The Kumudra Journal

အကြမ်းဖက်တိုက်ခိုက်မှု ကောလာဟလ မဖြန့်ဖို့ စင်ကာပူရဲတွေ သတိပေး

စင်ကာပူ၊ ဒီဇင်ဘာ ၇ - ဒီဇင်ဘာလအတွင်း အော့ခတ်လမ်းမကြီးနဲ့ VivoCity  ဈေးဝယ်စင်တာလိုနေရာတွေမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်ဆောင်နိုင်တယ်ဆိုတဲ့ ကောလာဟလဖြန့်တာတွေနဲ့ပတ် သက်ပြီး အင်္ဂါနေ့က စင်ကာပူရဲ တပ်ဖွဲ့က ဖေ့စ်ဘုတ်ခ်စာမျက်နှာကနေ သတိပေးချက်တစ်ခု ရေးသားဖော်ပြခဲ့ပါတယ်။
Whatsapp သည်ကောလာဟလသတင်းတွေပြန့်ခဲ့ပြီးတဲ့နောက် အခုလိုသတိပေးချက်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဖြန့်ဝေခဲ့တဲ့ကောလာဟလတွေထဲမှာ အော့ခတ်လမ်းမကြီး လိုမျိုး နာမည်ကြီးဈေးဝယ်စင်တာတွေရှိတဲ့ နေရာမျိုးဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ပစ်မှတ်ဖြစ် လာနိုင်တယ်လို့ ရေးသားထားပြီး  ပြည်သူတွေအနေနဲ့ သည်သတိ ပေးချက်ကို မိတ်တွေတွေဆီ ပြန်လည်ဖြန့်ဝေကြဖို့လည်း တိုက်တွန်းထားတယ်လို့ဆိုပါတယ်။
သည်သတင်းဟာ အများပြည်သူကို အထိတ်တလန့်ဖြစ်စေနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ အထောက်အထားမခိုင်လုံတဲ့သတင်းတွေကို မဖြန့်ကြဖို့ ရဲတပ်ဖွဲ့ ကသတိပေးပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ ရဲတပ်ဖွဲ့က ပြည်သူတွေသတိရှိရှိနေကြဖို့နဲ့ သံသယဖြစ်စရာလုပ်ဆောင်မှု၊ လူနဲ့ အရာ ဝတ္ထုတစ်ခုခုကိုတွေ့ရှိတဲ့အခါမျိုး မှာ ရဲတပ်ဖွဲ့ကို အကြောင်းကြားပေးကြဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

မအေးသီမွန်
[ref: TST , Dec 7, 2016.]