Razer ကုမ္ပဏီရဲ့ ကမ္ဘာ့ပထမဆုံး မျက်နှာပြင်သုံးခုနဲ့ လက်ပ်တော့ကွန်ပျူတာ နမူနာတွေ ပြပွဲမှာအခိုးခံရ

Razer ကုမ္ပဏီရဲ့ ကမ္ဘာ့ပထမဆုံး မျက်နှာပြင်သုံးခုနဲ့ လက်ပ်တော့ကွန်ပျူတာ နမူနာတွေ ပြပွဲမှာအခိုးခံရ

ဇန်နဝါရီ -၁၀- လာ့စ်ဗီးဂတ်စ်မြို့မှာကျင်းပတဲ့ Consumer Electronics Show (CES) 2017 လျှပ်စစ်ပစ္စည်းအရောင်းပြပွဲမှာ နမူနာပြသထားတဲ့ Razer ကုမ္ပဏီရဲ့ကွန်ပျူတာအမျိုးအစားသစ် နှစ်လုံး
အခိုးခံခဲ့ရတယ်လို့ သိရပါတယ်။
အခိုးခံရတဲ့ အမျိုးအစားဟာ ကမ္ဘာ့ပထမဆုံး မျက်နှာပြင်သုံးခုပါ လက်ပ်တော့ကွန်ပျူတာ လို့ Razer ကခေါ်ဆိုတဲ့ Project Valerie တွေဖြစ်တယ်လို့ ကုမ္ပဏီရဲ့တည်ထောင်သူ စီအီးအို တန်မင်းလျန်
က တနင်္လာနေ့မှာပြောပါတယ်။
“ ကျွန်တော်တို့ လိုအပ်တဲ့အချက်အလက်တွေနဲ့တိုင်ကြားထားပြီးပါပြီ။ အခု ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ ပြပွဲစီမံသူတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေပါတယ်” လို့ သူကဖေ့စ်ဘုတ်မှာ ရေးသားခဲ့ပါ တယ်။
ကနဦးထုတ်လုပ်မှုပုံစံ နမူနာအလုံးတွေဖြစ်တဲ့ သည်ကွန်ပျူတာတွေကို တနင်္ဂနွေနေ့ ညနေ ၄ နာရီခန့် မှာ Razer ရဲ့ သတင်းခန်းမကနေ ယူလာခဲ့တာဖြစ်တယ်လို့ သူကဆိုပါတယ်။
သည်ခိုးယူမှုဟာ ပြိုင်ဘက်ကုမ္ပဏီတွေဆီက သူလျှိုရှိနေခဲ့တာကြောင့်ဖြစ်လာခဲ့တာမျိုး ဖြစ်နိုင်ခြေ ရှိမရှိကိုတော့ သူက မပြောခဲ့ပါဘူး။
ခိုးယူသွားသူရဲ့အကြောင်းအရာနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေပေးနိုင်ရင် ၊ တရားခံကို ဖမ်းပေးနိုင်ရင် ဆုကြေးအမေရိကန်ဒေါ်လာ ၂၅၀၀၀ ပေးမယ်လို့ တန်က ပြောထားပါတယ်။
Ref: CNA, Jan-10, 2017
YSD