The Kumudra Journal

မြစ်ချောင်းကူးရတဲ့ ကျောင်းသားတွေကို အသက်ကယ်အင်္ကျီထပ်မံထောက်ပံ့ပေးမည်

မန္တလေး၊ ဩဂုတ် – ၃၁ မြစ်၊ ချောင်းကူးပြီးကျောင်းလာတက်ရတဲ့ ကျောင်းသား ကျောင်းသူတွေအတွက် အသက်ကယ်အင်္ကျီတွေ ထပ်မံထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။ စက်လှေစီးကာ ကျောင်းတက်ရတဲ့ ကျောင်းသား ကျောင်းသူတွေအတွက် အသက်ကယ် အင်္ကျီအထည် ၁၀ဝကို ပညာရေးဝန်ကြီးဌာနက ထောက်ပံ့ပေးမှာဖြစ်ပါတယ်။

လှိုင်သိုလှောင်ရုံကနေ ဒီနေ့ (ဩဂုတ် ၃၁)သွားထုတ်နေပြီ၊ တစ်ခါတည်းပေးမှာလား၊ အရေးပေါ်ကျမှပေးမှာလားဆိုတာတော့ မသိရသေးဘူးလို့ မန္တလေးတိုင်းပညာရေးမှူးရုံး၊ ဒုညွှန်ကြားရေး မှူး ဦးခင်မောင်မြင့် (စီမံ)ကပြောပါ တယ်။

မတ္တရာ၊ ပုသိမ်ကြီးမြို့နယ်တွေကနေ မန္တလေးမြို့ပေါ်ကို စက်လှေနဲ့ကျောင်းတက်ရတဲ့ ကျောင်းသားကျောင်းသူ ၆၀ဝဦးခန့်ရှိတယ်လို့ သိရပါတယ်။ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်ရှိ  အထက(ခွဲ)၊ အလက(၁၉)မှာ ယာယီပြောင်းရွှေ့စာသင်ကြားနေရတဲ့  ကျောင်း သားကျောင်းသူတွေအတွက် အသက်ကယ်အင်္ကျီ၁၀၅ထည်ကို အခုလဆန်းပိုင်းက ထောက်ပံ့ပေးပြီးဖြစ်ပါတယ်။

 

Author – အေးစုမွန်