဆက်ဆာ ဖြစ်တာကြောင့် ဝင်းဒိုးစ်စက်ပိုင်းဆိုင်ရာ အသစ်ဖြစ်လာမှာပါ။ အရင်ဗားရှင်းတွေထက် ပိုပြီး မြန် ဆန်၊ ပိုပြီး မာကျောလာမှာ ဖြစ်ပါတယ်။ ဝင်းဒိုးစ်တင်းန်ပရို(64 bit) ဖြစ်ပြီး 2.6 GHz အင်တယ်ကိုး i7 နဲ့  မမ်မိုရီ 16  GB ပါဝင်ပါတယ်။  ဈေးနှုန်းကတော့ ဒေါ်လာ ၂၃၉၉ ဖြစ်ပါတယ်။

Author မေဘယ်လ်