မန်းမှာ အားကစားရုံတစ်ခု စတင်အကောင်အထည် ဖော်နေ

မန္တလေး၊ အောက်တိုဘာ ၉ – မန္တလာ သီရိအားက စားကွင်းမှာ အားကစားနည်းမျိုးစုံ ကစားလို့ရတဲ့ အားကစားရုံတစ်ခု စတင်အကောင်အထည်ဖော်နေပြီ လို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။
အခုလ ၈ ရက်က ရိုးရာလှေ၊ အပြည်ပြည်ဆိုင်ရာ ကနူး၊  ကယက်လှေပြိုင်ပွဲမှာ ပြောတာပါ။

မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ‘နိုင်ငံတကာ  ပြိုင်ပွဲတွေကို မန္တလေးလူထုကြည့်စေချင်ပြီ၊ အခု အားကစားနည်း အကုန်လုံးကစားလို့ ရတဲ့  အားကစားရုံကြီးတစ်ခု ဒီနှစ်ကစပြီး  အကောင်အထည်ဖော်နေပြီ”လို့ ဆိုပါတယ်။

သည်အားကစား ရုံကြီးမှာ ကြက်တောင်၊ ဘော်လီဘောစတဲ့ အားကစားနည်းတွေလည်း ပါဝင် ကစားနိုင်မှာ  ဖြစ်ပါတယ်။

Author အိမို့မို့ခိုင်