The Kumudra Journal

ဘူရွန်ဒီ သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီး လုပ်ကြံခံရ

သည်လုပ်ကြံမှုဟာ ပထမဆုံးအကြိမ် အစိုးရဝန်ကြီးတစ်ဦး လုပ်ကြံခံရမှု ဖြစ်ပါတယ်။

 

ဇန်နဝါရီ ၁ – ဘူရွန်ဒီနိုင်ငံရဲ့ သဘာဝပတ် ဝန်းကျင်ရေးရာဝန်ကြီးဟာ တနင်္ဂနွေနေ့ မနက်အစောပိုင်းက မြို့တော်ဘူဂျမ် ဘူရာမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
သည်လုပ်ကြံမှုဟာ ၂၀၁၅ မှာ  နိုင်ငံရေးဆူပူအုံကြွမှုအခြေအနေ စဖြစ်ခဲ့ပြီး နောက် ပထမဆုံးအကြိမ် အစိုးရဝန်ကြီးတစ်ဦး လုပ်ကြံခံရမှု ဖြစ်ပါတယ်။

အသက် ၅၄ နှစ်အရွယ် နိုင်ငံရဲ့ ရေ၊ သဘာဝပတ်ဝန်းကျင်နဲ့ စီမံကိန်းဝန်ကြီး အီမန်နျူယက်နိုင်ယွန်ကူရူဟာ သန်းခေါင်ကျော်အချိန်မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရ တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ပြောခွင့်ရအရာရှိ ပီရဲကူရီကီယီက တွစ်တာမှာ ပြောကြားခဲ့ ပါတယ်။

အခုသတ်ဖြတ်ခံရမှုဟာ ၂၀၁၅ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ သမ္မတပီရဲကူရွန်ဇိုင်ဇာရဲ့ အငြင်းပွားဖွယ်သမ္မတ တတိယသက်တမ်း ကြိုးပမ်းမှုနဲ့ ပတ်သက်ပြီး နိုင်ငံရေးမတည် မငြိမ်မှု စတင်ပေါ်ပေါက်ချိန်နောက်ပိုင်း ပထမဆုံးအကြိမ် အစိုးရဝန်ကြီး လုပ်ကြံ  သတ်ဖြတ်ခံရမှုဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်၊ ဧပြီလက စတင်ခဲ့တဲ့ မငြိမ်မသက်မှုတွေအတွင်း လူ ၅၀ဝ ထက် မနည်း သေဆုံးခဲ့သလို ပြည်သူ ၃၀ဝ,ဝ၀ဝ  နိုင်ငံစွန့်ခွာထွက်ပြေးခဲ့ကြပါတယ်။

မအေးသီမွန်
[ref: AFP , Jan 1, 2017.]