The Kumudra Journal

ဒီဇိုင်းအသစ်နဲ့ Dell ရဲ့ လက်ပ်တော့သစ်

ရန်ကုန်၊ ဇန်နဝါရီ ၃ - ဒီဇိုင်းရိုးရိုးကြီးနဲ့ လာတဲ့ Dell ကုမဏီထုတ် လက်ပ်တော့တွေထဲမှာ ၂၀၁၇ အတွက် ထွက်ရှိမယ့် လက်ပ်တော့အသစ် ဟာဆိုရင် ဒီဇိုင်းအဆန်းနဲ့ လာမှာ ဖြစ်ပါတယ်။

အရင်ကထက်ပို ပါးလွှာ ပြီး လက်ပ်တော့ကို အပြားလိုက် ဖြန့် ပြီး ဖြစ်စေ၊ ပြောင်းပြန်ခေါက်ပြီး ဖြစ်စေ ၃၆၀ ပတ်ပတ်လည် ဆန့် ထားလို့ရတဲ့ ဒီဇိုင်းဖြစ်ပါတယ်။ မော်ဒယ်ကတော့ Dell’s Flips XPS 123 hybird ဖြစ်ပါတယ်။

မျက်နှာပြင်အလျား၊ အနံ ၁၃ လက်မနဲ့ ၁၅ လက်မ အကျယ် ဖြစ် ပါတယ်။ လက်ပ်တော့ကို အင်တယ်လ် Core i5 နဲိ့ i 7 Y- series low – voltage processors ဖြစ်ပြီး စခရင်မျက် နှာပြင်မှန်ကို စမတ်ဖုန်းတွေမှာ အသုံးပြုတဲ့ အကြမ်းခံ Gorilla Glass ကို သုံးထားတာ ဖြစ်ပါတယ်။

ဗီဒီယိုတွေကို full HD နဲ့ 3200×1 800- pixel-resolution ဗားရှင်းထည့်သွင်းထားတာဖြစ်ပါ တယ်။ ကင်မရာ webcam မှာ  နှစ် စုံပါဝင်ပြီး လက်ဗွေရာစနစ် fingerprint reader ပါဝင်တာဖြစ်ပါ တယ်။ ဂရက်ဖစ် 1050 graphics chip ဖြစ်ပါတယ်။ အရောင်ကတော့ အမည်းနဲ့ မီးခိုးရင့်ရောင် ဖြစ်ပါတယ်။

ဈေးနှုန်းက ၉၉၉ ဒေါ်လာ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ အနောက်နိုင်ငံမှာပဲ စတင်ဖြန့်ချိနေပေမဲ့ အာရှနဲ့ နိုင်ငံ တချို့ကိုတော့ မကြာ ခင် လပိုင်းမှာ ဖြန့်ချိ ဖို့ရှိ ကြောင်း သိရပါတယ်။

 

Author မေဘယ်လ်