The Kumudra Journal

လူမှုအသင်းအဖွဲ့ နှစ်စဉ်ကြေး ထက်ဝက်လျှော့ချမည်

မန္တလေး၊ မေ ၂၅ – လူမှုအသင်းအဖွဲ့ တွေ စည်ပင်ကို ပေးဆောင်ကြရ တဲ့ နှစ်စဉ်ကြေးငွေကျပ် ၃၀,ဝ၀ဝ  ကို ဇွန်၁ရက်က စတင်ပြီး လျှော့ချ ကောက်ခံမယ်လို့ မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မတီက သိရပါတယ်။

လူမှုအသင်းအဖွဲ့တွေအနေနဲ့ နှစ်စဉ်ကြေးအဖြစ် ဇွန်လ ၁ ရက် နေ့ကစပြီး ကျပ် ၁၅,ဝ၀ဝ သာ ပေး သွင်းရတော့ မှာပါ။

‘စည်ပင်အနေနဲ့ကတော့ ဆိုင်းဘုတ်တင်တဲ့ လုပ်ငန်းမှန်သမျှ ပိုက်ဆံကောက်တယ်၊ အခု က အသင်းအဖွဲ့တွေ တောင်းဆိုလို့ လျှော့ပေးလိုက်တယ်၊ ဇွန်လ ၁ ရက်ကစပြီး အသက်ဝင်မယ်’လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောပါ တယ်။
သည်နေ့မနက်ပိုင်းက မန္တ လေးတိုင်းဝန်ကြီးချုပ်နဲ့ လူမှုအ သင်းအဖွဲ့တွေ မြို့တော်ခန်းမမှာ တွေ့ဆုံ တောင်းဆိုကြတာပါ။

ခေမဏီ